Friday, December 06, 2019

ကျောက်တော်မြို့ပေါ်တွင် ပေါက်ကွဲမှုနှင့်ပစ်ခတ်မှုဖြစ်ပွား


No photo description available.
ရခိုင်ပြည်နယ် ကျောက်တော်မြို့ပေါ်က ရွှေကျောင်းဘုန်းတော်ကြီးကျောင်းအနီးမှာ ဒီဇင်ဘာ(၆)ရက် မနက်(၉) နာရီခန့်က ပေါက်ကွဲမှုနဲ့ ပစ်ခတ်မှုတွေဖြစ်ပွားခဲ့တယ်လို့ ကျောက်တော်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်ကအတည်ပြုပြောပါတယ်။ အဲဒီပေါက်ကွဲမှုဖြစ်ပွားပြီးနောက် သေနတ်သံ တွေကြားရကာ ကလေးတစ်ဦးထိခိုက်ဒဏ်ရာရရှိပြီး ကျောက်တော်ဆေးရုံးမှာသေဆုံးတာကြားတယ်လို့ ဦိးမောင်မောင်ကပြောပါတယ်။ 
လက်ရှိကျောက်တော်မြို့ပေါ်အခြေအနေနဲ့ပတ်သက်ပြီး ဒေသခံ ဦးဇော်ဝင်းကို ဖုန်းနဲ့ ဆက်သွယ်မေးမြန်ခဲ့ရာမှာတော့ လူတွေကြောက်ရွံ့စိုးရိမ်နေပြီး ဈေးတွေကျောင်းတွေပိတ်ထားတယ်လို့ ပြောပါတယ်။ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်က ပြောရေးဆိုခွင့်ရှိသူ ပထမတန်း စစ်ဦိးစီး ဗိုလ်မှူးကြီး ဝင်ဇော်ဦး ကိုဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ရာမှာတော့ ဖြစ်စဉ်နဲ့ပတ်သက်ပြီး မကြားမိသေးဘူးလို့ ပြောပါတယ်။ ခရီးသွားနေတဲ့အတွက် အဆက်သွယ်ပြတ်နေတယ်လို့ဖြေကြားပါတယ်။ ပြီးခဲ့တဲ့ဒီဇင်ဘာ(၂)ရက်ကလည်း မြောက်ဦးမြို့ပေါ် အလယ်ဈေးရွက်ကွက် ချင်းပျံတောရွာထဲမှာ လက်နက်ကြီး ကျည်ကျပြီး အမျိုးသမီးတစ်ဦိး၊ ကလေးငယ်(၂)ဦး သေဆုံးခဲ့ကာ (၄)ဦးဒဏ်ရာရရှိခဲ့တာတွေရှိခဲ့ပါတယ်။ သတင်း-ကျော်လွင်

No comments:

Post a Comment

My Blog List