Thursday, December 05, 2019

ရိုဟင်ဂျာ ပြန်ပို့ရေး ဘင်္ဂလားဒေ့ရှ် ကာချုပ် မြန်မာနဲ့ ဆွေးနွေးမည်

Image may contain: one or more people, sky and outdoor
ဘင်္ဂလားဒေ့ရှ် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး Aziz Ahmed မြန်မာနိုင်ငံကို သွားရောက်မယ့် ခရီးစဉ်နဲ့ ပတ်သက်ပြီး နိုင်ငံခြားရေးဝန်ကြီး Dr. Abdul Momen က ကာကွယ်ရေးဦးစီးချုပ်ကို မနေ့က ရှင်းပြပါတယ်။

နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးနဲ့ စစ်ရေးဆိုင်ရာ တိုးမြှင့်ဆက်ဆံရေးအတွက် တခြားနိုင်ငံတွေကို သွားလေ့ရှိတဲ့အတိုင်း ဒါကလည်း ပုံမှန်ခရီးဖြစ်ပါတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှာ နိုင်ငံခြားရေးဝန်ကြီးနဲ့ အစည်းအဝေးကျင်းပပြီးတဲ့နောက် သတင်းထောက်တွေကို ဗိုလ်ချုပ်ကြီး Aziz Ahmed က ပြောပါတယ်။
နှစ်နိုင်ငံ အပြန်အလှန်သွားရောက်တဲ့ ပုံမှန်တရားဝင်ခရီးစဉ်အရ ဘင်္ဂလားဒေ့ရှ် ကာကွယ်ရေး ဦးစီးချုပ်ဟာ မြန်မာနိုင်ငံကို ဒီလထဲ လာရောက်ဖို့ရှိပါတယ်။
ဒီခရီးစဉ်ဟာ ရိုဟင်ဂျာပြဿနာ ဖြေရှင်းရေးအတွက် နှစ်နိုင်ငံကြား စေ့စပ်ဆွေးနွေးတဲ့ နောက်လမ်းကြောင်းတစ်ကြောင်းကို ဖွင့်နိုင်မယ်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးက ပြီးခဲ့တဲ့ သီတင်းပတ်က ပြောခဲ့ဖူးပါတယ်။
ကာကွယ်ရေးဦးစီးချုပ်ရဲ့ ခရီးစဉ်ကနေ ရလဒ်ကောင်းပေါ်ထွက်မယ်လို့ ထင်မြင်တဲ့အကြောင်းနဲ့ နေပြည်တော်နဲ့ ဆွေးနွေးတာကတဆင့် ရိုဟင်ဂျာပြဿနာကို ဖြေရှင်းလိုတဲ့အကြောင်းလည်း နိုင်ငံခြားရေးဝန်ကြီး Dr. Abdul Momen က ပြောပါတယ်။
RFA

Unicode

ရိုဟင်ဂျာ ပြန်ပို့ရေး ဘင်္ဂလားဒေ့ရှ် ကာချုပ် မြန်မာနဲ့ ဆွေးနွေးမည်
~~~~~

-Zawgyi
~~~~~~~~~~~~~~~

Photo: MUNIR UZ ZAMAN / AFP
ဓာတ်ပုံ- ဘင်္ဂလားဒေ့ရှ်က ရိုဟင်ဂျာ ဒုက္ခသည်တွေကို ၂၀၁၉ သြဂုတ် ၂၁ ရက်နေ့က တွေ့ရစဉ်

No comments:

Post a Comment

My Blog List