Thursday, December 05, 2019

အိုင်စီဂျေကို ရင်ဆိုင်ဖြေရှင်းခြင်းသည် တာဝန်ယူမှု၊ တာဝန်ခံမှုကို ပြသခြင်းဖြစ် တိုင်းပြည်၏ပုံရိပ် မြင့်မားလာမည်ဟု အပစ်ရပ် (၁၀) ဖွဲ့ သဘောထားထုတ်ပြန်

Image may contain: one or more people, people sitting, table and indoor
ဂမ်ဘီယာနိုင်ငံက အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ၌ တရားစွဲဆိုခြင်းအား မြန်မာနိုင်ငံအနေဖြင့် ရင်ဆိုင်ဖြေရှင်းခြင်းသည် အစိုးရ၏ တာဝန်ယူမှု၊ တာဝန်ခံမှုကို ပြသခြင်းဖြစ်ပြီး ယင်းကဲ့သို့ ဆောင်ရွက်ခြင်းကြောင့် နိုင်ငံတကာအသိုက်အဝန်းတွင် တိုင်းပြည် ၏ပုံရိပ် မြင့်မားလာမည်ဖြစ်ကြောင်း NCA လက်မှတ်ရေးထိုးထား သည့် တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့က ဒီဇင်ဘာ ၄ ရက်တွင် သဘောထားထုတ်ပြန်ထားသည်။

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ အစည်းများ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ အစည်း အဝေး (၀၆/ ၂၀၁၉) ကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ ဒီဇင်ဘာ ၄ ရက် ပြုလုပ်မှုအပြီးတွင် အပစ်ရပ် ၁၀ ဖွဲ့က ၎င်းတို့၏ သဘောထားကို ထုတ်ပြန်ထားခြင်းဖြစ်သည်။
ယင်းထုတ်ပြန်ချက်တွင် "အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) ၌ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကို ဂမ်ဘီယာနိုင်ငံက တရားစွဲဆိုခြင်းကို ရင်ဆိုင်ဖြေရှင်းခြင်းသည် အစိုးရ၏ တာဝန်ယူမှု၊ တာဝန်ခံမှုကို ပြသခြင်းဖြစ်ပြီး အမှန်တရားနှင့် တရားမျှတမှုကို ဖော်ထုတ်ခြင်းဖြစ်ကြောင်း၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အနေဖြင့် လက်မှတ်ရေးထိုးထားသော နိုင်ငံတကာ ပဋိညာဉ်စာချုပ် စာတမ်းများ၊ ကတိကဝတ်များကို လိုက်နာဆောင်ရွက်ခြင်းဖြင့်လည်းကောင်း၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲသည့် ပြည်တွင်းငြိမ်းချမ်းရေးကို အမြန်ဆုံးအကောင်အထည်ဖော်ခြင်း အားဖြင့်လည်းကောင်း နိုင်ငံတကာအသိုက်အဝန်းတွင် တိုင်းပြည်၏ပုံရိပ် မြင့်မားလာမည်ဖြစ်ကြောင်း"ပါရှိသည်။
"အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) မှာ မြန်မာနိုင်ငံကို ဂမ်ဘီယာနိုင်ငံရဲ့ တရားစွဲဆိုခြင်းအား ရင်ဆိုင်ဖြေရှင်းရေးအတွက် အစိုးရနဲ့ တပ်မတော် ပူးပေါင်းလုပ် ဆောင်မယ်ဆိုတာဟာ ဒီကိစ္စကို အစိုးရက တာဝန်ယူတယ်။ တာဝန်ခံတယ်ဆိုတာကို ပြသခြင်းပဲဖြစ်ပါတယ်။ တစ်ဖက်က သက်သေအထောက်အထားခိုင်လုံမှု ဘယ်လောက်အထိ ရှိတယ်ဆိုတာကိုလည်း ထည့်တွက် ဖို့လိုအပ်ပါတယ်"ဟု ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့(PPST) ယာယီ အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီးယွက်စစ်က ဒီဇင်ဘာ ၂ ရက်တွင် ပြုလုပ်သည့် အစည်းအဝေး အဖွင့်မိန့်ခွန်းတွင် ထည့်သွင်းပြောကြားထားသည်။
ထို့ပြင် ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ်အတွင်း ဖြစ်ပွားနေသော စစ်ရေးပဋိပက္ခများကို အမြန်ဆုံး ရပ်ဆိုင်းနိုင်ရေးအတွက် သက်ဆိုင်ရာ နှစ်ဖက်စလုံးမှ တွေ့ဆုံဆွေးနွေးညှိနှိုင်းခြင်းဖြင့် အဖြေရှာကြပါရန်နှင့် ဖြစ်ပွားလျက်ရှိသည့် ပြည်တွင်းပဋိပက္ခများအား တွေ့ဆုံဆွေးနွေးခြင်းဖြင့် အဖြေရှာသွားကြရန် အပစ်ရပ်လက်မှတ်ရေး ထိုးထားသည့်တိုင်းရင်းသား လက်နက်ကိုင် ၁၀ ဖွဲ့က သဘောထားထုတ်ပြန်တိုက်တွန်းထားသည်။
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့အစည်းအဝေး(၁၆/၂၀၁၉)ကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ ဒီဇင်ဘာ ၂ ရက်မှ ၄ ရက်အထိ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သတင်း - နောင်လေး
(Unicode Version)
 အိုင်စီဂျေကို ရင်ဆိုင်ဖြေရှင်းခြင်းသည် တာဝန်ယူမှု၊ တာဝန်ခံမှုကို ပြသခြင်းဖြစ်
 တိုင်းပြည်၏ပုံရိပ် မြင့်မားလာမည်ဟု အပစ်ရပ် (၁၀) ဖွဲ့ သဘောထားထုတ်ပြန်

No comments:

Post a Comment

My Blog List