Monday, September 17, 2012

ဒေါ်အောင်ဆန်းစုကြည်သည် အမေရိကန်နိုင်ငံသို့ရောက်ရှိနေပြီး ဘားရက်အိုဘားမားနဲ့ တွေ့ဆုံရန်ရှိ

Monday, 17 September 2012
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က အမေရိကန်နိုင်ငံကို ရောက်ရှိနေပြီး အမေရိကန်သမ္မတ ဘားရက်အို ဘားမားနဲ့ တွေ့ဆုံမယ်လို့ သိရပြီး မြန်မာနိုင်ငံတော်သမ္မတ ဦးသိန်းစိန် က လည်းအမေရိကန်နိုင်ငံကို သီးသန့်စီသွားရောက်ဖို့ရှိပေမယ့် အမေရိ ကန် သမ္မတနဲ့ တွေ့ဆုံမူ ရှိမရှိဆိုတာတော့ မသိရသေးပါဘူး။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ပထမဦးဆုံးဖစ်ခဲ့တဲ့ထိုင်းနိုင်ငံပြည်ပခရီးစဉ်တုန်းကလဲ  ဒေါ်အောင်            ဆန်း စုကြည် သွားရောက်ချိန်နဲ့ တိုက်ဆိုင်ခဲ့တဲ့အတွက် သမ္မတက ထိုင်းခရီး စဉ်ကို ရက်ရွေ့ဆိုင်းခဲ့ ပါတယ်။

မြန်မာ့နိုင်ငံရေးစောင့်ကြည့်သူ ရီးချက် ဟော်ဆေ ( Richard Horsey) က သမ္မတဦးသိန်းစိန်အနေနဲ့ မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေး ဖြစ်ပေါ်လာအောင်ဆောင်ရွက်ခဲ့သူ အနေနဲ့ အသိအမှတ်ပြု သင့်သလောက် အသိအမှတ်ပြုမခံရတဲ့အကြောင်း၊ အကယ်၍သာ အမေရိကန်သမ္မတ က ဒေါ်အောင်ဆန်းစု ကြည်နဲ့တွေ့ဆုံပြီး သမ္မတဦးသိန်းစိန်နဲ့ မတွေ့ ဆုံဘူးဆို ရင် မသင့်တော်ဘူး လို့ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၁၈ ရက်ကြာ အမေရိကန်နိုင်ငံကို လည်ပတ်ဖို့အတွက် မနေ့က ရန်ကုန်မြို့ကနေ ထွက်ခွာခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ အမေရိကန်သံအမတ် ဒဲရစ် မစ်ချဲလ် (Derek Mitchell) လဲ လိုက်ပါသွားတယ်လို့ သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က အမေရိကန်နိုင်ငံမှာ အရပ်သားတွေကိုပေးအပ်တဲ့ အမြင့်ဆုံး ကွန်ဂရက် ရွှေတံဆိပ်ကိုလက်ခံ ရ ရှိမှာ ဖြစ်ပြီး ခရီးစဉ်အတွင်း အမေရိကန်ေ ရာက် မြန်မာပြည်ဖွားေ တွနဲ့လဲတွေ့ဆုံဖို့ ရှိတယ်လို့သိ ရပါတယ်။

မင်္ဂလာဒုံလေဆိပ်ကနေ ဒေါ်အောင်ဆန်းစုကြည် မထွက်ခွါခင်မှာ သတင်း မီဒီယာတွေဟာ ကြက်ပျံမကျ ကျိတ်ကျိတ်တိုးခဲ့တယ်လို့သိရပါတယ်။ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူ NLD အဖွဲ့ ဝင် (၃)ဦးလိုက်ပါသွား တယ်လို့ သိရပါတယ်။
news from..Radio Australia - Myanmar
 

No comments:

Post a Comment

My Blog List