Thursday, December 05, 2019

ဗဟိုဘဏ်က နေ့စဉ် ကန်ဒေါ်လာ သန်းချီပြန်ဝယ်ပြီး တစ်လအတွင်း ဒေါ်လာသန်း ၄၀ နီးပါးဝယ်ပြီးနောက် တစ်ဒေါ်လာ ၁၅၀၀ ကျပ် အောက်ရောက်

မြန်မာနိုင်ငံတော်ဗဟိုဘဏ်က စျေးကွက်အတွင်းမှ နေ့စဉ် ကန်ဒေါ်လာ သန်းချီ ပြန်လည်ဝယ်ယူပြီး တစ်လအတွင်း ဒေါ်လာ သန်း ၄၀ နီးပါးဝယ်ယူပြီးနောက် အမေရိကန်တစ်ဒေါ်လာလျှင် ၁၅၀၀ ကျပ် အောက်သို့ ပြန်လည် ကျဆင်းလာ ကြောင်း စျေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်က အောက်တိုဘာလ ၃၁ ရက်နေ့မှစတင်ပြီး စျေးကွက်အတွင်းမှ အမေရိကန်ဒေါ်လာများကို စျေးပြိုင်စနစ်ဖြင့် စတင်ဝယ်ယူခဲ့ကြောင်း၊ ဗဟိုဘဏ်က ဒေါ်လာများ စတင်ဝယ်ယူချိန်က အမေရိကန်တစ်ဒေါ်လာလျှင် ငွေလဲသတ်မှတ်နှုန်း ၁၅၂၇ ဒသမ ၅ ကျပ် စျေးရှိခဲ့ကြောင်း၊ နေ့စဉ် ဒေါ်လာ သန်းချီ ဝယ်ယူခဲ့ပြီး နိုဝင်ဘာလ ၁၁ ရက်နေ့က အမြင့်ဆုံး ဗဟိုဘဏ်က ၅ သန်း ဝယ်ယူခဲ့ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က တရားဝင် ထုတ်ပြန်သော စာရင်းဇယားများအရ သိရှိရသည်။
ဗဟိုဘဏ်က အောက်တိုဘာလ ၃၁ ရက်နေ့တွင် အမေရိကန်ဒေါ်လာ ၁ သန်း၊ နိုဝင်ဘာလ ၁ ရက်နေ့တွင် ဒေါ်လာ ၂ သန်း၊ နိုဝင်ဘာလ ၄ ရက်နေ့တွင် ဒေါ်လာ ၂ သန်း၊ နိုဝင်ဘာလ ၅ ရက်နေ့တွင် ဒေါ်လာ ၅ သန်း၊ နိုဝင်ဘာလ ၆ ရက်နေ့တွင် ဒေါ်လာ ၁ သန်း၊ နိုဝင်ဘာလ ၁၄ ရက်နေ့တွင် ဒေါ်လာ ၁ သန်း၊ နိုဝင်ဘာလ ၁၅ ရက်နေ့တွင် ဒေါ်လာ ၁ သန်း၊ နိုဝင်ဘာလ ၁၉ ရက်နေ့တွင် ဒေါ်လာ ၁ ဒသမ ၁ သန်း၊ ၂၀ ရက်နေ့တွင် ဒေါ်လာ ၅ သိန်း၊ ၂၂ ရက်နေ့တွင် ဒေါ်လာ ၁ ဒသမ ၄ သိန်း၊ ၂၅ ရက်နေ့တွင် ဒေါ်လာ ၁ ဒသမ ၅ သန်း ၊ ၂၆ ရက်နေ့တွင် ဒေါ်လာ ၂ ဒသမ ၉ သန်း၊ နိုဝင်ဘာလ ၂၇ ရက်နေ့မှ ၂၉ ရက်နေ့အထိ နေ့စဉ် ဒေါ်လာ ၃ သန်းစီကိုလည်းကောင်း၊ ဒီဇင်ဘာလ ၂ ရက်နေ့မှ ၄ ရက်နေ့အထိ နေ့စဉ် ဒေါ်လာ ၃ သန်းစီ ကိုလည်းကောင်း။ ဒီဇင်ဘာလ ၅ ရက်နေ့တွင် ဒေါ်လာ ၁ ဒသမ ၅ သန်းကိုလည်းကောင်း စျေးကွက်အတွင်းမှ ပြန်လည် ဝယ်ခဲ့သည်။
ထိုသို့ ဒေါ်လာ ၃၉ ဒသမ ၉ သန်းကို စျေးကွက်အတွင်းမှ ဗဟိုဘဏ်က ပြန်လည် ဝယ်ယူခြင်းကြောင့် မြန်မာငွေတန်ဖိုးပြန်မာလာပြီး ဒီဇင်ဘာလ ၄ ရက်နေ့က အမေရိကန်တစ်ဒေါ်လာလျှင် မြန်မာကျပ်ငွေ ၁၄၉၉ ကျပ် ပေါက်စျေးရှိခဲ့ပြီး မြန်မာငွေ တန်ဖိုးမာလာကြောင်း သိရှိရသည်။
"မြန်မာငွေက အခု အရမ်းမာလာတယ်။ နယ်စပ်ဟွန်ဒီ ငွေလွှဲတွေမှာလည်း မြန်မာငွေ တန်ဖိုးက မာတယ်။ ဗဟိုဘဏ်က ဒိုင်ခံပြီး ပြန်ဝယ်နေတာကြောင့်လည်း ပါတယ်" ဟု ရန်ကုန်မြို့မှ ဒေါ်လာ ဝယ်ရောင်း လက်ကြီးသမားတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။ ငွေလဲလှယ်သော အရောင်းအဝယ်သည် ထိရှလွယ်၍ သတင်းဖော်ပြရာတွင် ၎င်း၏ နာမည်နှင့် လုပ်ငန်းနာမည်ကို ဖော်ပြခြင်းမပြုရန် အဆိုပါ ဒေါ်လာဝယ်ရောင်းလက်ကြီးသမားက မေတ္တာရပ်ခံသည်။
ဒီဇင်ဘာလ ၅ ရက်နေ့ နံနက်ပိုင်းတွင်မူ အမေရိကန်တစ်ဒေါ်လာ ၁၅၀၄ ကျပ်ဖြင့် စျေးဖွင့်သော်လည်း ဗဟိုဘဏ်က ဒေါ်လာ သန်းချီ ဆက်လက် ဝယ်ယူနေပါက ဒေါ်လာစျေးနှုန်းသည် တစ်ဒေါ်လာ ၁၅၀၀ ကျပ်အောက်သို့ ပြန်လည် ကျဆင်းနိုင်ကြောင်း ငွေလဲလှယ်ဒိုင်များက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
Photo Credit - Reuters

No comments:

Post a Comment

My Blog List