အမေရိကန်ကသတ်မှတ်ထားတဲ့မူးယစ်ဆေးဝါး တိုက်ဖျက်ဖို့ ပျက်ကွက်နေသေးတဲ့
နာမည်ပျက် နိုင်ငံစာရင်း ထဲမှာ မြန်မာ၊ ဗင်နီဇွဲလားနဲ့
ဘိုလီးဗီးယားနိုင်ငံတို့ကို ဆက်လက် ထည့်သွင်းထားကြောင်း အမေရိကန် အစိုး ရကမနေ့က ကြေညာလိုက်ပါတယ်။
ဒါပေမယ့် လွန်ခဲ့တဲ့ ၂၀၀၂ ခုနှစ်ကတည်းက မူးယစ်ဆေးဝါး နာမည်ပျက်
နိုင်ငံစာရင်းမှာ ပါဝင်ခဲ့ တဲ့ မြန်မာနိုင်ငံဟာ ဒီနှစ်ထဲမှာ တရားမဝင်
မူးယစ်ဆေးဝါး တိုက်ဖျက်ရေးတွေကို ထူးထူးခြာြး ခား ရှေ့တိုး လုပ်ဆောင် လာတာကို
မိမိတို့ အစိုးရက သတိပြုမိကြောင်း သမ္မတ အိုဘားမားက မှတ်ချက်ပေး
ပြောဆို ပါတယ်။မြန်မာနိုင်ငံကို အခုထက်ထိ နာမည်ပျက် နိုင်ငံစာရင်းက မဖယ်ရှားသေးတာဟာ
လက်တွေ့မှာ မြန် မာနိုင်ငံတွင်း မူးယစ်ဆေးဝါးတွေ ဆက်လက်ထွက်ရှိနေတာကြောင့်
ဖြစ်တယ်လို့ ရှမ်းပြည်နယ် မူးယစ်ဆေး ဝါး စောင့်ကြည့်အဖွဲ့က ဦးခွန်ဆိုင်းက
RFA ကို ပြောပါတယ်။
- "ပြီးခဲ့ ၂ နှစ်ကဆိုရင် အများကြီးမကောင်းဘူး။ သို့သော်လည်းပဲ ၂၀၁၁-၂၀၁၂ ရာသီက အများကြီးေ ကာင်းလာတယ်။ ဒီရာသီဥတုက ကောင်းတဲ့အတွက်ကြောင့်မို့လို့ ဘိန်းအထွက်လည်း တိုးလာတယ်"
မြန်မာနိုင်ငံအနေနဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်းတွေကို
တာဝန်ရှိတာနဲ့အညီ လုပ်ဆောင်နိုင်ခြင်း မရှိသေးပေမယ့်ဘိန်းခင်းတွေပပျောက်ရေးအတွက်ကတိပြုဆောင်ရွက်တာတွေကိုအားတက်ဖွယ် မြင်တွေ့ရေ ကြာင်း၊
ဘိန်းစိုက်ခင်းတွေကို မနှစ်ကထက် ၃ ဆတိုးပြီး ဖျက်ဆီးနိုင်ခဲ့ကြောင်း
ဒါ့အပြင် တိုးတက် ပြုပြင်ြေ ပာင်း လဲမှုတွေကို လုပ်ဆောင်နေတာလည်း မြင်ရကြောင်း
သမ္မတ အိုဘားမား က ပြောဆိုလိုက် ပါတယ် ။မြန် မာနိုင်ငံမှာ ဘိန်းဖြူအပါဝင် လက်ရှိ မူးယစ်ဆေးဝါး ထုတ်လုပ်နေတဲ့ အကြောင်းတွေနဲ့ ပတ်သက်ပြီး ကိုဥာဏ်ဝင်းအောင်က တင်ပြထားပါတယ်။
RFA
No comments:
Post a Comment