Thursday, July 05, 2012

ရှမ်းပြည်နယ် (တောင်ပိုင်း) ဆီဆိုင်မြို့ နယ်တွင် ဆင်းရဲနွမ်းပါး လူငယ်များအတွက် ဘော်ဒါဆောင်ဖွင့်လှစ်..

ရှမ်းပြည်နယ် (တောင်ပိုင်း) ဆီဆိုင်မြို့ နယ်တွင်  ဆင်းရဲနွမ်းပါး လူငယ်များအတွက် ဘော်ဒါဆောင်ဖွင့်လှစ်

၂၀၁၂ ခုနှစ် ဇူလိုင် ၂ ရက်


၂၀၁၂ ခုနှစ် ဇူလိုင် ၁ ရက်နေ့ တွင် ဆရာကြီး ဦးတင်မောင်ဝေ (မေတ္တာမွန်) ပညာရေးဖောင်ဒေးရှင်း၏ ဦးဆောင်မှုဖြင့် ဆင်းရဲနွမ်းပါးသော ကလေးငယ်များအတွက် “ပန်းပျိုးလက် ဘော်ဒါဆောင်” ဖွင့်ပွဲအခမ်းအနားကို ရှမ်းပြည်နယ် (တောင်ပိုင်း) ဆီဆိုင်မြို့ နယ် နောင်ထော်ကျေးရွာ၌ ဖွင့်လှစ်ခဲ့သည်။

ပန်းပျိုးလက် ဘော်ဒါဆောင် စတင်ဖွင့်လှစ်ချိန်တွင် ဒေသခံတိုင်းရင်းသားလူငယ် ၂၅ ဦးရှိပြီး ရှမ်းပြည်နယ် (တောင်ပိုင်း) ဆီဆိုင်မြို့နယ်၊ မောက်မယ်မြို့နယ်နှင့် ကယားပြည်နယ်အတွင်းမှ ဒေသခံ တိုင်းရင်းသား လူငယ်များ ဖြစ်ကြသည်ဟု သိရသည်။ မူလတန်း၊ အလယ်တန်း၊ အထက်တန်း ကျောင်းသားကျောင်းသူများ ပါဝင်ကြသည်။
ဆရာကြီး ဦးတင်မောင်ဝေ (မေတ္တာမွန်) ပညာရေးဖောင်ဒေးရှင်းသည် “ကလေးတိုင်း ပညာသင်ကြားနိုင်သော အခွင့်အရေး ရှိရမည်” “Every child must have a chance to study” ဆောင်ပုဒ်ကို လက်ကိုင်ထားပြီး ဆင်းရဲနွမ်းပါးသော ဒေသခံ တိုင်းရင်းသား လူငယ်များအား တိုးချဲ့လက်ခံသွားမည် ဖြစ်ကြောင်း သိရသည်။

နောင်ထော်ကျေးရွာသည် ရှမ်းပြည်လူမျိုးပေါင်းစုံ လွတ်မြောက်ရေး အဖွဲ့ (ရလလဖ) ဗဟိုဌာနချုပ် အခြေစိုက် နေရာ ဖြစ်သည်။ ရလလဖ အဖွဲ့ သည် ၁၉၉၄ ခုနှစ် အောက်တိုဘာလတွင် မြန်မာအစိုးရနှင့် အပစ်အခတ် ရပ်စဲခဲ့သော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တစ်ဖွဲ့ ဖြစ်သည်။
 
ဒီမိုဝေယံ(org)

No comments:

Post a Comment

My Blog List