Wednesday, December 04, 2019

၂ဝ၂ဝ ရွေးကောက်ပွဲအတွက် ဘယ်ပါတီကိုမှ အနုပညာနဲ့အောင်နိုင်ရေး မလုပ်တော့ဘူးဆိုတဲ့ အကယ်ဒမီထွန်းအိန္ဒြာဗို

Image may contain: 1 person
၂ဝ၂ဝ ရွေးကောက်ပွဲမှာ ဘယ်ပါတီကိုမှ ကိုယ်စားပြုပြီး အနုပညာအလုပ်နဲ့ ပါတီအောင် နိုင်ရေးလုပ်ငန်းတွေကို လုပ်မှာမ ဟုတ်တော့ဘူးလို့ အကယ်ဒမီ ထွန်းအိန္ဒြာဗိုက တူမောရိုးသတင်း ဂျာနယ်ကို ပြောပါတယ်။
“ကျွန်မ ၂ဝ၁၅ ခုနှစ်တုန်းက ကျွန်မတို့တိုင်းပြည်အတွက် အ ရေးကြီးတဲ့ အပြောင်းအလဲဖြစ် တယ်လို့ ခံယူတဲ့အတွက် ကျွန်မ အားတက်သရော နိုင်ငံရေးကိစ္စ တွေကို ဆောင်ရွက်ပေးခဲ့ပါတယ်။ အဲဒီလို ြူီ ဘက်ကနေ လုပ် နေတဲ့အချိန်မှာ ပြည်ခိုင်ဖြိုး ပရိ သတ်တွေက ကျွန်မကို တော် တော်မုန်းခဲ့ကြတယ်။ အခု ကျွန်မ ညီမတည်ထောင်တဲ့ ဏဏဏ ပါတီအ တွက် မဲဆွယ်ဆောင်ရွက် ပေး မယ်ဆိုရင်လည်း NLD က ပရိသတ် တွေ မုန်းကြမယ်။ ဆိုလိုတာက ကျွန်မကို အကြောင်းပြုပြီး လူ တော်တော်များများ အမုန်းတ ရားတွေ ရသွားမှာကို မလိုလား လို့ ကျွန်မအခုလို ဆုံးဖြတ်ခဲ့ရ တာပါ။ ဒါကြောင့် ဘယ်ပါတီကို မှ အနုပညာနဲ့ ပါတီအောင်နိုင် ရေးမလုပ်တော့ပါဘူး” လို့ တူမောရိုးဂျာနယ်ရဲ့ မေးမြန်းမှုအပေါ် သူမကအခုလို ပြန်လည် ဖြေကြား ခဲ့တာဖြစ်ပါတယ်။

အကယ်ဒမီထွန်းအိâန္ဒာဗို ဟာ ၂ဝ၁၅ ရွေးကောက်ပွဲကာ လမှာ နိုင်ငံရဲ့အရွေ့တစ်ခုဖြစ် စေဖို့အတွက် NLD ပါတီဘက် က ပါတီအောင်နိုင်ရေးလုပ်ငန်း တွေကို ထဲထဲဝင်ဝင် ဆောင်ရွက် ခဲ့သူတစ်ယောက်ဖြစ်ပါတယ်။
အကယ်ဒမီထွန်းအိန္ဒြာဗိုရဲ့ ညီမဖြစ်သူ ဒဂုံမြို့နယ် မဲဆန္ဒနယ် မှ ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် ဒေါက်တာသက်သက်ခိုင်က ပြည်သူ့ရှေ့ဆောင်ပါတီ (ppp) ကိုထူထောင်ပြီး လာမယ့် ၂ဝ၂ဝ ရွေးကောက်ပွဲမှာ ဝင် ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။

ပိုင်လေး

No comments:

Post a Comment

My Blog List