Thursday, December 05, 2019

ဗိုလ်မှူးချုပ်အောင်စန်းချစ်၏ ခြေဥပြင်ရေးဥပဒေမူကြမ်းကို ၄၅ဦးကော်မတီ၏ ဥပဒေမူကြမ်းတို့နှင့် တစ်ပြိုင်နက် တည်း ယှဉ်တွဲ၍ ပြင်ဆင်သည့် ဥပဒေမူကြမ်းတစ်ရပ်အဖြစ်တင်သွင်းရန် လွှတ်တော် ကယနေ့ မဲခွဲဆုံးဖြတ်

Image may contain: 1 person, text

ဗိုလ်မှူးချုပ်အောင်စန်းချစ်၏ ခြေဥပြင်ရေးဥပဒေမူကြမ်းကို ၄၅ဦးကော်မတီ၏ ဥပဒေမူကြမ်းတို့နှင့် တစ်ပြိုင်နက် တည်း ယှဉ်တွဲ၍ ပြင်ဆင်သည့် ဥပဒေမူကြမ်းတစ်ရပ်အဖြစ်တင်သွင်းရန် လွှတ်တော် ကယနေ့ မဲခွဲဆုံးဖြတ်အတည်ပြုလိုက်သည်။
ထောက်ခံမဲ ၃၅၀နီးပါး၊ကန့်ကွက်မဲ ၂၀၀နီးပါးဖြင့် အတည်ပြုလိုက်ခြင်းဖြစ်သည်။

ဗိုလ်မှူးချုပ်အောင်စန်းချစ်အပါအဝင်ကိုယ်စားလှယ်၁၄၄ဦး တင်ပြထားသည့် ခြေဥပြင်ရေးဥပဒေမူကြမ်းကို ကိုယ်စားလှယ်များဆွေးနွေးပြီး လွှတ်တော်ကအတည်ပြုပေးပါရန် လေ့လာစီစစ်ရေး ပူးပေါင်းကော်မတီက နိုဝင်လာလနောက်ဆုံးပါတ်က သဘောထားမှတ်ချက်ပေးခဲ့သည့် အတွက် ကိုယ်စားလှယ်၃၀နီးပါးဆွေးနွေးခဲ့ကြပြီး မဲခွဲဆုံးဖြတ်လိုက်ကြခြင်းဖြစ်သည်။
လေ့လာစီစစ်ရေး ပူးပေါင်းကော်မတီဝင်အများစုက ဗိုလ်မှူးချုပ်မောင်မောင်တင်ခဲ့သည့် ခြေပြပြင်ရေးဥပဒေမူကြမ်းအပေါ်ကိုလည်း ထိုနည်းအတိုင်းမှတ်ချက်ပေးခဲ့ပြီး မဲခွဲဆုံးဖြတ်ရာတွင် ထိုအတိုင်းဖြစ်ခဲ့သည်။
ဗိုလ်မှူးချုပ်အောင်စန်းချစ်အပါအဝင်ကိုယ်စားလှယ်၁၄၄ဦး သည် ၁၇-၉-၂၀၁၉ က လွှတ်တော်သို့ ခြေဥပြင်ရေးဥပဒေမူကြမ်းတစ်ခုကို တင်ပြခဲ့ရာ အဆိုပါ ဥပဒေမူကြမ်းသည် ခြေဥ ဥပဒေပုဒ်မ ၂၆၂(တိုင်းနှင့်ပြည်နယ်ဝန်ကြီးချုပ်များ ခန့်အပ်တာဝန်ပေးသည့် ဥပဒေပုဒ်မ)ကို ပြင်ဆင်မည့် ဥပဒေကြမ်းဖြစ်သည်ဟုသိရသည်။
တည်ဆဲ ၂၀၀၈ ခြေဥဥပဒေအရ တိုင်းနှင့်ပြည်နယ် ဝန်ကြီးချုပ်များကို နိုင်ငံတော်သမ္မတက တိုက်ရိုက်ခန့်အပ်ရပြီး ဗိုလ်မှူးချုပ်အောင်စန်းချစ်က ယင်းအပေါ် နိုင်ငံတော်သမ္မတက တိုက်ရိုက်မခန့်ရဘဲ သက်ဆိုင်ရာလွှတ်တော်အသီးသီးကသာ ခန့်အပ်ရေးအချက်ကို ထည့်သွင်း ပြင်ဆင်လိုသည်ဟုသိရသည်။
ပြည်ထောင်စုလွှတ်တော်က ခြေဥတစ်ခုလုံးကို လွှမ်းခြုံ ပြင်ဆင်ရန် လေ့လာစီစစ်ရေးပူးပေါင်းကော်မတီအဖွဲ့ကို အလွှာပေါင်းစုံပါဝင်မှုဖြင့် လုပ်ဆောင်နေချိန် တစ်ဖက်မှလည်း ခြေဥပြင်ရေးဥပဒေမူကြမ်းများကို ဆက်တိုက်တင်နေသည်မှာ ၅ခုရှိနေပြီဖြစ်သည်။
လေ့လာစီစစ်ရေး ပူးပေါင်းကော်မတီအတွင်းရေးမှူးက အဆိုပါ မူကြမ်း ၄ခုကိုပါ သီးခြားစီဖြင့် ပူးတွဲတင်မည်ဟု ပြောဆိုထားသည်။
လေ့လာစီစစ်ရေးပူးပေါင်းကော်မတီအဖွဲ့ဝင် ဦးစတီဖန်၊ဗိုလ်မှူးချုပ်မောင်မောင်နှင့်ဗိုလ်မှူးချုပ်တင့်လွင် တို့ကမူ ဗိုလ်မှူးချုပ်အောင်စန်းချစ်အပါအဝင်ကိုယ်စားလှယ်၁၄၄ဦးတင်သည့် ဥပဒေမူကြမ်းအား ခြေဥအခန်း၁၂ပါ ပြဌာန်းချက်များအတိုင်း၊လွှတ်တော်ဆိုင်ရာ ဥပဒေ၊နည်းဥပဒေများနှင့်အညီ လွှတ်တော်တွင် ဆက်လက်ဆွေးနွေးဆောင်ရွက်သင့်ကြောင်း သဘောထားမှတ်ချက်ပေးခဲ့ပြီး၊ကြံ့ခိုင်ရေး၊တပ်ကိုယ်စားလှယ်များ၊ရခိုင်ပါတီတို့ကပါ ဆက်လက်ဆွေးနွေးသင့်ကြောင်း ပြောဆိုခဲ့ကြသည်ဟုလည်းသိရသည်။
ဗိုလ်မှူးချုပ်အောင်စန်းချစ်၏ ဥပဒေ ကြမ်းဆွေးနွေးစဉ် ကြံ့ခိုင်ရေး၊တပ်လွှတ်တော်ကိုယ်စားလှယ်အချို့ နှင့် NLD အမတ်တစ်ဦးတို့၏ ဆွေးနွေးချက်အချို့ကို လွှတ်တော်မှတ်တမ်းမှ နုတ်ပယ် ခြင်းခံခဲ့ရသည်။
ကိုမင်း/Myanmar Harp

No comments:

Post a Comment

My Blog List