Sunday, September 16, 2012

ဘူးသီးတောင် - မောင်တောမြို့နယ်တွင် ပဋိပက္ခစုံစမ်းစစ်ဆေးရေးကော်မရှင် (၃) ရက်ကြာ မေးမြန်းစစ်ဆေး

Sunday, 16 September 2012
ရခိုင်ပြည်နယ်အတွင်း ဇွန်လ (၈) ရက်နေ့က အကြမ်းဖက် စတင်ဖြစ်ပွားခဲ့သော အခြေအနေမှန်ကို စုံစမ်းစစ်ဆေးရန် ဖွဲ့စည်းထားခဲ့သော (၂၇) ဦးပါ စုံစမ်းစစ်ဆေးရေးကော်မရှင်မှာ တနင်္လာနေ့က ဘူးသီးေ တာင်-မောင်တောမြို့နယ်သို့ ဆိုက်ရောက်လာပြီး ရခိုင်-ဘင်္ဂလီအကြား (၃) ရက်တိုင် တိုင် မေးမြန်းမှု များအား ပြုလုပ်ခဲ့ပြီး မှတ်တမ်းများ ယူဆောင်သွားခဲ့ကြောင်း မောင်တောမှ သတင်းပေးပို့ သည်။

ရခိုင်ပြည်ပဋိပက္ခ စုံစမ်းစစ်ဆေးရေးကော်မရှင်က ယင်းမေးမြန်းမှု မှတ်တမ်းများအား နယ်ပြည်တော်သို့ ပို့ဆောင်ပြီး များမကြာမီ အတွင်းတွင် ပွင့်ပွင့်လင်းလင်း ဖြေရှင်းနိုင်ရန်အတွက် နယ်ပြည်တော်မှ ကော်မရှင် လူကြီးများ ဆိုက်ရောက်လာမည်ဖြစ်ကြောင်း ပြောခဲ့သည်ဟု ဆိုသည်။ယခုရခိုင်ပြည်နယ်သို့ ရောက်ရှိနေ သည့် ကော်မရှင်ကို ဒေါက်တာ မျိုးမြင့်ဦးဆောင်ပြီး အဖွဲ့ဝင် (၁၉)ဦး လိုက်ပါလာကြောင်း သတင်းများ ထွက်ပေါ်နေသော်လည်း မောင်တောက ပူးပေါင်းဆောင်ရွက်ခဲ့သူတစ်ဦးက စုစုပေါင်း (၂၇) ဦးပါဝင်ကြော င်းနှင့် ယင်းအနက် ကော်မရှင်မှာ ဘင်္ဂလီ (၆) ဦးပါဝင်ကြောင်း ပြောသည်။

အဆိုပါ အကြမ်းဘက်ဖြစ်ပေါ်ခဲ့သည့် ပဋိပက္ခအပေါ် ကော်မရှင်အနေဖြင့် အဓိက ဒေသခံရခိုင်နှင့် ကျူးကျော်လာသူ ဘင်္ဂလီများအကြား ဖြစ်ပွားခဲ့သော နှစ်ဘက်ခေါင်းဆောင်များကို ခေါ်ယူပြီးညှိနှိုင်းမှုများ အကြမ်းအားဖြင့် စတင်ပြုလုပ် သွားခဲ့ကြောင်းနှင့် မှတ်တမ်းများလည်း ပုံစံအမျိုးစုံ၊ နည်းမျိုးစုံဖြင့် ကောက် ယူသွားခဲ့ကြောင်း မေးမြန်းမှုအတွင်း ပူးပေါင်းပါဝင် ကူညီခဲ့သူ အမည်မဖေါ်လိုသူက ပြောသည်။ကော်မရှင် ကို မောင်တောမြို့နယ်မှ လူ (၂၀၀၀) ကျော်တို့က ကြိုဆိုခဲ့ကြောင်းနှင့် ကော်မရှင်က မောင်တောမြို့နယ် (၃) မိုင်နှင့် နေ့လည် ပိုင်းတွင် နတလကျေးရွာများရှိ ဒေသခံရခိုင်များအား စတင်ကာ သွားရောက်ေ တွ့ဆုံ မေးမြန်းမှုများ ပြုလုပ်ခဲ့ကြောင်း ဆိုသည်။

