Wednesday, July 04, 2012

iPad အမည်ကိစ္စ Apple ဒေါ်လာ သန်း ၆၀ ပေးလျော်လိုက်



တရုပ်နိုင်ငံမှာ iPad အမည် ပိုင်ဆိုင်ခွင့်နဲ့ ပတ်သက်ပြီး အငြင်းပွားမှုတွေ အဆုံးသတ်သွားစေတဲ့ ဆုံးဖြတ်ချက် တခုကို တရုတ် တရားရုံး တခုက ပြီးခဲ့တဲ့ ဇူလိုင်လ ၂ ရက်နေ့က ကြေညာခဲ့ပါတယ်။ ဒါကတော့ ကမ္ဘာကျော် Apple က တရုပ်နိုင်ငံ မှာ iPad အမည်ကို ပိုင်ဆိုင်ထားတဲ့ Proview ကုမ္ပဏီကို အမေရိကန် ဒေါ်လာ သန်း ၆၀ ပေးလျော်ဖို့ ဖြစ်ပါတယ်တဲ့။

အဓိက တရုတ်ဈေးကွက်မှာ လူကြိုက်များတဲ့ Tablet computer နဲ့ပတ်သက်တဲ့ အရောင်းဈေးကွက်မှာ အဟန့်အတားဖြစ် နေတာကို ဖယ်ရှားနိုင်ဖို့ အခုလို ဆုံးဖြတ်တာလို့လည်း AP သတင်းဌာနမှာ ဖော်ပြ ထားပါတယ်။

တရုတ်နိုင်ငံဟာ အမေရိကားပြီးရင်း Apple ရဲ့ ဒုတိယအကြီးဆုံး ဈေးကွက်လည်းဖြစ်ပါတယ်။ တရုတ်နိုင်ငံ စီးပွားရေး ဖွံ့ဖြိုး တိုးတက်ဖို့ နည်းပညာ ရင်းနှီးမြှုပ်နှံချင်သူတွေကို တရုတ် ကွန်မြူနစ်ပါတီက ဆွဲဆောင်ချင်တဲ့ အတွက် Apple နဲ့ တရုတ် Shenzhen Proview Technology အငြင်းပွားမှုက စိန်ခေါ်မှုတခု အဖြစ်လည်း ပုံပေါ်ခဲ့တယ်။

“ iPad အငြင်းပွားမှု အဖြေရှာတာ အခုအဆုံးသတ်သွားပါပြီ။ ကြားဝင်ဆောင်ရွက်ပေးမှုရဲ့ မေတ္တာရပ်ချက် အတိုင်း Guangdong တရားရုံးချုပ်ရဲ့ ဘဏ် စာရင်းထဲကို Apple ကုမ္ပဏီကလည်း အမေရိကန် ဒေါ်လာ သန်း ၆၀ လွှဲပေးပြီးသွား ပါပြီ” လို့ Guangdong တရားရုံးချုပ်ရဲ့ ကြေညာချက်က ဆိုပါတယ်။


ရှန်ဟိုင်းမြို့က DeBund Law Office က ရှေ့နေတဦးဖြစ်တဲ့ You Yunting ကတော့ “Apple ဟာ ဒီ သန်း ၆၀ တန် အ လျော် အစား လုပ်လိုက်တာဟာ တရုပ်ဈေးကွက်က ၀ယ်လိုအား အလွန်ကြီးတာကြောင့် Apple အတွက် တော့ ကောင်း တဲ့ အပေးအယူ လုပ်လိုက်တာပါဘဲ” လို့ မှတ်ချက်ပေးပါတယ်။

တရုတ်နိုင်ငံမှာ iPad ရဲ့ အမည်ကို ပိုင်ဆိုင်ထားတဲ့ Proview ကုမ္ပဏီရဲ့ ရှေ့နေ Xie Xianghui ကလည်း
“ ဒါက ၂ ဘက်လုံး လက်ခံနိုင်တဲ့ ရလာဒ်ပါ” လို့ ပြောပါတယ်။


ဧရာဝတီ(Blog)

No comments:

Post a Comment

My Blog List