Friday, July 06, 2012

Google က သတင်းအချက်အလက်တွေ မျှဝေသွားဖို့ အစိုးရတွေကို တိုက်တွန်း



သဘာဝ ဘေးအန္တရာယ်တွေ ကြုံဆုံရခိုက်မှာ အင်တာနက်ကို ကောင်းကောင်း အသုံးပြုပြီး နိုင်ငံသားတွေကို သတင်း အချက် အလက်အလျှင်အမြန် တုံ့ပြန်မျှဝေပေးတာက ပိုကောင်းမွန်အောင်တဲ့ လုပ်ရပ်ဖြစ်လို့ အစိုးရတွေ အနေနဲ့ ဒါကို ခွင့်ပြုလုပ်ဆောင်သင့်တယ်လို့ ဂူးဂဲလ်က ပြီးခဲ့တဲ့ တနင်္လာနေ့က တိုက်တွန်း လိုက်ပါတယ်။

ဂျပန်နိုင်ငံမှာ ကျင်းပတဲ့ ငလျင်ဆိုင်ရာ ဆွေးနွေးဖလှယ်ပွဲတခုမှာ ဂူးဂဲလ်ရဲ့ လူထု ဆက်ဆံရေး မူဝါဒ ဆိုရာ အဖွဲ့အစည်းကြီးရဲ့ ပထမ ဒု ဥက္ကဌ Rachel Whetstone က တချို့နိုင်ငံတွေက သတင်းအချက်အလက်တွေ လွပ်လွပ်လပ်လပ်စီးဆင်းခွင့်ပေးဖို့ကို တွန့်ဆုတ်နေကြတယ်။လို့ ပြောသွားပါတာကို Yahoo News အွန်လိုင်း စာမျက်နှာမှာ ဖော်ပြထားပါတယ်။

ဒါဟာ အကူအညီလိုအပ်နေတဲ့ နိုင်ငံသားတွေကို ၀န်ဆောင်မှု အသစ်တွေ ဖန်တီးပေးခြင်းကနေ လူထုအခြေပြု လူ့ အဖွဲ့ အစည်းကို ကာကွယ်ပေးရာလည်း ရောက်ပါတယ်လို့ သူမက ဆက်ပြောခဲ့ပါတယ်။

“ကျမတို့ အခိုင်အမာ တွေ့ရှိတာက အချက်အလက် အသုံးပြုတာတွေဟာ ကျမတို့ရဲ့ ထုတ်လုပ် မှုတွေ တော်တော်များများကို တကယ် ကျယ်ကျယ်ပြန့်ပြန့်တိုးတက်နေတယ်” လို့ သူက Google ရဲ့ Big Tent ညီလာခံလို့ခေါ်တဲ့ လူ့အဖွဲ့အစည်းနဲ့ အင်တာနက် အကြား ဆက်နွယ်မှုတွေအကြောင်း ဆွေးနွေးပွဲမှာ ပြောခဲ့ ပါသေးတယ်။

ဂူးဂဲလ်ရဲ့ မြေပုံစနစ်ကို လူအများ အသုံးပြုလာတာဟာ သဘာဝ ဘေးအန္တရယ် တွေနဲ့ပတ်သက်ရင် သတင်း အချက် အလက်တွေကို အထောက်အကူပေးတဲ့အကြောင်း၊ အဓိက လူသေကြေပျက်ဆီးဆုံးရှုံးမှုတွေ များ မယ့် ဖြစ်ရပ်မျိုးတွေမှာ အစိုး ရ တွေဘက်က အင်တာနက် သတင်းစီးဆင်းမှုကို ဖွင့်ပေးလိုက်ခြင်းကြောင့် ကြိုတင်ကာကွယ်နိုင်တဲ့ နည်းလမ်း ဖြစ်လို့ ဒီလို တိုက်တွန်းတာလည်းဖြစ်ပါတယ်။

မြန်မာနိုင်ငံကတော့ အင်တာနက် အသုံးပြုသူတွေအတွက် အလွန် စိတ်ပျက်စရာ ကောင်းအောင် အင်တာနက် မြန်နှုန်းတွေ နှေးတာ၊ တော်တော်များများ အင်တာနက် စာမျက်နှာတွေကို ပိတ်ပင် ထားတာဆိုတော့ ဂူးဂဲလ်ရဲ့ တိုက်တွန်းချက်ဟာ မြန်မာအစိုးရ အတွက်တော့ အလေးထားမယ့် အရာ မဟုတ်ပါဘူး။

ပိုဆိုးတာက အင်တာနက်အသုံးပြုတာကိုက အစိုးရ ဆန့်ကျင်ရေး လုပ်နေတယ်လို့ အခု ထိ ပြုပြင်ပြောင်းလဲရေး လုပ်နေတယ်ဆိုတဲ့ အစိုးရလူကြီးတော်တော်များများ က မြင်နေသေးတယ်။

သတင်းကန့်သတ်ချုပ်ချယ်မှုအများဆုံး နိုင်ငံစာရင်းဝင်ဖြစ်လေတော့ မြန်မာနဲ့ ဂူးဂဲလ်ကြား ဘယ်တော့များမှ နားလည်မှု ရနိုင်ပါ့မလဲ မတွေးတတ်တော့ပါဘူး။

ဧရာဝတီ(Blog)

No comments:

Post a Comment

My Blog List