Tuesday, July 03, 2012

Burma - Myanmar စစ်တမ်းရလဒ်





ဒေါ်အောင်ဆန်းစုကြည်က ဇွန် ၁၃-၃၀ ဥရောပခရီးစဉ်တလျှောက် ဟောပြောချက်၊ ဆွေးနွေးမှု၊ သတင်းစာ ရှင်းလင်းပွဲတွေမှာ မြန်မာပြည်ကို Burma လို့ပဲ ခေါ်ခဲ့ပါတယ်။

ခရီးစဉ်အဆုံးသတ်ချိန်မှာ ရွေးကောက်ပွဲကော်မရှင်က ဒီအကြောင်းကို သတင်းစာကတဆင့် အများသိအောင် သဘောထားကြေညာချက် ထုတ်လိုက်ပါတယ်။

မြန်မာနိုင်ငံအမည်ဖော်ပြတဲ့အခါ Burma အစား Myanmar လို့သာ သုံးနှုန်းဖို့ NLD ကို အသိပေး အကြောင်းကြားထားပါတယ် တဲ့။

ဒီအကြောင်းကြားစာကြောင့် Burma - Myanmar ဝေါဟာရ ငြင်းခုန်မှုတွေ ပေါ်ပါတယ်။

စာဖတ်သူကရော ဘယ်လို သုံးမလဲ လို့ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ဧရာဝတီ ဘလော့မှာ စစ်တမ်း ကောက်ခဲ့ပါတယ်။
သဘောထားပေးမှု ၂,၀၀၈ ခု ပါဝင်တဲ့ စစ်တမ်းရလဒ်က ဒီလိုပါ -

အခြေခံဥပဒေမှာ ပြဋ္ဌာန်းထားတဲ့အတိုင်း Myanmar လို့ သုံးမယ်။ ၅၃၆ (၂၆%)

နိုင်ငံအမည်ပြောင်းချိန်မှာ လူထုကိုမတိုင်ပင်ခဲ့ဘူး၊ ဒါကြောင့် Burma လို့ ဆက်သုံးမယ်။ ၁,၃၄၉ (၆၇%)

ဘယ်လိုသုံးရမယ်ဆိုတာ မဆုံးဖြတ်ရသေးပါ။ ၁၀၈ (၅%)



ဒီမနက် ရန်ကုန်မှာ ပြုလုပ်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥရောပခရီးစဉ်သတင်းစာရှင်းလင်းပွဲ (ဓာတ်ပုံ - ဧရာဝတီ)

ဒီကနေ့ NLD ရုံးချုပ် သတင်းစာရှင်းလင်းပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က ရွေးကောက်ပွဲကော်မရှင်ရဲ့ Burma - Myanmar အကြောင်း ပြောကြားသွားပါတယ်။

“ဘယ်သူ့ကိုမှလည်း စော်ကားတာ မဟုတ်ဘူး။ ... ကျမ သုံးချင်သလို သုံးလို့ရတယ်လို့ မြင်တယ်” တဲ့။

ဒေါ်အောင်ဆန်းစုကြည် ရဲ့ ရွေးကောက်ပွဲကော်မရှင်ရဲ့ ပြန်လည်တုံ့ပြန်ချက် ချက်ချင်း ထွက်မလာသေးပါဘူး။ သိပ်မကြာခင်မှာ တခုခု တုံ့ပြန်လိမ့်မယ်လို့ ယူဆရပါတယ်။


 ဧရာဝတီ(Blog)

No comments:

Post a Comment

My Blog List