Friday, December 06, 2019

ပလက်ဝနှင့် တောင်ပြိုသို့ပြေးဆွဲနေသည့် ခရီးသည်တင်စက်လှေကို AA အဖွဲ့က နာရီအနည်းငယ်ကြာ ဖမ်းဆီးထိန်းသိမ်း


ချင်းပြည်နယ်အတွင်းရှိ ပလက်ဝမြို့နှင့် ကုလားတန်မြစ်အထက်ပိုင်းရှိ တောင်ပြိုရွာသို့ ပြေးဆွဲနေသည့် ခရီးသည်တင် စက်လှေအား AA အဖွဲ့က ဒီဇင်ဘာလ ၅ ရက်နေ့တွင် နာရီအနည်းငယ်ကြာ ဖမ်းဆီးထိန်းသိမ်း ထားပြီးနောက် ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။

စစ်ရေးအခြေအနေအရ သတင်းပေါက်ကြားမည် ဆိုးသည့်အတွက် AA အဖွဲ့က ခရီးသည်တင် စက်လှေအား ခေတ္တ ထိန်းသိမ်းထားပြီး ညနပိုင်းတွင် ပြန်လွှတ်ပေးခဲ့သည်ဟု ချင်းလူ့အခွင့်အရေး အဖွဲ့မှ ကိုဆလိုင်းတေရက The Ladies News သို့ပြောကြားသည်။
`မနေ့က ခဏပဲထိန်းထားတယ်။ စစ်ရေးအခြေအနေကြောင့် သတင်းပေါက်မှာ ဆိုးလို့တဲ့။ ညနပိုင်းမှာတော့ ပြန်လွှတ်တယ်လို့ ကျွန်တော်ကြားရတယ်` ဟု ၎င်းကဆိုသည်။
ဘာကြောင့် ဖမ်းဆီးထိန်းသိမ်းသလဲ ဆိုတာနှင့် ပတ်သက်ပြီး AA အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခထံသို့ ဆက်သွယ် မေးမြန်းသော်လည်း ဆက်သွယ်၍ မရပါ။
AA သည် ပလက်ဝမြို့နယ်မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဝှေ့တင်းကို ဖမ်းဆီးထိန်းသိမ်းထားသည်မှာ ၁ လ ကျော် ကြာပြီဖြစ်သည်။ ထို့အပြင် အခြားဒေသခံများကိုလည်း ဖမ်းဆီး ထိန်းသိမ်း ထားသေးကြောင်း ချင်းပြည်နယ် အစိုးရအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူက The Ladies News သို့ပြောကြားသည်။
လက်ရှိအခြေအနေတွင် တပ်မတော်နှင့် AA တို့ စစ်ရေးတင်မာမှုများ ဖြစ်ပွားနေသော ပလက်ဝမြို့နယ်တွင် ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသည်။
အောင်ရဲနောင်
The Ladies News

ပလက်ဝနှင့် တောင်ပြိုသို့ပြေးဆွဲနေသည့် ခရီးသည်တင်စက်လှေကို AA အဖွဲ့က နာရီအနည်းငယ်ကြာ ဖမ်းဆီးထိန်းသိမ်း
--- --- ---

ချင်းပြည်နယ်အတွင်းရှိ ပလက်ဝမြို့နှင့် ကုလားတန်မြစ်အထက်ပိုင်းရှိ တောင်ပြိုရွာသို့ ပြေးဆွဲနေသည့် ခရီးသည်တင် စက်လှေအား AA အဖွဲ့က ဒီဇင်ဘာလ ၅ ရက်နေ့တွင် နာရီအနည်းငယ်ကြာ ဖမ်းဆီးထိန်းသိမ်း ထားပြီးနောက် ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။
စစ်ရေးအခြေအနေအရ သတင်းပေါက်ကြားမည် ဆိုးသည့်အတွက် AA အဖွဲ့က ခရီးသည်တင် စက်လှေအား ခေတ္တ ထိန်းသိမ်းထားပြီး ညနပိုင်းတွင် ပြန်လွှတ်ပေးခဲ့သည်ဟု ချင်းလူ့အခွင့်အရေး အဖွဲ့မှ ကိုဆလိုင်းတေရက The Ladies News သို့ပြောကြားသည်။
`မနေ့က ခဏပဲထိန်းထားတယ်။ စစ်ရေးအခြေအနေကြောင့် သတင်းပေါက်မှာ ဆိုးလိ်ု့တဲ့။ ညနပိုင်းမှာတော့ ပြန်လွှတ်တယ်လို့ ကျွန်တော်ကြားရတယ်` ဟု ၄င်းကဆိုသည်။
ဘာကြောင့် ဖမ်းဆီးထိန်းသိမ်းသလဲ ဆိုတာနှင့် ပတ်သက်ပြီး AA အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခထံသို့ ဆက်သွယ် မေးမြန်းသော်လည်း ဆက်သွယ်၍ မရပါ။
AA သည် ပလက်ဝမြို့နယ်မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဝှေ့တင်းကို ဖမ်းဆီးထိန်းသိမ်းထားသည်မှာ ၁ လ ကျော် ကြာပြီဖြစ်သည်။ ထို့အပြင် အခြားဒေသခံများကိုလည်း ဖမ်းဆီး ထိန်းသိမ်း ထားသေးကြောင်း ချင်းပြည်နယ် အစိုးရအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူက The Ladies News သို့ပြောကြားသည်။
လက်ရှိအခြေအနေတွင် တပ်မတော်နှင့် AA တို့ စစ်ရေးတင်မာမှုများ ဖြစ်ပွားနေသော ပလက်ဝမြို့နယ်တွင် ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသည်။
အောင်ရဲနောင်
The Ladies News

No comments:

Post a Comment

My Blog List