Sunday, September 16, 2012

စမတ်ဖုန်းနှင့် အသုံးပြုနိုင်သည့် မိုင်းရှင်းလင်းရေးဆော့ဖ်ဝဲလ် ဗြိတိန်နိုင်ငံမှ အမျိုးသားတစ်ဦးတီထွင်

Sunday, September 16, 2012

ဗြိတိန်တော်ဝင် အင်ဂျင်နီယာ တပ်ဖွဲ့မှ ဗုံးရှင်းလင်းရေး ဆိုင်ရာ အထူး ကျွမ်းကျင်သူ တစ်ဦးဖြစ်သူ အသက် ၄၂ နှစ် အရွယ်ရှိ ရစ်ချက် စတီဗင်သည် ခရီးသွား များကို မိုင်းအန္တရာယ်မှ ရှောင်ရှားနိုင်ရန် အတွက် စမတ်ဖုန်း တွင် အသုံးပြုနိုင်သည့် ဆော့ဖ်ဝဲလ် တစ်ခုကို တီထွင်ခဲ့ကြောင်း သိရသည်။


၎င်းသည်စစ်တပ်တွင် ၂၂ နှစ် တာဝန် ထမ်းဆောင်ခဲ့ပြီး ထိုသို့ တာဝန် ထမ်းဆောင်စဉ် ကာလအတွင်း ကမ္ဘာ့နေရာ အနှံ့အပြားတွင်မိုင်းရှင်း လင်းရေးများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ နည်းစနစ်သည် အသုံးပြု သူများအတွက် မိုင်းရှာဖွေပုံ၊ ရှောင်ရှားပုံနှင့် မိုင်းပေါများသည့်ဒေသ အတွင်း သွားလာလှုပ်ရှားစဉ်မည်သို့လုပ်ဆောင်ရမည် စသည့် အချက်များကို အထောက် အပံ့ပေးနိုင် မည် ဖြစ်ကြောင်း သိရသည်။
 
မြ၀တီ

No comments:

Post a Comment

My Blog List