Tuesday, May 19, 2015

လူ့ဘောင်သစ်ပါတီ တော်တော်လေး ပြန်ရုန်းကန်ရမယ်


လူငယ် နိုင်ငံရေးသမားများနှင့် ဖွဲ့စည်းခဲ့ပြီး ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲတွင် ဒုတိယ ရေပန်းအစားဆုံး ပါတီဖြစ်ခဲ့သော လူ့ဘောင်သစ် ဒီမိုကရက် တစ်ပါတီသည် ၂၀၁၄ ခုနှစ်တွင် မြန်မာပြည် ရွေးကောက် ပွဲကော်မရှင်ထံ နိုင် ငံရေးပါတီအဖြစ် ပြန်လည်မှတ်ပုံတင်ပြီး နိုင်ငံရေးပါတီအဖြစ် ဆက်လက်ရပ် တည်နေ သည်။ လွန်ခဲ့သည့် ၂၃ နှစ်တာအတွင်း ပြည်ပတွင်ရပ်တည်ခဲ့ပြီး သမ္မတ ဦးသိန်းစိန် အစိုးရသစ်လက်ထက် ဖိတ်ခေါ်မှုများကြောင့် ၂၀၁၃ ခုနှစ်တွင် မြန်မာပြည်တွင်း ပြန်လည်ဝင်ရောက်လာခဲ့သည်။

Monday, May 18, 2015

လူငယ်တွေအတွက် ရွေးကောက်ပွဲက ဘယ်လောက်ထိ အရေးကြီးလဲ


မကြာခင်ကျင်းပဖို့ ရှိနေတဲ့ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲကြီးမှာ လူငယ်တွေနဲ့ ဘယ်လို ဆက်စပ်မှု ရှိနေလဲ၊ သူတို့ အနာဂတ်တွေက ဒီရွေးကောက်ပွဲကြီးနဲ့ ဘယ်လောက်တောင် တိုက်ရိုက် အကျိုးကျနိုင်လဲ။ လူငယ်တွေကကော ဒီရွေးကောက်ပွဲကြီးအပေါ် ဘယ်လိုသဘောထားတွေ ရှိနေကြလဲဆိုတာတွေကို မဇ္ဈိမသတင်းဌာနက တင်ဆက်ပေးနေပါတယ်။

တရုတ်နဲ့ အိန္ဒိယ (သို့မဟုတ်) နောက်ကျော မလုံတဲ့ မိတ်ဆွေများ


နိုင်ငံရေးမှာ ကဗျာဆန်ဖို့ မလိုဘူးတချို့က တွေးကောင်းတွေးကြလိမ့်မယ်။ ဒါပေမယ့် ကမ္ဘာ့မှာ လူဦးရေ အများဆုံး နှစ်နိုင်ငံကို ဦးဆောင်နေတဲ့ ခေါင်းဆောင်နှစ်ယောက်ကတော့ ဒီလို မတွေးကြပါဘူး။ အိန္ဒိယ ၀န်ကြီးချုပ် နရိန်ဒြာ မိုဒီရဲ့  မေလလယ်ပိုင်းတုန်းက တရုတ်ပြည် ခရီးစဉ်ဟာ စီးပွားရေး၊ ကုန်သွယ်ရေး၊ နယ်စပ်ရေးရာ၊ မဟာဗျူဟာမြောက်ဆက်ဆံရေး၊ ပထ၀ီနိုင်ငံရေး စသဖြင့် ကိစ္စတွေ အတော် များများ ပါသွားတယ်။ သုံးရက်တာ ခရီးအတွင်း အစီအစဉ်တွေကို ကြည့်လိုက်ရင် ကုန်သွယ်ရေး စာချုပ်စာတမ်းတွေ လက်မှတ်ထိုးမယ့် ကိစ္စတွေ ပါဝင်သလို ကုန်သွယ်ရေးမှာ တရုတ်က အသာစီးယူထားတဲ့ ကိစ္စ၊ နယ်စပ်ပြဿနာတွေကလည်း ရှောင်လွှဲမရပါဘူး။

