Friday, December 06, 2019

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်နိုင်ငံ သံအမတ်ကြီးတို့ တွေ့ဆုံ၊ ပညာရေး၊ ကုန်သွယ်ရေးနှင့် အခြားကဏ္ဍများ အရေး ဆွေးနွေး

Image may contain: 2 people, people smiling, people standing

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် သည် တာဝန်ပြီးဆုံး၍ ပြန်လည် ထွက်ခွာတော့မည့် မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်ဆိုရှယ်လစ် သမ္မတနိုင်ငံ သံအမတ်ကြီး ဒေါက်တာ လုသွီဇွန်း အား ဒီဇင်ဘာ ၆ ရက်၊ (ယနေ့) နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ အိမ်တော် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ကာ ပညာရေး၊ ကုန်သွယ်ရေး နှင့် အခြားကဏ္ဍများကို ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံမှုတွင် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်ရေး၊ ပညာရေး၊ ကုန်သွယ်ရေး၊ အကောက်ခွန်နှင့် ယဉ်ကျေးမှု ကဏ္ဍများတွင် နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်မှုတိုးမြှင့်ရေး၊ နားလည်မှု စာချွန်လွှာများလက်မှတ်ရေးထိုးနိုင်ခဲ့မှု၊ မြန်မာ-ဗီယက်နမ် နှစ်နိုင်ငံ ဘက်စုံပူးပေါင်းဆောင်ရွက်မှု မိတ်ဖက် ဆက်ဆံရေးအဆင့်သို့ တိုးမြှင့်နိုင်ခဲ့မှု၊ အာဆီယံဒေသတွင်းနှင့် ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ မျက်နှာစာတွင် ပူးပေါင်း ဆောင်ရွက်မှုတို့နှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။
တွေ့ဆုံပွဲသို့ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမင်းသူ၊ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
Image may contain: 5 people, people sitting and indoor
Image may contain: 1 person, sitting, living room, table and indoor
Credit - နိုင်ငံတော်သမ္မတရုံး
The Ladies News
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်နိုင်ငံ သံအမတ်ကြီးတို့ တွေ့ဆုံ၊ ပညာရေး၊ ကုန်သွယ်ရေးနှင့် အခြားကဏ္ဍများ အရေး ဆွေးနွေး
--- --- ---

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် သည် တာဝန်ပြီးဆုံး၍ ပြန်လည် ထွက်ခွာတော့မည့် မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်ဆိုရှယ်လစ် သမ္မတနိုင်ငံ သံအမတ်ကြီး ဒေါက်တာ လုသွီဇွန်း အား ဒီဇင်ဘာ ၆ ရက်၊ (ယနေ့) နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ အိမ်တော် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ကာ ပညာရေး၊ ကုန်သွယ်ရေး နှင့် အခြားကဏ္ဍများကို ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံမှုတွင် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်ရေး၊ ပညာရေး၊ ကုန်သွယ်ရေး၊ အကောက်ခွန်နှင့် ယဉ်ကျေးမှု ကဏ္ဍများတွင် နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်မှုတိုးမြှင့်ရေး၊ နားလည်မှု စာချွန်လွှာများလက်မှတ်ရေးထိုးနိုင်ခဲ့မှု၊ မြန်မာ-ဗီယက်နမ် နှစ်နိုင်ငံ ဘက်စုံပူးပေါင်းဆောင်ရွက်မှု မိတ်ဖက် ဆက်ဆံရေးအဆင့်သို့ တိုးမြှင့်နိုင်ခဲ့မှု၊ အာဆီယံဒေသတွင်းနှင့် ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ မျက်နှာစာတွင် ပူးပေါင်း ဆောင်ရွက်မှုတို့နှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။
တွေ့ဆုံပွဲသို့ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမင်းသူ၊ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
Credit - နိုင်ငံတော်သမ္မတရုံး
The Ladies News

No comments:

Post a Comment

My Blog List