Saturday, July 07, 2012

ကျောင်းသားခေါင်းဆောင်တချို့ ထိန်းသိမ်းခံရ


လွန်ခဲ့တဲ့ နှစ် ၅၀ က ဖောက်ခွဲဖျက်ဆီးခံခဲ့ရတဲ့ ရန်ကုန်က သမဂ္ဂ အဆောက်အအုံဓာတ်ပုံ ကိုင်ဆောင်ထားသူတဦး
ဇူလိုင် ၇ ရက်အရေးတော်ပုံ နှစ်ပတ်လည် အခမ်းအနား ကျင်းပဖို့ ပြင်ဆင်နေတဲ့ ကျောင်းသားခေါင်းဆောင် အများအပြားကို ဒီကနေ့ ညနေပိုင်းမှာ အာဏာပိုင်တို့က ထိန်းသိမ်းလိုက်ပါတယ်။
အထိန်းသိမ်းခံလိုက်ရသူများထဲမှာ ကိုကျော်ကိုကို၊ ကိုဒီငြိမ်းလင်း၊ မဖြိုးဖြိုးအောင် တို့ ပါဝင်တယ်လို့ သိရကြောင်း ၈၈ မျိုးဆက် ခေါင်းဆောင်တဦးဖြစ်တဲ့ ကိုဌေးကြွယ်က ပြောပါတယ်။သူတို့ အလုပ်ရှုပ်နေတုန်းမို့ အသေးစိတ် မပြောနိုင်သေးဘူး၊ အထိန်းသိမ်းခံရသူ စုစုပေါင်း ၁၅ ယောက်လောက် ရှိမယ်လို့ ကိုဌေးကြွယ်က ပြောပါတယ်။

ဖြည့်စွက်ချက် -

ရန်ကုန်မြို့ ၈၈မျိုးဆက်ကျောင်းသားများရုံးကို ရဲထောက်လှမ်းရေး အရာရှိ ဦးကျော်စိုး အပါအ၀င် အင်အား ၃၀ ခန့် လာရောက် ရှာဖွေ စစ်ဆေးသွားကြတယ်၊ အဲဒီရုံးမှာတော့ အဖမ်းအဆီး မရှိဘူး လို့ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့က ကိုဉာဏ်လင်းက ပြောပါတယ်။

ဆဲဗင်းဇူလိုင် ရွှေရတု ကျင်းပခွင့် တားမြစ်ခံရ

၆၂ ကျောင်းသား ခေါင်းဆောင်ရဲ့ အတွေ့အကြုံ


သမဂ္ဂအဆောက်အအုံ ဖောက်ခွဲဖျက်ဆီးမှု တရားခံများ

No comments:

Post a Comment

My Blog List