Wednesday, December 04, 2019

(၅)ႀကိမ္ေျမာက္ ျမန္မာ-ဗီယက္နမ္ ႏွစ္ႏိုင္ငံ မူးယစ္ေဆးဝါး ပူးေပါင္းထိန္းခ်ဳပ္ေရး အစည္းအေဝး က်င္းပျပဳလုပ္

Image may contain: 6 people, people smiling, table and indoor

(၅)ႀကိမ္ေျမာက္ ျမန္မာ-ဗီယက္နမ္ ႏွစ္ႏိုင္ငံ မူးယစ္ေဆးဝါး ပူးေပါင္း ထိန္းခ်ဳပ္ေရး အစည္းအေဝး ဖြင့္ပြဲအခမ္းအနားကို ၂၀၁၉ ခုႏွစ္၊ ဒီဇင္ဘာလ ၃ ရက္ေန႔ နံနက္ ၀၉၀၀ နာရီတြင္ ေနျပည္ေတာ္၊ M-Gallery Hotel ၌ က်င္းပရာ ျမန္မာႏိုင္ငံမူးယစ္ေဆးဝါးႏွင့္ စိတ္ကိုေျပာင္းလဲေစေသာ ေဆးဝါးမ်ား အႏၲရာယ္ တားဆီး ကာကြယ္ေရးဗဟိုအဖြဲ႕၊ အတြင္းေရးမႉး ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕၊ ရဲခ်ဳပ္ ဒုတိယရဲ ဗိုလ္ခ်ဳပ္ႀကီး ေအာင္ဝင္းဦးႏွင့္ ဗီယက္နမ္ႏိုင္ငံ၊ ျပည္သူ႔ လုံၿခဳံေရးဝန္ႀကီးဌာန၊ မူးယစ္ေဆးဝါးထိန္းခ်ဳပ္ေရး အၿမဲတမ္း႐ုံး အေထြေထြအတြင္းေရးမႉးခ်ဳပ္ႏွင့္ မူးယစ္ေဆးဝါး တိုက္ဖ်က္ေရးရဲတပ္ဖြဲ႕ ဒုတိယ ၫႊန္ၾကားေရးမႉးခ်ဳပ္ Pol. Col. Mr. Vu Van Hau တို႔က အဖြင့္အမွာစကားေျပာၾကားၿပီး အခမ္းအနား သို႔ ဖိတ္ၾကားထားေသာ ရဲအရာရွိႀကီးမ်ား မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕၊ တပ္ဖြဲ႕မႉးႏွင့္ ျမန္မာႏိုင္ငံႏွင့္ ဗီယက္နမ္ တို႔မွ အစည္းအေဝး တက္ေရာက္မည့္ ကိုယ္စားလွယ္ ၃၃ ဦးတို႔ တက္ေရာက္ ခဲ့သည္။

ဆက္လက္၍ အစည္းအေဝးအား က်င္းပခဲ့ရာ မူးယစ္ေဆးဝါးႏွင့္ စိတ္ကိုေျပာင္းလဲေစေသာ ေဆးဝါးမ်ားအႏၲရာယ္ တားဆီးကာကြယ္ေရး ဗဟိုအဖြဲ႕၊ တြဲဖက္အတြင္းေရးမႉး၊ မူးယစ္ေဆးဝါးတားဆီး ႏွိမ္နင္းေရး ရဲတပ္ဖြဲ႕၊ တပ္ဖြဲ႕မႉး ရဲမႉးခ်ဳပ္ ဝင္းႏိုင္ ဦးေဆာင္ေသာ ျမန္မာ ကိုယ္စားလွယ္အဖြဲ႕၊ ဗီယက္နမ္ ႏိုင္ငံ၊ ျပည္သူ႔လုံၿခဳံေရးဝန္ႀကီးဌာန၊ မူးယစ္ေဆးဝါးထိန္းခ်ဳပ္ေရး အၿမဲတမ္း႐ုံး အေထြေထြအတြင္းေရး မႉးခ်ဳပ္ ဦးေဆာင္ေသာ ကိုယ္စားလွယ္အဖြဲ႕တို႔က ႏွစ္ႏိုင္ငံမူးယစ္ေဆးဝါးႏွင့္ ပရီကာဆာ သယ္ေဆာင္ ေရာင္းဝယ္မႈအေျခအေနမ်ား၊ (၄)ႀကိမ္ေျမာက္ အစည္းအေဝး ဆုံးျဖတ္ခ်က္မ်ားအေပၚ ေဆာင္႐ြက္ႏိုင္မႈ အေျခအေန ျပန္လည္သုံးသပ္ျခင္း၊ မူးယစ္ေဆးဝါးႏွင့္ပရီကာဆာ သယ္ေဆာင္ ေရာင္းဝယ္မႈတိုက္ဖ်က္ ေရးအတြက္ အနာဂတ္ပူးေပါင္း ေဆာင္႐ြက္ႏိုင္ မည့္ အလားအလာမ်ားအား ေဆြးေႏြးညႇိႏႈိင္းခဲ့ၾကၿပီး အစည္းအေဝး ရလဒ္မ်ားအေပၚ ျပန္လည္သုံးသပ္ျခင္းႏွင့္ အတည္ျပဳျခင္းမ်ား၊ (၆)ႀကိမ္ေျမာက္ အစည္း အေဝးက်င္းပမည့္ေန႔ရက္၊ ေနရာတို႔ကို ေဆြးေႏြး ခဲ့ၾကေၾကာင္း သိရသည္။
Credit - ျမန္မာႏုိင္ငံရဲတပ္ဖြဲ႕
The Ladies News
(၅)ကြိမ်မြောက် မြန်မာ-ဗီယက်နမ် နှစ်နိုင်ငံ မူးယစ်ဆေးဝါး ပူးပေါင်းထိန်းချုပ်ရေး အစည်းအဝေး ကျင်းပပြုလုပ်
--- --- ---

