Monday, July 02, 2012

Burma - Myanmar ဘယ်ဟာကို သုံးမလဲ


https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg7CPKoMEg6jS1CG0oP0FobNuf_oZ85hIshqZ6cMM7SNwZZuNo9Awy0QMiGbc6xHKrvkvysOHKosymeomyvCPxZTTviZ7FtlSjIqjKxC2MDpxZilHgt5QDFdBwSsU3ww89nBqPewAssIQut/s1600/0ioie00009oidre.jpg

ဒေါ်အောင်ဆန်းစုကြည်က ဇွန် ၁၃-၃၀ ဥရောပခရီးစဉ်တလျှောက် ဟောပြောချက်၊ ဆွေးနွေးမှု၊ သတင်းစာရှင်းလင်းပွဲတွေမှာ မြန်မာပြည်ကို Burma လို့ပဲ ခေါ်ခဲ့ပါတယ်။

ခရီးစဉ်အဆုံးသတ်ချိန်မှာ ရွေးကောက်ပွဲကော်မရှင်က ဒီအကြောင်းကို သတင်းစာကတဆင့် အများသိအောင် သဘောထားကြေညာချက် ထုတ်လိုက်ပါတယ်။

မြန်မာနိုင်ငံအမည်ဖော်ပြတဲ့အခါ Burma အစား Myanmar လို့သာ သုံးနှုန်းဖို့ NLD ကို အသိပေး အကြောင်းကြားထားပါတယ်တဲ့။

ရွေးကောက်ပွဲကော်မရှင်ရဲ့ အကြောင်းကြားစာဟာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း သတင်းလောက၊ မြန်မာ့နိုင်ငံရေးလောကကို ကိုင်လှုပ်လိုက်ပါတယ်။

Burma - Myanmar ဝေါဟာရ ငြင်းခုန်မှုတွေလည်း ပေါ်ပေါက်လာပါတယ်။

စာဖတ်သူကရော နိုင်ငံအမည်ကို အင်္ဂလိပ်ဘာသာနဲ့ ဖော်ပြတဲ့အခါ ဘယ်လို သုံးချင်ပါသလဲ။ ဒီအကြောင်း ဧရာဝတီ ဘလော့မှာ စစ်တမ်း ကောက်နေပါပြီ။

ဒီ စစ်တမ်းမှာ ရွေးချယ်စရာ ၃ ခု တွေ့ရမှာပါ။

၁။ အခြေခံဥပဒေမှာ ပြဋ္ဌာန်းထားတဲ့အတိုင်း Myanmar လို့ သုံးမယ်။

၂။ နိုင်ငံအမည်ပြောင်းချိန်မှာ လူထုကိုမတိုင်ပင်ခဲ့ဘူး၊ ဒါကြောင့် Burma လို့ ဆက်သုံးမယ်။

၃။ ဘယ်လိုသုံးရမယ်ဆိုတာ မဆုံးဖြတ်ရသေးပါ။

အင်္ဂါနေ့ မြန်မာစံတော်ချိန် နေ့ခင်း ၁း၀၀ နာရီအထိ ဆန္ဒထုတ်ဖော်နိုင်ပါတယ်။
အဲဒီအချိန်ကျော်ရင်တော့ ရလဒ်နဲ့ ပတ်သက်ပြီး ဒီဘလော့မှာပဲ ထုတ်ပြန်သွားမှာ ဖြစ်ပါတယ်။

ဧရာဝတီ(Blog)

No comments:

Post a Comment

My Blog List