Saturday, July 07, 2012

သူတို့ ပြန်လွတ်လာကြတယ်



ဓာတ်ပုံ- (၈၈)
ယမန်နေ့ညက ဖမ်းဆီးခံခဲ့ရသော ဒီငြိမ်းလင်း၊ စည်သူမောင်၊ ရဲမြတ်ဟိန်းနှင့် ဖြိုးဖြိုးအောင် တို့ ၄ ဦး ယနေ့ နံနက် ၁၁း၀၀ နာရီတွင် 7 July အခမ်းအနား ကျင်းပပြီးစီးပြီးနောက် ပြန်လည် လွတ်မြောက်လာပြီ ဖြစ်တယ်လို့ ၈၈ မျိုး ဆက် ကျောင်းသားခေါင်းဆောင် ကိုအံ့ဘွယ်ကျော်က အတည်ပြုပြောကြားပါတယ်။

မန္တလေးဘက်က ဖမ်းဆီးခံရသူများ၊ တခြားနယ်မြို့များမှာ ယမန်နေ့ညက ဖမ်းဆီးခံခဲ့ရသူတွေ ပြန်လွတ်၊ မလွတ် သတင်း မရသေးပါဘူး။

ယမန်နေ့ညကတည်းက ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များဖြစ်ကြတဲ့ ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဌေးကြွယ်၊ ကိုပြုံးချိုတို့ဟာ ကျောင်းသားများ ဖမ်းဆီးခံခဲ့ရတာနဲ့ပတ်သက်လို့ သက်ဆိုင်ရာ အစိုးရ တာဝန်ရှိသူတွေဆီကို ဖုန်းဆက် မေးမြန်းမှုများလည်း လုပ်ခဲ့တယ်လို့ ၈၈ ကျောင်းသားများက ပြောပြပါတယ်။

ယနေ့ နေ့ခင်း ၁၁း၀၀ နာရီတိတိတွင် ညက အဖမ်းဆီးခံထားရသူများဖြစ်သည့် ဒီငြိမ်းလင်း၊ စည်သူမောင်၊ ရဲမြတ်ဟိန်းနှင့်မဖြိုးဖြိုးအောင်တို့ ပြန်လည်လွတ်မြောက်လာခြင်းဟာ အခမ်းနားပြီးဆုံးချိန်နှင့် အချိန်ကိုက် လွှတ်ပေး လိုက်ခြင်းဟု ယူဆရကြောင်း ၈၈ မျိုးဆက်ကျောင်းသားများက ဆိုပါတယ်။

နှစ်ငါးဆယ်ပြည့် 7 July အခမ်းအနားကို တားဆီးပိတ်ပင် ဖမ်းဆီးမှုများကြားမှပင် ယနေ့ ( ၂၀၁၂ ခုနှစ် ဇူလိုင်လ ၇ ရက် ) နံနက် ၉း၀၀ နာရီ၌ ရန်ကုန်မြို့ သင်္ယန်းကျွန်းမြို့နယ် ဝေဇယန္တာလမ်းရှိ ၈၈ မျိုးဆက်ကျောင်းသားများရုံးတွင် စည်ကား သိုက်မြိုက်စွာ ကျင်းပခဲ့ပါတယ်။

အဆိုပါ အခမ်းအနားတွင် အခမ်းအနားမှူးများ အဖြစ် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂဖြစ်မြောက်ရေး ကော် မတီ မှ အတွင်းရေးမှူးများဖြစ်ကြသော ကိုအောင်ကျော်နှင့် မဟန်နီဦး တို့က ဆောင်ရွက်ခဲ့ကြပြီး ဟံသာဝတီ ဦးဝင်းတင်၊ ဦးလှရွှေ ၊ မင်းကိုနိုင်၊ ကိုကိုကြီးနှင့် ကျော်ကိုကို တို့က အသီးသီး အမှတ်တရ စကားများ ပြောကြား ခဲ့ကြပါတယ်။

အခမ်းအနား မကျင်းပမီ အချိန်များတွင် နှစ် (၅၀)ပြည့် 7 July အခမ်းအနားသို့ တက်ရောက်လာကြသူများက မတရား ဖမ်းဆီးခံခဲ့ရသည့် ကျောင်းသားများဖြစ်ကြသော ဒီငြိမ်းလင်း၊ စည်သူမောင်၊ ရဲမြတ်ဟိန်း နှင့် မဖြိုးဖြိုးအောင် တို့အတွက် ချီးကျူးဂုဏ်ပြုသည့် အမှတ်တရ လက်မှတ်များကိုလည်း ရေးထိုး ဂုဏ်ပြုခဲ့ကြပါသေးတယ်။ 


ဧရာဝတီ(Blog)

No comments:

Post a Comment

My Blog List