Friday, December 06, 2019

နစ်နာမှုများအတွက် မိုးအောင်ရင်ကို တရားစွဲခြင်းဖြစ်ဟု ခင်မြတ်နိုးဆို

နစ်နာမှုများအတွက် သရုပ်ဆောင် မိုးအောင်ရင်ကို တရားစွဲဆိုခဲ့ခြင်းဖြစ်ကြောင်း ခင်မြတ်နိုးက ပြောသည်။

သရုပ်ဆောင် မိုးအောင်ရင်ကို ၎င်း၏ ရည်းစားဟောင်း မခင်မြတ်နိုးက နိုဝင်ဘာ ၂၂ ရက်တွင် ရန်ကုန်မြို့၊ ရန်ကင်းမြို့နယ်တရားရုံး၌ ကာမလိမ်လည်မှု၊ ရာဇသတ်ကြီး ပုဒ်မ ၄၁၇ ဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။
"တရားစွဲတာက မိုးအောင်ရင်တို့ဘက်က အလွန်အကြူးပြောထားတယ်လေ။ ကိုယ့်ဘက်က နစ်နာမှုတွေနဲ့ အမှန်တရားဖြစ်ဖို့အတွက်ပါ" ဟု ယနေ့ရုံးချိန်းသို့ လာရောက်သည့် မခင်မြတ်နိုးက ပြောသည်။
ယနေ့ရုံးချိန်းတွင် သရုပ်ဆောင် မိုးအောင်ရင်အား ရုံးတော်ရှေ့လာရောက်ရန် ဆင့်ခေါ်စာပေးပို့ခဲ့သော်လည်း လာရောက်ခြင်းမရှိကြောင်း သိရသည်။
သတင်း-မင်းဟိန်း(စံတော်ချိန်)
ဓာတ်ပုံ-အဥ္ဇလီသင်း(စံတော်ချိန်)

(Unicode Version)
#LatestNews

ဓာတျပုံ-အဉ်ဇလီသငျး(စံတောျခြိနျ)

No comments:

Post a Comment

My Blog List