Thursday, December 05, 2019

ဝိုင်းမော်မြို့နယ်အတွင်း KIA အဖွဲ့ထံမှ လက်နက်/ခဲယမ်းနှင့် ဆက်စပ် ပစ္စည်းများ သိမ်းဆည်းရမိ

Image may contain: foodNo photo description available.

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသော တပ်မတော်စစ်ကြောင်း တစ်ကြောင်းသည် နိုဝင်ဘာ ၂၉ ရက် နေ့လယ် ၁၂ နာရီခန့်တွင် နန်ဆန်ယန်ကျေးရွာ၏ အနောက်မြောက်ဘက် ၃ မိုင်ခန့် အကွာ သို့ အရောက် KIA အဖွဲ့များက စတင်ပစ်ခတ် တိုက်ခိုက် ခဲ့သဖြင့် ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ သောင်းကျန်းသူများ အနောက်တောင်ဘက်သို့ ဆုဆုတ်ခွာထွက်ပြေးသွားခဲ့ပြီး ၎င်းတို့အ ခြေပြု ထားသည့် စခန်း ၁ ခုအား သိမ်းပိုက်ရရှိခဲ့ကာ အဆိုပါ အဖွဲ့ထံမှ လက်နက်၊ ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ထားသည်။

အဆိုပါဖြစ်စဉ်နေရာတစ်ဝိုက်အား ရှာဖွေရာ KIA ယူနီဖောင်းဝတ် အလောင်း ၁ လောင်း၊ KIA အဖွဲ့မှ ထုတ်လုပ်သော ၁၀၇ မမ ရှော့တိုက်ဒုံး ပစ်စင် ၁ ခုနှင့် ၎င်း ဒုံးသီး ၁ လုံး၊ ၆၀ မမ စိန်ပြောင်း ၁ လက်၊ ၆၀ မမ ဗုံးသီး ၄ လုံး၊ အမ်- ၂၂ သေနတ် ၄ လက်၊အမ်-၂၂ ကျည်အိမ် ၂၄ ခု၊ အမ်-၂၂ ကျည် ၂၁၆ တောင့်၊ လလက်ပစ်ဗုံး ၂ လုံး၊ ရီမုခလုတ် ၁၉ ခု၊ ဆားကစ်ပြား(ဓာတ်ခဲအပါ) ၂၂ ခု၊ မှန်ပြောင်း ၁ လက်၊ အိုင်ကွန် ၂ လုံး၊ လူနေတဲ ၁၂ လုံလုံး၊ ပစ်ကျင်း ၂၀ ကျင်းနှင့် ဆက်စပ် ပစ္စည်းတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ခြင်း ဖြစ်သည်။
အဆိုပါနယ် မြေတစ်ဝိုက်အား တပ်မတော်စစ် ကြောင်းများက နယ်မြေ စိုးမိုးရေးနှင့် နယ်​ မြေလုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက် လျက်ရှိ​ ကြောင်းလည်း သိရသည်။
The Ladies News
ဝိုင္းေမာ္ၿမိဳ႕နယ္အတြင္း KIA အဖြဲ႕ထံမွ လက္နက္/ခဲယမ္းႏွင့္ ဆက္စပ္ ပစၥည္းမ်ား သိမ္းဆည္းရမိ
--- --- ---

ကခ်င္ျပည္နယ္၊ ဝိုင္းေမာ္ၿမိဳ႕နယ္ အတြင္း လုံၿခဳံေရးေဆာင္႐ြက္ေနေသာ တပ္မေတာ္စစ္ေၾကာင္း တစ္ေၾကာင္းသည္ ႏိုဝင္ဘာ ၂၉ ရက္ ေန႔လယ္ ၁၂ နာရီခန႔္တြင္ နန္ဆန္ယန္ေက်း႐ြာ၏ အေနာက္ေျမာက္ဘက္ ၃ မိုင္ခန႔္ အကြာ သို႔ အေရာက္ KIA အဖြဲ႕မ်ားက စတင္ပစ္ခတ္ တိုက္ခိုက္ ခဲ့သျဖင့္ ျပန္လည္ပစ္ခတ္တိုက္ခိုက္ခဲ့ရာ ေသာင္းက်န္းသူမ်ား အေနာက္ေတာင္ဘက္သို႔ ဆုဆုတ္ခြာထြက္ေျပးသြားခဲ့ၿပီး ၎တို႔အ ေျချပဳ ထားသည့္ စခန္း ၁ ခုအား သိမ္းပိုက္ရရွိခဲ့ကာ အဆုိပါ အဖြဲ႕ထံမွ လက္နက္၊ ခဲယမ္းႏွင့္ ဆက္စပ္ပစၥည္းမ်ား သိမ္းဆည္းရမိခဲ့ေၾကာင္း တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ရံုးက သတင္းထုတ္ထားသည္။
အဆုိပါျဖစ္စဥ္ေနရာတစ္ဝိုက္အား ရွာေဖြရာ KIA ယူနီေဖာင္းဝတ္ အေလာင္း ၁ ေလာင္း၊ KIA အဖြဲ႕မွ ထုတ္လုပ္ေသာ ၁၀၇ မမ ေရွာ့တိုက္ဒုံး ပစ္စင္ ၁ ခုႏွင့္ ၎ ဒုံးသီး ၁ လုံး၊ ၆၀ မမ စိန္ေျပာင္း ၁ လက္၊ ၆၀ မမ ဗုံးသီး ၄ လုံး၊ အမ္- ၂၂ ေသနတ္ ၄ လက္၊အမ္-၂၂ က်ည္အိမ္ ၂၄ ခု၊ အမ္-၂၂ က်ည္ ၂၁၆ ေတာင့္၊ လလက္ပစ္ဗုံး ၂ လုံး၊ ရီမုခလုတ္ ၁၉ ခု၊ ဆားကစ္ျပား(ဓာတ္ခဲအပါ) ၂၂ ခု၊ မွန္ေျပာင္း ၁ လက္၊ အိုင္ကြန္ ၂ လုံး၊ လူေနတဲ ၁၂ လုံလုံး၊ ပစ္က်င္း ၂၀ က်င္းႏွင့္ ဆက္စပ္ ပစၥည္းတို႔အား ေတြ႕ရွိသိမ္းဆည္းရမိခဲ့ျခင္း ျဖစ္သည္။
အဆိုပါနယ္ ေျမတစ္ဝိုက္အား တပ္မေတာ္စစ္ ေၾကာင္းမ်ားက နယ္ေျမ စိုးမိုးေရးႏွင့္ နယ္​ ေျမလုံၿခဳံေရးလုပ္ငန္းမ်ား ဆက္လက္ေဆာင္႐ြက္ လ်က္ရွိ​ ေၾကာင္းလည္း သိရသည္။
The Ladies News

No comments:

Post a Comment

My Blog List