Friday, December 06, 2019

AA စစ်ဦးစီးချုပ် ဇနီးနဲ့ သားသမီးတွေ ထိုင်းမှာအဖမ်းခံရ

ရက္ခိုင့်တပ်တော် (AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်ရဲ့ ဇနီး ဒေါ်နှင်းဇော်ဖြူ၊ သားဖြစ်သူနဲ့ သမီးဖြစ်သူ ကလေးငယ် နှစ်ဦးကို ထိုင်းအာဏာပိုင်တွေက ချင်းမိုင်မြို့နယ်မှာ ဒီဇင်ဘာလ ၄ ရက်နေ့၊ နံနက် ၁၀ နာရီဝန်းကျင်မှာ ဖမ်းဆီးလိုက်တယ်လို့ မိသားစုနဲ့ နီးစပ်သူတွေက RFA ကို ပြောပါတယ်။

ချင်းမိုင်မြို့က လူဝင်မှုကြီးကြပ်ရေးဌာနမှာ ဗီဇာသက်တမ်းတိုးဖို့အသွားမှာ ထိုင်းထောက်လှမ်းရေးတွေက ဖမ်းဆီးလိုက်တာ ဖြစ်ပါတယ်။ ဖမ်းဆီးခံရတဲ့ သတင်းနဲ့ပတ်သတ်ပြီးတော့ ရက္ခိုင့်တပ်တော် AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်ဆီကို ဆက်သွယ်ကြိုးစားပေမယ့် သီးခြားမှတ်ချက် ရယူနိုင်ခြင်း မရှိပါဘူး။
ပြီးခဲ့တဲ့ အောက်တိုဘာလတုန်းကလည်း ဗိုလ်ချုပ် ထွန်းမြတ်နိုင်ရဲ့ နှမ မိုးနှင်းဖြူနဲ့ ယောက်ဖဖြစ်သူ ကိုကျော်နိုင်တို့ကို ထိုင်းထောက်လှမ်းရဲတွေက ဖမ်းဆီးပြီးတော့ မြန်မာအာဏာပိုင်တွေကို လွှဲပြောင်းပေးခဲ့တာရှိပါတယ်။ သူတို့နှစ်ဦးကို ပြည်ထဲရေးက တရားလိုလုပ်ပြီးတော့ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေနဲ့ အမှုဖွင့် တရားစွဲဆိုထားပါတယ်။

RFA
(Unicode)

AA စစ်ဦးစီးချုပ် ဇနီးနဲ့ သားသမီးတွေ ထိုင်းမှာအဖမ်းခံရ
~~~~~~~~~~

No comments:

Post a Comment

My Blog List