(၅)ကြိမ်မြောက် မြန်မာ-ဗီယက်နမ် နှစ်နိုင်ငံ မူးယစ်ဆေးဝါး ပူးပေါင်း ထိန်းချုပ်ရေး အစည်းအဝေး ဖွင့်ပွဲအခမ်းအနားကို ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၃ ရက်နေ့ နံနက် ၀၉၀၀ နာရီတွင် နေပြည်တော်၊ M-Gallery Hotel ၌ ကျင်းပရာ မြန်မာနိုင်ငံမူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ် တားဆီး ကာကွယ်ရေးဗဟိုအဖွဲ့၊ အတွင်းရေးမှူး မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲချုပ် ဒုတိယရဲ ဗိုလ်ချုပ်ကြီး အောင်ဝင်းဦးနှင့် ဗီယက်နမ်နိုင်ငံ၊ ပြည်သူ့ လုံခြုံရေးဝန်ကြီးဌာန၊ မူးယစ်ဆေးဝါးထိန်းချုပ်ရေး အမြဲတမ်းရုံး အထွေထွေအတွင်းရေးမှူးချုပ်နှင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးရဲတပ်ဖွဲ့ ဒုတိယ ညွှန်ကြားရေးမှူးချုပ် Pol. Col. Mr. Vu Van Hau တို့က အဖွင့်အမှာစကားပြောကြားပြီး အခမ်းအနား သို့ ဖိတ်ကြားထားသော ရဲအရာရှိကြီးများ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ တပ်ဖွဲ့မှူးနှင့် မြန်မာနိုင်ငံနှင့် ဗီယက်နမ် တို့မှ အစည်းအဝေး တက်ရောက်မည့် ကိုယ်စားလှယ် ၃၃ ဦးတို့ တက်ရောက် ခဲ့သည်။
ဆက်လက်၍ အစည်းအဝေးအား ကျင်းပခဲ့ရာ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့၊ တွဲဖက်အတွင်းရေးမှူး၊ မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့၊ တပ်ဖွဲ့မှူး ရဲမှူးချုပ် ဝင်းနိုင် ဦးဆောင်သော မြန်မာ ကိုယ်စားလှယ်အဖွဲ့၊ ဗီယက်နမ် နိုင်ငံ၊ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန၊ မူးယစ်ဆေးဝါးထိန်းချုပ်ရေး အမြဲတမ်းရုံး အထွေထွေအတွင်းရေး မှူးချုပ် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့က နှစ်နိုင်ငံမူးယစ်ဆေးဝါးနှင့် ပရီကာဆာ သယ်ဆောင် ရောင်းဝယ်မှုအခြေအနေများ၊ (၄)ကြိမ်မြောက် အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်နိုင်မှု အခြေအနေ ပြန်လည်သုံးသပ်ခြင်း၊ မူးယစ်ဆေးဝါးနှင့်ပရီကာဆာ သယ်ဆောင် ရောင်းဝယ်မှုတိုက်ဖျက် ရေးအတွက် အနာဂတ်ပူးပေါင်း ဆောင်ရွက်နိုင် မည့် အလားအလာများအား ဆွေးနွေးညှိနှိုင်းခဲ့ကြပြီး အစည်းအဝေး ရလဒ်များအပေါ် ပြန်လည်သုံးသပ်ခြင်းနှင့် အတည်ပြုခြင်းများ၊ (၆)ကြိမ်မြောက် အစည်း အဝေးကျင်းပမည့်နေ့ရက်၊ နေရာတို့ကို ဆွေးနွေး ခဲ့ကြကြောင်း သိရသည်။
Credit - မြန်မာနိုင်ငံရဲတပ်ဖွဲ့
The Ladies News

No comments:

Post a Comment

My Blog List