Wednesday, December 04, 2019

ပင်လောင်းမြို့နယ်နှင့် ဖယ်ခုံ မြို့နယ်အတွင်းမှ ဘိန်းခင်း ၂၈၇ ဧက ဖျက်ဆီးခဲ့


ရှမ်းပြည်နယ်၊ ပင်လောင်းမြို့နယ်နှင့် ဖယ်ခုံမြို့နယ်အတွင်းမှ ဘိန်းခင်း ၂၈၇ ဧကကို ဖျက်ဆီးခဲ့ပြီး ဖြစ်ကြောင်း မူးယစ်အထူးတပ်ဖွဲ့ထံက သတင်းရရှိသည်။

ဒီဇင်ဘာလ ၃ ရက်နေ့ ၀၆၄၀ အချိန်မှ ၁၇၃၀ အချိန်ထိ တပ်မတော် သားများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု(၂၆)ပင်လောင်းမှ တပ်ဖွဲ့ဝင်များ၊ ကျေးရွာနေပြည်သူများ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ရှမ်းပြည်နယ်၊ ပင်လောင်းမြို့နယ်၊ ထီပေါင်းကျေးရွာအုပ်စု၊ ထာငိုကျေးရွာ၏ အရှေ့ဘက်နှင့် အရှေ့မြောက်ဘက်တွင် စိုက်ပျိုးထားရှိသော ဘိန်းခင်း ၃၄.၅ ဧက ခန့်အား ဖျက်ဆီးခဲ့ကြသည်။
၂၀၁၉-၂၀၂၀ ခုနှစ် ဘိန်းစိုက်ရာသီ၌ ပင်လောင်းမြို့နယ်တွင် အောက်တိုဘာလ ၂၉ ရက်နေ့မှ ဒီဇင်ဘာလ ၃ ရက်နေ့အထိ ဘိန်းခင်း ၆၇၆.၅ ဧကနှင့် ဖယ်ခုံမြို့နယ်တွင် အောက်တိုဘာလ ၂၈ ရက်နေ့မှ ဒီဇင်ဘာလ ၁ ရက်နေ့အထိ ဘိန်းခင်း ၂၈၇ ဧက တို့အား ဖျက်ဆီး ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
The Ladies News
ပင်လောင်းမြို့နယ်နှင့် ဖယ်ခုံ မြို့နယ်အတွင်းမှ ဘိန်းခင်း ၂၈၇ ဧက ဖျက်ဆီးခဲ့
--- --- ---

ရှမ်းပြည်နယ်၊ ပင်လောင်းမြို့နယ်နှင့် ဖယ်ခုံမြို့နယ် အတွင်းမှ ဘိန်းခင်း ၂၈၇ ဧကကို ဖျက်ဆီးခဲ့ပြီး ဖြစ်ကြောင်း မူးယစ်အထူးတပ်ဖွဲ့ထံက သတင်းရရှိသည်။
ဒီဇင်ဘာလ ၃ ရက်နေ့ ၀၆၄၀ အချိန်မှ ၁၇၃၀ အချိန်ထိ တပ်မတော် သားများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု(၂၆)ပင်လောင်းမှ တပ်ဖွဲ့ဝင်များ၊ ကျေးရွာနေပြည်သူများ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ရှမ်းပြည်နယ်၊ ပင်လောင်းမြို့နယ်၊ ထီပေါင်းကျေးရွာအုပ်စု၊ ထာငိုကျေးရွာ၏ အရှေ့ဘက်နှင့် အရှေ့မြောက်ဘက်တွင် စိုက်ပျိုးထားရှိသော ဘိန်းခင်း ၃၄.၅ ဧက ခန့်အား ဖျက်ဆီးခဲ့ကြသည်။
၂၀၁၉-၂၀၂၀ ခုနှစ် ဘိန်းစိုက်ရာသီ၌ ပင်လောင်းမြို့နယ်တွင် အောက်တိုဘာလ ၂၉ ရက်နေ့မှ ဒီဇင်ဘာလ ၃ ရက်နေ့အထိ ဘိန်းခင်း ၆၇၆.၅ ဧကနှင့် ဖယ်ခုံမြို့နယ်တွင် အောက်တိုဘာလ ၂၈ ရက်နေ့မှ ဒီဇင်ဘာလ ၁ ရက်နေ့အထိ ဘိန်းခင်း ၂၈၇ ဧက တို့အား ဖျက်ဆီး ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
The Ladies News

No comments:

Post a Comment

My Blog List