Wednesday, July 04, 2012

မန္တလေးတိုင်း ဒေသကြီး တံတားဦး မြို့နယ်တွင် ဟိုတယ်ဇုန် အသစ် တိုးချဲ့ တည်ဆောက်ရန် အတွက် စီစဉ်


From : MRTV-4မန္တလေးတိုင်း ဒေသကြီး အတွင်းရှိ တံတားဦး မြို့နယ်ရှိ ဒေသ အချို့တွင် ဟိုတယ်ဇုန်သစ် တိုးချဲ့ တည်ဆောက်ဖို့ အတွက် မန္တလေး ဟိုတယ်ဇုန်မှ တာဝန်ရှိ
သူတွေနဲ့ ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူတွေ ညှိနှိုင်း ဆောင်ရွက်မှုတွေ ပြုလုပ်လျက် ရှိတယ်လို့ မန္တလေးတိုင်း ဟိုတယ်ဇုန်မှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ အဆိုပါ မန္တလေးတိုင်း ဒေသကြီးတွင် ဟိုတယ်ဇုန်သစ် တိုးချဲ့
တည်ဆောက်ရာ မှာတော့ ဧရာဝတီမြစ်ဘေး မှာရှိတဲ့ ရှမ်းကလေးကျွန်းဒေသ၊ ပြင်ဦးလွင်မြို့နယ် အတွင်းမှာ ရှိတဲ့ ပြင်ဇာကျေးရွာ၊ မန္တလေးတိုင်း ဒေသကြီး တံတားဦး မြို့နယ် အတွင်းရှိ အင်းဝဒေသ စတဲ့ နေရာ ၃၀ နေရာထဲမှ မန္တလေးတိုင်း ဒေသကြီး တံတားဦး မြို့နယ် အတွင်းရှိ အင်းဝ ဒေသမှာ ဟိုတယ်ဇုန် ဆောက်ရန် အတွက် အကောင်းဆုံး နေရာအဖြစ် သတ်မှတ်ပြီး ရွေးချယ် ထားခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ နေရာမှာ ဟိုတယ်ဇုန်သစ် ဆောက်ဖို့အတွက် ယခင်က စီစဉ်ခဲ့ပေမယ့် ရှေးဟောင်း ယဉ်ကျေးမှု နယ်မြေထဲမှာ ပါဝင်နေ တာကြောင့် ဟိုတယ်ဇုန် တည်ဆောက်မှုကို ခေတ္တဆိုင်းငံ့ ထားခဲ့တယ်လို့ သိရပါတယ်။ လက်ရှိ မှာတော့ ယခင် အကောင်အထည် ဖော်မယ့်နေရာ မဟုတ်ဘဲ တံတားဦး မြို့နယ် အတွင်းက အခြားနေရာ ဒေသတစ်ခုကို ထပ်မံ ရွေးချယ်ပြီး ဆောင်ရွက် သွားမှာ ဖြစ်ပါတယ်။ ယခုလက်ရှိမှာ မြန်မာ တစ်နိုင်ငံလုံးမှာ ယဉ်ကျေးမှု ၀န်ကြီးဌာနမှ ရှေးဟောင်း ယဉ်ကျေးမှုအမွေ အနှစ်များကို ထိန်းသိမ်း ထားတဲ့ ဇုန်အဖြစ် နေရာ ၄၂ နေရာကို သတ်မှတ် ထားတာ ဖြစ်တယ်လို့ သိရပါတယ်။

No comments:

Post a Comment

My Blog List