ယင်းမေးမြန်း စစ်တမ်းကောက်နေချိန်တွင် ဘင်္ဂလီမူဆလင်များ၏ အန္တရာယ်ပြုလာမည်ကို စိုးရိမ်၍ လုံခြုံရေးများ တင်းကြပ်ချထား ခဲ့ကြောင်းနှင့် ဘင်္ဂလီများအား သတိပေးသည့် အခြေအနေမျိုးအထိ ရှိခဲ့ကြောင်း ပြောသည်။အဆိုပါနေ့က မောင်တောမြို့နယ်အတွင်း ဘင်္ဂလီမူဆလင်များအား သွားလာလှုပ် ရှားမှု လုံးဝမပြုလုပ်ရန်နှင့် မိမိနေအိမ်အတွင်း နေထိုင်ရန် မှာကြားထားပြီး ကော်မရှင်က ၎င်းတို့၏ ခေါင်းေ ဆာင်များအားလုံးထံသို့ သွားရောက်တွေ့ဆုံ မေးမြန်းမှုများ ပြုလုပ်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။

ကော်မတီအနေဖြင့် ဘင်္ဂလီများအား " ခင်ဗျားတို့ ဘာလူမျိုးလဲ၊ အဲသူတွေက ကျွန်တော်တို့ဟာ ရိုဟင်ဂျာ ဖြစ်ပါကြောင်း၊ ရိုဟင်ဂျာ ဆိုတဲ့ လူမျိုးအထောက်အထားတွေ ခင်ဗျာတို့မှာ ဘာတွေရှိသလဲ။ သူတို့ဆီက ၁၉၄၂/၁၉၄၇ ခုနှစ်ကတည်းက စာရွက်အထောက်အထား တွေကို ပေးအပ်ခဲ့ပါတယ်။ တဖန်ကော်မတီက မူရင်းစာရွက်ဘယ်မှာလဲ ဟုထပ်မေးပြန်တယ်။ သူတို့ဆီမှာရှိကြောင်း၊ လိုအပ်တဲ့ နေရာ မှာ အသုံးပြုနိုင်အောင် သိမ်းထားခြင်းဖြစ်ကြောင်းနှင့် ၎င်းတို့၏ လူသေ၊ အိမ်မီးလောင်၊ ဗလီ စသည့်အပျက်အစီး စာရင်းများ ပေးအပ် ခဲ့ကြောင်း။ ဒါပေမဲ့ ကော်မရှင်က မိုဘိုင်းဖုံးဖြင့် မူရင်းကို ဓါတ်ပုံရိုက်ယူသွားခဲ့ကြောင်း။ " ဟု လိုက်ပါဆောင်ရွက် ကူညီပေးခဲ့သူက ပြောသည်။

စက်တင်္ဘာ (၁၁) ရက်နေ့တွင် ကော်မရှင်က ယင်းဘင်္ဂလီမူဆလင်များမှ ယောက်ျား (၃) ဦးနှင့် အမျိုးသမီး (၂) ဦး ခေါင်းဆောင်ရွေးချယ်ပြီး မောင်တောမြို့သို့ ထပ်မံမေးမြန်းရန် ခေါ်ဆောင်မှုအား မူဆလင်များက မကြေနပ်မှုများဖြစ်ကာ အကြမ်းဖက်မှုများ ပြုလုပ်ရန် နံနက်တွင် လုံဆော်မှုများ ဖြစ်ပေါ်ခဲ့သော် လည်း ခေါ်ဆောင်ခြင်းခံရသူများမှာ ပြန်လာခဲ့၍ ပြေငြိမ်းသွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။" ကော်မရှင်က ရခိုင်တွေနဲ့ အတူနေထိုင်ဖို့ကိစ္စ ဘယ်လိုသဘောရှိသလဲလို့ မေးပါတယ်၊ အဲဒီခေါ်ယူလာတဲ့သူတို့က ရခိုင်တွေ ဘာမဆိုအခွင့်အရေးရသလို ကျွန်တော်တို့ရရင် နေထိုင်ပါတယ်လို့ ဖြေခဲ့ပါတယ်။ " ဟု ဆက်လက်ရှင်းပြသည်။

ကော်မရှင်က မောင်တောမြို့ရှိ ဆိ(က်)ဒါရ်ပါရာ မူဆလင်ဘုရားဝတ်ပြုကျောင်းသို့ စက်တင်္ဘာ (၁၁) ရက်နေ့က သွားရောက်ခဲ့ကြောင်းနှင့် Mr. Joseph Yunနှင့်အဖွဲ့ ရခိုင်ပြည်သို့ ရောက်လာခဲ့သော အချိန်မှစတင်၍ ရခိုင်-ဘင်္ဂလီ ပဋိပက္ခ စစ်တမ်းများကို ကောက်ယူနေခြင်း ဖြစ်သည်။ကော်မရှင် အကြီးအကဲက ကျွန်တော်တို့မှာ အချိန်အနည်းသာ ရှိကြောင်း၊ အဲဒါကြောင့် ပြန်သွားခဲ့ရခြင်းဖြစ်ကြောင်း၊ ပထမဆုံး အနေဖြင့် နှစ်ဦးနှစ်ဖက်ခေါ်ပြီး ပြုလုပ်ရန် လာရခြင်းဖြစ်ကြောင်း၊ (၁၅) ရက်နေ့ နယ်ပြည်တော်က ဆုံးဖြတ်တဲ့အခါ ပွင့်ပွင့်လင်းလင်း ပဋိပက္ခကို ဖြေရှင်းနိုင်ရေးအတွက် တခြားလူကြီးတွေလာေ ရာက်ပြီး ဆောင်ရွက်ပေးမည်ဖြစ်ကြောင် ပြောခဲ့သည်ဟု ဖွင့်ဟပြောဆိုသည်။

