Friday, December 06, 2019

AA ခေါင်းဆောင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ ဇနီး အဖမ်းခံရ

Image may contain: 2 people, people smiling, people standing, outdoor, nature and water
ရက္ခိုင့်တပ်မတော် (AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်၏ ဇနီး မနှင်းဇာဖြူသည် ယခုလ ၄ ရက်နေ့က ထိုင်းနိုင်ငံ ချင်းမိုင်မြို့က လူဝင်မှုကြီးကြပ်ရေးရုံး၌ ဗီဇာသက်တမ်း လာတိုးစဉ် ဖမ်းဆီးလိုက်ခြင်းဖြစ်ကြောင်း ချင်းမိုင် အခြေစိုက် သတင်းရင်းမြစ်များက ဧရာဝတီသို့ ပြောသည်။

ဖမ်းဆီးစဉ်မှာ သားတဦးနှင့် သမီးတဦးလည်း ပါဝင်ပြီး ထိုင်းလူဝင်မှုကြီးကြပ်ရေးမှတဆင့် မြန်မာနိုင်ငံသို့ လွှဲပြောင်းသွားမည်ဖြစ်ကြောင်းလည်း သိရသည်။
ချင်းမိုင်မှ သတင်းရင်းမြစ်တဦးက “ဗီဇာသွားတိုးတဲ့အချိန်မှာ ထိုင်းလဝက က ဖမ်းလိုက်တာ။ ဒီညနေပဲ မယ်ဆိုင်ကို ရဟတ်ယာဉ်နဲ့ ပို့မယ်ပြောတယ်။ အဲဒီကတဆင့် တာချီလိတ်ကနေ လွှဲမယ်သဘောရှိပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
အခင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး AA တာဝန်ရှိသူ တချို့နှင့် ဆက်စပ်နေသည့် မိသားစုဝင် တချို့ကို ဆက်သွယ် မေးမြန်းခဲ့သော်လည်း အတည်ပြုပေးခြင်းမရှိပါ။
အောက်တိုဘာ ၁၉ ရက်နေ့က ထိုင်းနိုင်ငံ ချင်းမိုင်မှ ရန်ကုန်သို့ လေကြောင်းဖြင့် ပြန်လာသည့် ဗိုလ်ချုပ် ထွန်းမြတ်နိုင်၏ ယောက်ဖဖြစ်သူ ကိုကျော်နိုင်နှင့် လာကြိုသည့် ဇနီးဖြစ်သူ မယမင်းမြတ်(ခ) မိုးနှင်းဖြူတို့ကို ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ဖမ်းဆီးပြီးနောက် သတင်းတပ်ဖွဲ့ (ရန်ကုန်)မှ ဒုရဲမှူးမင်းခိုင်က တရားလိုလုပ်ကာ မရမ်းကုန်းမြို့မ ရဲစခန်းတွင် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂(က)(ခ) (ဂ) တို့ဖြင့် အမှုဖွင့်ထားခြင်းဖြစ်သည်။

No comments:

Post a Comment

My Blog List