Wednesday, July 04, 2012

ပြင်သစ်နိုင်ငံအခြေစိုက် ရုပ်သံလိုင်းတစ်ခုက မြန်မာနိုင်ငံ မြိတ်ကျွန်းစုဒေသအား ၂၀၁၂ ခုနှစ် ဒီဇင်ဘာလတွင် လာရောက် ရိုက်ကူးရန်စီစဉ်

5143
ပြင်သစ်နိုင်ငံ အခြေစိုက် ရုပ်သံလိုင်းတစ်ခုက မြန်မာနိုင်ငံ မြိတ်ကျွန်းစုဒေသအား ၂၀၁၂ ခုနှစ် ဒီဇင်ဘာလတွင် လာရောက်ရိုက်ကူးရန် အစီအစဉ်ရှိကြောင်း သတင်းရရှိပါသည်။
ပြင်သစ်နိုင်ငံ အခြေစိုက် ရုပ်သံလိုင်းဖြစ်သော TF1 သည် ၂၀၁၂ ခုနှစ် ဇွန်လ ၂၉ ရက်နေ့က နေပြည်တော်ရှိဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းဝန်ကြီးဌာနသို့ လာရောက် ကာ မြန်မာနိုင်ငံတွင် ၂၀၁၂ ခုနှစ် ဒီဇင်ဘာလအတွင်း လာရောက်ရိုက်ကူးလိုကြောင်း၊ အထူးသဖြင့် မြိတ် ကျွန်းစုဒေသကိုရိုက်ကူးထုတ်လွှင့်လို ကြောင်းဆွေးနွေးခဲ့သည်ဟု အဆိုပါ ၀န်ကြီးဌာနမှ သိရှိရသည်။

TF1 ရုပ်သံလိုင်းသည် နောင်တွင် အခွင့်အလမ်း ပေါ်ပေါက်ပါက မြန်မာနိုင်ငံ၏ အခြားသော စိတ်ဝင်စားဖွယ် ခရီးစဉ်ဒေသများ၊ ပုဂံ၊ အင်းလေးကန် စသည့်ဒေသများကိုပါ ရိုက်ကူးရန် အစီအစဉ်ရှိကြောင်း သိရသည်။
ရိုက်ကူးထားသော မှတ်တမ်းခွေများကိုလည်း ဟိုတယ်နှင့်ခရီးသွားလာရေး လုပ်ငန်းဝန်ကြီးဌာနသို့ အခမဲ့သုံးစွဲခွင့်ပြုမည်ဖြစ်ကြောင်း လာရောက်ဆွေးနွေးသည့် အဆိုပါ ရုပ်သံလိုင်းမှ တာဝန်ရှိသူများက ပြောကြားခဲ့သည်ဟုလည်း သိရှိရသည်။
မြန်မာနိုင်ငံသို့ မှတ်တမ်းရုပ်ရှင် လာရောက်ရိုက်ကူးရန် သင့်တော်သော အချိန်ကာလကို ရွေးချယ်စေလိုပြီး ရိုက်ကူးရေးကိစ္စရပ်များနှင့် ပတ်သက်၍ သက်ဆိုင်ရာ ၀န်ကြီးဌာန အသီးသီးသို့ ဆက်သွယ်မေးမြန်း ဆောင်ရွက်နိုင်ကြောင်း၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဥပဒေများကို သေချာစွာလေ့လာ၍ ဆောင်ရွက်စေ လိုကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းဝန်ကြီးဌာနမှ ဒုတိယ၀န်ကြီးဦးဌေးအောင်က ပြန်လည် ဆွေးနွေးခဲ့သည်ဟု သိရှိရသည်။
ပြင်သစ်နိုင်ငံ အခြေစိုက် ရုပ်သံလိုင်း TF1 သည် ဥရောပရုပ်သံလိုင်းများ အနက် နံပါတ်(၁)နေရာတွင် ရှိနေကာ အပတ်စဉ်ကြည့်ရှုသူပေါင်း ခုနစ်သန်းမှ ရှစ်သန်းခန့်ရှိနေသည် ဟု အဆိုပါ ရုပ်သံလိုင်းမှ ရှင်းလင်းမှုများတွင် ပါရှိသည်။
TF1သည် လွန်ခဲ့သည့် ၁၅ နှစ်တာကာလအတွင်း ထိုင်း၊ ကမ္ဘောဒီးယား၊ ဖိလစ်ပိုင် စသည့် အရှေ့ တောင်အာရှနိုင်ငံများနှင့် လက်တင် အမေရိကနိုင်ငံများတွင် ရိုက်ကူး ထုတ်လွှင့်ခဲ့သည်။
ယခု လာရောက်ရိုက်ကူးရန် အစီအစဉ်ရှိနေသည့် မြိတ်ကျွန်းစု ဒေသသည် မြန်မာနိုင်ငံတောင်ပိုင်း တွင် တည်ရှိသော နာမည်ကျော်ခရီး သွားဒေသဖြစ်ကာ ကျွန်းပေါင်း ၈၀၀ ကျော်နှင့်ဖွဲ့စည်းထားခြင်း၊ မ ပျက်စီးသေးသော သဘာဝအလှအပများကို တွေ့မြင်နိုင်ခြင်း၊ ပင်လယ် ရေအောက်သဘာဝကို လေ့လာနိုင်ခြင်း၊ ဆလုံတိုင်းရင်းသားများ၏ လူနေမှုဘ၀ကို လေ့လာနိုင်ခြင်းစသော အချက်များသည် မြိတ်ကျွန်းစုဒေသ ၏ ခရီးသွားဆွဲဆောင်မှု ဖြစ်နေသည်ဟု သိရှိရသည်။
 
 http://news-eleven.com/
 

No comments:

Post a Comment

My Blog List