ကော်မရှင်က ရခိုင်-ဘင်္ဂလီ ခေါင်းဆောင်များကို ရွေးချယ်ယူပြီး ပထမဆုံးအနေဖြင့် လောလော ဆယ် တွေ့ဆုံပေးခဲ့ကြောင်းနှင့် ကော်မရှင်အပါအ၀င် စစ်တပ်အရာရှိများမှာ ဘူးသီးတောင်မြို့ ဗျူဟာတွင် အစည်းအဝေးတစ်ခုပြုလုပ်ခဲ့ပြီး နယ်ပြည်တော်သို့ စစ်တွေမြို့သို့ ဟယ်လီကော်ပတာဖြင့် ထွက်ခွာသွားေ ကြာင်း ဆိုသည်။စက်တင်္ဘာလ (၁၂) ရက်နေ့က ရခိုင်နှင့်အတူ ရခိုင်ပြည်တွင် ဆက်လက်နေထိုင်နိုင်ရေး အတွက် ကော်မရှင်ဝင် မူဆလင်အမတ် ဦးအောင်ဇော်ဝင်းနှင့် မူဆလင် စုစုပေါင်း (၁၀၀) ကျော်တို့ အစည်းအဝေးများ မောင်တောနှင့် ဘူးသီးတောင်မြို့နယ်များတွင် ပြုလုပ်ခဲ့ကြောင်း ဒေသခံမျိုးချစ်များက သတင်းပေးပို့ထားသည်။ယခုကဲ့သို့ မောင်တော-ဘူးသီးတောင်မြို့နယ်တွင် ပဋိပက္ခများ ဆက်လက်မဖြစ်စေရေးနှင့် ညှိနှိုင်းအဖြေရှာနေချိန်တွင် ဘင်္ဂလီ မူဆလင်များက ကံသာယာကျေးရွာမှ ဦးအောင်လှဖြူ ရခိုင်အမျိုးသားတဦး ဇနီးဖြစ်သူနှင့် လယ်တဲတွင် ရှိနေခိုက် သောကြာနေ့ ညနေဘက် ဓါးများဖြင့် တိုက်ခိုက်ခဲ့ခြင်းကြောင့် မောင်တောဆေးရုံသို့ ရောက်ရှိနေကြောင်း သတင်းရရှိသည်။

ထို့ပြင်မာင်တောမြို့နယ်သို့ရခိုင်ပြည်နယ်တိုင်းမှူးဖြစ်ခဲ့သူ(ပြည်ထဲရေးဝန်ကြီးဟောင်း) ဖြစ်သည့်အပြင် ပြည်ခိုင်ဖြိုး တာဝန်ခံ ဦးမောင်ဦး၊ ဗိုလ်ချုပ်ဘုန်းဆွေနှင့် မူဆလင် လွတ်တော် ကိုယ်စားလှယ် အောင်ဇော်ဝင်း တို့ ရောက်ရှိနေပြီး အခင်းဖြစ်ပွားမှုနှင့် တိုက်ဆိုင်နေသည်မှာ ထူးခြားနေသည်။လွန်ခဲ့သော စက်တင်္ဘာ (၇) ရက်နေ့က စတင်ပြီး ရခိုင်ပြည် စစ်တွေမြို့သို့ ရောက်ရှိလာသော ကော်မရှင်ဝင် ဒေါက်တာမျိုးမြင့် ဦးဆောင်သော အဖွဲ့မှာ (၈) ရက်နေ့က ကျောက်တောမြို့သို့ သွားရောက်စစ်ဆေးမှု မှတ်တမ်းများ စတင်ရယူခဲ့ကြောင်း၊ မြောက်ဦးမှ ဘူးသီးတောင်-မောင်တောမြို့နယ်အပြင် စစ်တွေတွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခများ၏ မှတ်တမ်းများကို ရယူပြီး ယနေ့ (တနင်္ဂနွေ) နယ်ပြည်တော်သို့ ပြန်မည်ဖြစ်ကြောင်း သိရှိရသည်။
 
arakantimes.net

No comments:

Post a Comment

My Blog List