Saturday, July 07, 2012

ဂျက်ကီချန်းရဲ့ မန္တလေး ခရီးစဉ် မှတ်တမ်း




ပျော်ပျော်နေတတ်ပုံရတဲ့ သိုင်းဆရာကြီး ဂျက်ကီချန်း ရန်ကုန်ရောက်နေပါပြီ။
ဒီမနက်ပိုင်း ရတနာ့မေတ္တာအဖွဲ့က စောင့်ရှောက်ထားတဲ့ ကလေးတွေကို ရွှေကျင်ဓမ္မာရုံမှာ သွားရောက်တွေ့ဆုံပါတယ်။ ကလေးတွေရော မင်းသားကြီးရော ပျော်ရွှင်နေကြပုံတွေ အွန်လိုင်းမှာ တွေ့နေရပါတယ်။

ရန်ကုန်မရောက်ခင်တော့ မန္တလေးမှာ ၂ ရက် နေခဲ့ပါတယ်။
ဂျက်ကီချန်းရဲ့ မန္တလေးမြို့တွင်း လှုပ်ရှားမှုသတင်းကို ကြေးမုံသတင်းစာကနေ ကူးယူ ဖော်ပြပေးလိုက်ပါတယ်။







သီဟကိုကို(မန္တလေး)

၂ဝဝ၄ ခုနှစ်မှစတင်၍ အနုပညာ ကျော်ကြားမှုအင်အားကို အသုံးပြုပြီး အဆင်းရဲဆုံးနှင့် အချို့တဲ့ဆုံး ကလေးများအတွက် လူသားချင်း စာနာမှုဆိုင်ရာ လုပ်ငန်းများကို မြှင့်တင်ရန် ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့ အထူးသံတမန်အဖြစ်
တာဝန်ယူခဲ့သော ကမ္ဘာကျော် ရုပ်ရှင်သရုပ်ဆောင် ဂျက်ကီချန်းသည် ဇူလိုင် ၅ ရက် ညနေ ၅ နာရီက ၎င်း၏ကိုယ်ပိုင်လေယာဉ်ဖြင့် တရုတ်နိုင်ငံ ပေကျင်းမြို့မှ မန္တလေးမြို့ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာသည်။

မစ္စတာချန်းသည် မန္တလေးမြို့တွင် ဆီဒိုးနားဟိုတယ်၌ တည်းခိုလျက်ရှိပြီး မြန်မာနိုင်ငံတွင်သုံးရက်ကြာ နေထိုင်မည်ဖြစ်သည်။

မန္တလေးတောင်ပေါ်မှ မန္တလေးမြို့၏အလှနှင့်  ညနေ နေဝင်ဆည်းဆာကို ကြည့်ရှုနိုင်ရန် စီစဉ်ထားသော်လည်း သွားရောက်ခဲ့ခြင်းမရှိပေ။

ဇူလိုင် ၆ ရက်တွင် မန္တလေးမြို့အောင်မြေသာစံမြို့နယ် အမျိုးသမီးကလေးငယ်များ စောင့်ရှောက်ရေးကျောင်းသို့ သွားရောက်ခဲ့ပြီးမြန်မာနိုင်ငံ ရဲတပ်ဖွဲ့ လူကုန်ကူးမှုတားဆီးရေးဌာန(မန္တလေး)အဖွဲ့မှ တာဝန်ရှိသူများနှင့် လူကုန်ကူးမှု တားဆီးကာကွယ်ရေးညှိနှိုင်းဆွေးနွေး ပွဲကို ရဲသူရိန်ခန်းမ၌ ကျင်းပခဲ့သည်။

အောင်မြေသာစံမြို့နယ် (၁၂)လမ်း နှင့် (၇၃)လမ်းထောင့်ရှိ လူမှုဝန်ထမ်း ဦးစီးဌာန လူငယ်သင်တန်းကျောင်းသို့ သွားရောက်လေ့လာခဲ့သည်။

''ကလေးသူငယ်တွေကို လူကုန်ကူးခြင်းနှင့် အမြတ်ထုတ်ခြင်းဟာ အင်မတန် ဆိုးရွားတဲ့ ရာဇဝတ်မှုတစ်ရပ် ဖြစ်ပါတယ်။

ဒါဟာ ကလေးသူငယ်တွေရဲ့ ဘဝ တစ်သက်တာမှာ အမာရွတ်အဖြစ် ထင်ကျန်ရစ်စေပြီး ကလေးငယ်များရဲ့ ဘဝကို ဆုံးရှုံးစေပါတယ်။

ကလေးငယ်တွေကို ဝယ်ယူခြင်း၊ ရောင်းစားခြင်းတို့ မပြုလုပ်သင့်ပါဘူး။

ကလေးငယ်တွေဟာ ရောင်းကုန်မဟုတ်ပါဘူး။

ကလေးငယ်များအတွက် ကျွန်တော်တို့အားလုံးက ဒီလိုရာဇဝတ်မှုလုပ်ရပ်တွေ ရပ်တန့်သွားဖို့ ဆောင်ရွက်ရမယ်။

လူကုန်ကူးခံရခြင်းဟာ ကလေးငယ်များအပေါ် ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်း၊ လိင်ပိုင်းဆိုင်ရာ မတော်မတရားပြုမူခြင်း၊ ကြီးလေးသည့် စိတ်ပိုင်းဆိုင်ရာဝေဒနာခံစားစေခြင်းတို့ကို ဖြစ်စေပါတယ်။

ကလေးငယ်များနဲ့ လူငယ်တွေဟာ မိမိကိုယ်မိမိ ဘယ်လို ကြိုတင်ကာကွယ်ရမယ်ဆိုတာသိဖို့ အရမ်း အရေးကြီးပါတယ်'' ဟု သင်တန်းကျောင်းများသို့ သွားရောက်လေ့လာစဉ် ဂျက်ကီချန်းက ပြောကြားခဲ့ကြောင်း သိရသည်။

ဧရာဝတီ(Blog)

No comments:

Post a Comment

My Blog List