Thursday, December 05, 2019

ပါကစ္စတန်နိုင်ငံက အမျိုးသမီး ၆၂၉ ဦး တရုတ်ပြည်ကို ရောင်းစားခံရ

Image may contain: 1 person, closeup
ပါကစ္စတန်နိုင်ငံက မိန်းကလေးငယ်တွေနဲ့ အမျိုးသမီး စုစုပေါင်း ၆၂၉ ဦး၊ တရုတ်ပြည်ကို ဇနီးမယားအဖြစ် ရောင်းစားခံခဲ့ရတယ်လို့ အေပီ သတင်းက ဖော်ပြပါတယ်။

၂၀၁၈ ခုနှစ်ကနေ အခုထိ စုံစမ်းထောက်လှမ်းသူတွေ ရရှိတဲ့စာရင်းတွေအရ သိရတာပါ။
ဒါပေမဲ့ ဒီကိစ္စနဲ့ပတ်သက်ပြီး ပါကစ္စတန်အစိုးရက တရုတ်ပြည်နဲ့ ဆက်ဆံရေး ထိခိုက်သွားမှာစိုးရိမ်တဲ့အတွက် အဲဒီ ဇနီးမယားမှောင်ခိုဈေးကွက် လုပ်ငန်းအကြောင်း ဖုံးဖိထားပြီး၊ သတင်းမီဒီယာတွေကိုလည်း မဖော်ပြဖို့ ဖိအားပေးထားတယ်လို့ ဆိုပါတယ်။ ဖယ်ဒရယ်စုံစမ်းရေးဌာန အရာရှိတွေကိုလည်း ဇနီးမယား မှောင်ခိုလုပ်ငန်းနဲ့ ပတ်သက်ပြီး လက်ရှောင်နေဖို့ အကြီးအကျယ် ဖိအားပေးထားတယ်လို့လည်း သတင်းမှာ ဖော်ပြပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလက အဲဒီမှောင်ခိုလုပ်ငန်းနဲ့ ပတ်သက်နေတဲ့ တရုတ်နိုင်ငံသား ၃၁ ဦး အမှုမှာလည်း၊ ရောင်းစားခံရသူ အမျိုးသမီးတွေကို ရဲက စစ်မေးတဲ့အခါ အဖြစ်မှန်ကို မပြောဆိုခဲ့ကြပါဘူး။ သူတို့ကို မှောင်ခိုသမားတွေက ခြိမ်းခြောက်တာ၊ ငွေပေးပြီး နှုတ်ပိတ်ထားတွေကြောင့်လို့ ရဲက ပြောပါတယ်။
တာဝန်ရှိသူတွေကို ဖိအားပေးထားလို့ ပါကစ္စတန်က လူမှောင်ခိုခံရတဲ့ အမျိုးသမီးတွေအတွက် ကူမယ့်သူ မရှိဘဲဖြစ်နေပြီး၊ အခုဆို လူမှောင်ခိုလုပ်ငန်း ပိုမိုကြီးထွားလာနေတယ်လို့ အရာရှိတွေက ပြောပါတယ်။
- Unicode
~~~~~~~~~~~~~~~

ပါကစ္စတန်နိုင်ငံက အမျိုးသမီး ၆၂၉ ဦး တရုတ်ပြည်ကို ရောင်းစားခံရ
~~~~~
■ ပါကစ္စတန်နိုင်ငံက မိန်းကလေးငယ်တွေနဲ့ အမျိုးသမီး စုစုပေါင်း ၆၂၉ ဦး၊ တရုတ်ပြည်ကို ဇနီးမယားအဖြစ် ရောင်းစားခံခဲ့ရတယ်လို့ အေပီ သတင်းက ဖော်ပြပါတယ်။

၂၀၁၈ ခုနှစ်ကနေ အခုထိ စုံစမ်းထောက်လှမ်းသူတွေ ရရှိတဲ့စာရင်းတွေအရ သိရတာပါ။
ဒါပေမဲ့ ဒီကိစ္စနဲ့ပတ်သက်ပြီး ပါကစ္စတန်အစိုးရက တရုတ်ပြည်နဲ့ ဆက်ဆံရေး ထိခိုက်သွားမှာစိုးရိမ်တဲ့အတွက် အဲဒီ ဇနီးမယားမှောင်ခိုဈေးကွက် လုပ်ငန်းအကြောင်း ဖုံးဖိထားပြီး၊ သတင်းမီဒီယာတွေကိုလည်း မဖော်ပြဖို့ ဖိအားပေးထားတယ်လို့ ဆိုပါတယ်။ ဖယ်ဒရယ်စုံစမ်းရေးဌာန အရာရှိတွေကိုလည်း ဇနီးမယား မှောင်ခိုလုပ်ငန်းနဲ့ ပတ်သက်ပြီး လက်ရှောင်နေဖို့ အကြီးအကျယ် ဖိအားပေးထားတယ်လို့လည်း သတင်းမှာ ဖော်ပြပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလက အဲဒီမှောင်ခိုလုပ်ငန်းနဲ့ ပတ်သက်နေတဲ့ တရုတ်နိုင်ငံသား ၃၁ ဦး အမှုမှာလည်း၊ ရောင်းစားခံရသူ အမျိုးသမီးတွေကို ရဲက စစ်မေးတဲ့အခါ အဖြစ်မှန်ကို မပြောဆိုခဲ့ကြပါဘူး။ သူတို့ကို မှောင်ခိုသမားတွေက ခြိမ်းခြောက်တာ၊ ငွေပေးပြီး နှုတ်ပိတ်ထားတွေကြောင့်လို့ ရဲက ပြောပါတယ်။
တာဝန်ရှိသူတွေကို ဖိအားပေးထားလို့ ပါကစ္စတန်က လူမှောင်ခိုခံရတဲ့ အမျိုးသမီးတွေအတွက် ကူမယ့်သူ မရှိဘဲဖြစ်နေပြီး၊ အခုဆို လူမှောင်ခိုလုပ်ငန်း ပိုမိုကြီးထွားလာနေတယ်လို့ အရာရှိတွေက ပြောပါတယ်။
- Zawgyi
~~~~~~~~~~~~~~~

Photo: HABIB NAQASH / AFP

No comments:

Post a Comment

My Blog List