Tuesday, July 03, 2012

"၃၃၀ လွှတ်ပေးပါ"

ဒီနေ့ ပြုလုပ်တဲ့ NLD သတင်းစာရှင်းလင်းပွဲ (ဓာတ်ပုံ - ဧရာဝတီ)

NLD ရဲ့ စာရင်းမှာ ပါဝင်တဲ့ နိုင်ငံရေးအကျဉ်းသား အားလုံးကို လွှတ်လိုက်ပါ လို့ ဒေါ်အောင်ဆန်းစုကြည်က ဒီမနက် ရန်ကုန်မှာ ပြုလုပ်တဲ့ NLD သတင်းစာရှင်းလင်းပွဲမှာ ပြောလိုက်ပါတယ်။

“နိုင်ငံရေး အကျဉ်းသားတွေနဲ့ ပတ်သက်လို့ အားလုံး လွှတ်ပေးပါ။ ကျမတို့ စာရင်းက ၃၃၀ ကျန်ရှိနေသေးတယ်။ ၃၃၀ လုံး လွှတ်ဖို့ တောင်းဆိုပါတယ်” တဲ့။

နိုင်ငံရေးအကျဉ်းသား တချို့ လွတ်မြောက်လာတယ် လို့ ဒီမနက် သတင်းထွက်လာချိန်မှာ ဒေါ်အောင်ဆန်းစုကြည်က ဒီလို ပြောလိုက်တာ ဖြစ်ပါတယ်။

ရှင်းလင်းပွဲမှာ NLD ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းလည်း တက်ရောက်ပါတယ်။

သူက ရွေးကောက်ပွဲကော်မရှင်ရဲ့ မကြာသေးခင်က အကြောင်းကြားချက်ဖြစ်တဲ့ အခြေခံဥပဒေကို လေးစားလိုက်နာတဲ့အနေနဲ့ Myanmar လို့ပဲ သုံးပါ (Burma လို့ မသုံးနဲ့) ဆိုတာကိုနဲ့ ပတ်သက်ပြီး အခုလို ပြောကြားလိုက်ပါတယ်။

“ကျနော်တို့ လိုက်နာကြရမယ့် ဖွဲ့စည်းပုံ အခြေခံဥပဒေက မြန်မာပြည်မှာ ဘယ်နှစ်ခုရှိလဲ။ တခုပဲရှိတယ်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ။ ဒီထက်ပိုရှင်းအောင် ပြောရရင် ဗမာလိုပဲ ရှိတယ်၊ ဗမာစာနဲ့ပဲ ရှိတယ်၊ အင်္ဂလိပ်လိုမရှိပါဘူး။ ပြည်ထောင်စုကော်မရှင်က ပြောနေတာက အင်္ဂလိပ်လို ပြောနေတာ။ အင်္ဂလိပ်လို ဖွဲ့စည်းပုံ အခြေခံဥပဒေ တိုင်းပြည်မှာ မရှိဘူး”

ဦးဉာဏ်ဝင်း ပြောပြသွားတာပါ။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥရောပခရီးစဉ်အကြောင်း ရှင်းလင်းချက် သတင်းကို ဧရာဝတီ ပင်မ စာမျက်နှာမှာ မကြာခင် ဖတ်ရှုနိုင်တော့မှာပါ။

ဧရာဝတီ(Blog)

No comments:

Post a Comment

My Blog List