Tuesday, July 03, 2012

ရွှေလိပ်ပြာ ကျော်မောက်သဖြင့် တော်ကောက်



ဓာတ်ပုံ- Richard Htun

မြန်မာ နန်းမျိုး နန်းနွယ် တော်ဝင်မိသားစုတခုရဲ့ စံခန်းဝင် မင်္ဂလာ ဖိတ်ကြားစာ တခုပါ။ များသောအားဖြင့် မြန်မာတွေဟာ မင်္ဂလာ ဖိတ်ကြားစာတွေ၊ အခြား ဖိတ်စာတွေမှာ
ယောင်္ကျားကို ဦးစားပေးပြီး ထည့်သွင်းရေးသားလေ့ရှိပါတယ်။
တော်ဝင်တွေကတော့ ဒီလိုမဟုတ်ပါဘူး။ တော်ဝင်သူ မင်္ဂလာ ဆောင်ဖိတ်စာလည်း တော်ဝင်နွယ်ကိုသာ ဦးစားပေး ရေးသားလေ့ရှိကြတာပါ။

တော်ဝင်မျိုးနွယ်တွေက မိန်းကလေးတဦး၊ ယောင်္ကျားလေး တဦးကို လက်ထပ်ပေါင်းသင်းတာ ကို တော်ကောက်တယ် လို့ ဆိုကြပါတယ်။

အခုဖိတ်စာပါ တော်ဝင်အမျိုးသမီးကတော့ ရွှေလိပ်ပြာ ကျော်မောက်သဖြင့် တော်ကောက်ကျွေးမွေးလိုပါကြောင်း မင်္ဂလာ ဧည့်ခံပွဲကို ဖိတ်ကြားထားပါတယ်။ ဒါကလည်း ထုံးစံတခုပါဘဲ။

တော်ဝင် အသုံးအနှုန်းတွေဟာ အရပ်ဘက် မြန်မာစာအသုံးအနှုန်းတွေနဲ့ မတူပါဘူး။

မြန်မာ့နန်းဆက် တော်ဝင်မျိုးတွေ ယခုထိ အထင်အရှားရှိနေဆဲပါ။

ဧရာဝတီ(Blog)

No comments:

Post a Comment

My Blog List