Wednesday, December 04, 2019

ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆောင်ရွက်မည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်း(၁၁)ခုကို အတည်ပြုပေး

Image may contain: 1 person, sitting and indoor
ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ အစည်းအဝေးအမှတ်စဉ်(၂၀/၂၀၁၉)တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်း (၁၁)ခုကို အတည်ပြုပေးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က သတင်းထုတ်ပြန်သည်။

ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း က မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့်အညီ ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆောင်ရွက်မည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်း(၁၁)ခုကို အတည်ပြုပေးခဲ့ခြင်းဖြစ်ပြီး၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏ မတည်ငွေရင်း ပမာဏစုစုပေါင်းမှာ အမေရိကန်ဒေါ်လာ ၁၇.၄၇၅ သန်းဖြစ်ပြီး ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်း (၇၃၂၉)ဦးအတွက် ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ အစည်းအဝေးသို့ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် စွမ်းအင်ဝန်ကြီး ဦးဟံထွန်း၊ ကရင်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး နော်ပန်းသဥ္ဇာမျိုး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ အတွင်းရေးမှူး ဦးမျိုးအောင်ဌေးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြ သည်။
The Ladies News
ရန္ကုန္တိုင္းေဒသႀကီးအတြင္း ေဆာင္ရြက္မည့္ နိုင္ငံျခားရင္းႏွီးျမႇုပ္ႏွံမႈ လုပ္ငန္း(၁၁)ခုကို အတည္ျပဳေပး
--- --- ---

ရန္ကုန္တိုင္းေဒသႀကီး ရင္းႏွီးျမႇုပ္ႏွံမႈေကာ္မတီ၏ အစည္း အေဝးအမွတ္စဥ္ (၂၀/၂၀၁၉) တြင္ နိုင္ငံျခားရင္းႏွီးျမႇုပ္ႏွံမႈ လုပ္ငန္း(၁၁)ခုကို အတည္ျပဳေပးခဲ့ေၾကာင္း ရန္ကုန္တိုင္းေဒသႀကီး အစိုးရအဖြဲ႕က သတင္းထုတ္ျပန္သည္။
ရန္ကုန္တိုင္းေဒသႀကီး ရင္းႏွီးျမႇုပ္ႏွံမႈေကာ္မတီ ဥကၠ႒၊ တိုင္းေဒသႀကီး အစိုးရအဖြဲ႕၊ ဝန္ႀကီးခ်ဳပ္ဦးၿဖိဳးမင္းသိန္း က ျမန္မာနိုင္ငံ ရင္းႏွီးျမႇုပ္ႏွံမႈ ဥပေဒႏွင့္အညီ ရန္ကုန္တိုင္းေဒသႀကီးအတြင္း ေဆာင္ရြက္မည့္ နိုင္ငံျခားရင္းႏွီးျမႇုပ္ႏွံမႈ လုပ္ငန္း(၁၁)ခုကို အတည္ျပဳေပးခဲ့ျခင္းျဖစ္ၿပီး၊ နိုင္ငံျခားရင္းႏွီးျမႇုပ္ႏွံမႈလုပ္ငန္းမ်ား၏ မတည္ေငြရင္း ပမာဏစုစုေပါင္းမွာ အေမရိကန္ေဒၚလာ ၁၇.၄၇၅ သန္းျဖစ္ၿပီး ျပည္တြင္းအလုပ္အကိုင္ အခြင့္အလမ္း (၇၃၂၉)ဦးအတြက္ ဖန္တီးေပးနိုင္မည္ျဖစ္ေၾကာင္း သိရသည္။
အဆိုပါ အစည္းအေဝးသို႔ စိုက္ပ်ိဳးေရး၊ ေမြးျမဴေရး၊ သစ္ေတာႏွင့္ စြမ္းအင္ဝန္ႀကီး ဦးဟံထြန္း၊ ကရင္တိုင္းရင္းသား လူမ်ိဳးေရးရာဝန္ႀကီး ေနာ္ပန္းသဥၨာမ်ိဳး၊ တိုင္းေဒသႀကီးအစိုးရအဖြဲ႕၊ အတြင္းေရးမႉး ဦးမ်ိဳးေအာင္ေဌးႏွင့္ ဌာနဆိုင္ရာ တာဝန္ရွိသူမ်ား တက္ေရာက္ခဲ့ၾက သည္။
The Ladies News

No comments:

Post a Comment

My Blog List