Thursday, December 05, 2019

အာဖဂန်အရှေ့ပိုင်းတွင် NGO အဖွဲ့၏ကား တိုက်ခိုက်ခံရ၊(၆)ဦး သေဆုံး

Image may contain: one or more people, people standing, sky and outdoor
အာဖဂန်အရှေ့ပိုင်း Nangarhar ပြည်နယ် Jalalabad မြို့မှာ အခုလ(၄)ရက်က NGO အဖွဲ့ရဲ့ကားကို အမည်မသိသေနတ်သမားတွေက ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။
ပစ်ခတ်မှုကြောင့် အာဖဂန်နိုင်ငံသား(၅)ဦးသေဆုံးပြီး၊ ဂျပန်နိုင်ငံသားဆရာဝန်တစ်ဦးသေဆုံးခဲ့တယ်လို့ ဒေသခံအစိုးရအာဏာပိုင်က အတည်ပြုပြောကြားခဲ့ပါတယ်။
ဂျပန် NGO Peace Japan Medical Services(PJMS)မှ အကြီးအကဲဒေါက်တာTetsu Nakamura က စီမံကိန်းတစ်ခုကို စစ်ဆေးဖို့သွားနေစဉ်မှာ တိုက်ခိုက်ခံရတာလို့ ပြည်နယ်အုပ်ချုပ်ရေးမှူးရဲ့ပြောခွင့်ရသူကပြောပါတယ်။
အခုတိုက်ခိုက်မှုနဲ့ပတ်သက်လို့ ဘယ်အဖွဲ့အစည်းကမှ သူတို့လုပ်တာလို့ပြောကြားထားခြင်းမရှိသေးကြောင်း ရိုက်တာသတင်းအရသိရပါတယ်။

ဘာသာပြန် - Chit Chan Myae

No comments:

Post a Comment

My Blog List