ထိုင်းနိုင်ငံ စမွတ်ပကန်ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခု၌ ဖမ်းဆီးခံခဲ့ရသည့် အထောက်အထားမဲ့ရွှေ့ပြောင်း လုပ်သား၈၅ ဦးတွင် မြန်မာလုပ်သား ၁ဝဦးပါဝင်


စမွတ်ပကန်ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုကို ထိုင်းရဲတပ်ဖွဲ့မှ ဝင်ရောက်စီးနင်းခဲ့ရာ တရားမ ဝင်ရွှေ့ပြောင်း လုပ်သား ၈၅ ဦးဖမ်းဆီးရမိခဲ့ပြီး အဆိုပါ ရွှေ့ပြောင်းလုပ်သားများတွင် မြန်မာလုပ်သား ၁၀ ဦးပါဝင်ကြောင်း သိရသည်။

အိုင်အက်စ်များသိမ်းယူထားသည့် ရှေးဟောင်းမြို့တော်ကို ဆီးရီးယား စစ်တပ် ပြန်ထိန်းချုပ်



သမ္မတရာထူး မက်မောစရာမရှိသော်လည်း လုပ်ပိုင်ခွင့်ရှိသောနေရာဖြစ်သဖြင့် လုပ်ပိုင်ခွင့်ရချင်ဟု ဒေါ်အောင်ဆန်းစုကြည်ဆို


နိုင်ငံတော်သမ္မတဆို သည့်ရာထူးမှာမိမိအတွက် မက်မောလောက် စရာမရှိသော်လည်း သမ္မတဆိုသည့်နေ ရာသည်လုပ်ပိုင်ခွင့်ရှိသော နေရာဖြစ်သော ကြောင့် မိမိအနေဖြင့်လုပ်ပိုင်ခွင့်များရချင် ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

NLD အစိုးရဖြစ်ပါက ပြည်သူ့ကံကြမ္မာ ပြည်သူဖန်တီးနိုင်အောင် လုပ်ဆောင်ပေးမည်ဟု ဒေါ်အောင်ဆန်းစုကြည်ဆို


၂၀၁၅ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက ရွေးကောက်ပွဲအနိုင်ရ၍ အစိုးရတစ်ရပ် ဖြစ်လာပါက ပြည်ထောင်စု နိုင်ငံသူ၊ နိုင်ငံသားများ၏ ကံကြမ္မာကို ပြည်ထောင်စု နိုင်ငံ သူ၊ နိုင်ငံသားများကိုယ်တိုင် ဖန်တီးနိုင်ရန် ဆောင်ရွက်ပေးသွားမည်ဟု NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည် က မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် ဓနသဟာယ စစ်သင်္ချိုင်း၌ မေလ ၁၇ ရက်က ကျင်းပသည့် ဗိုလ်ချုပ်အောင်ဆန်း နှစ် (၁၀၀) ပြည့် အခမ်းအနား ၌ ပြောကြားသည်။

ပြည်တွင်းငြိမ်းချမ်းအောင် ငြိမ်းချမ်းတဲ့နည်းနဲ့ အဖြေရှာဖို့လို


အမှန်တကယ် ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်ဖို့ လိုလားတယ်ဆိုရင် အစိုးရအနေနဲ့ ငြိမ်းချမ်းတဲ့ နည်းလမ်းနဲ့ ဆွေးနွေး အဖြေရှာဖို့လိုတယ်လို့ တိုင်းရင်းသားခေါင်းဆောင် ဗိုလ်မှူးကြီးခွန်ဥက္ကာက တိုက် တွန်းပြော ဆိုလိုက်ပါတယ်။

တောင်တရုတ် ပင်လယ်တွင် အငြင်းပွားကျွန်းများ ပြဿနာရှိနေသော်လည်း အမေရိကန်နှင့် ဆက်ဆံရေးမှာ တည်ငြိမ်ဟု တရုတ် သမ္မတ ရှီပြောကြား


 တောင်တရုတ် ပင်လယ်အတွင်း တရုတ်၏ ပိုင်နက်ပြောဆိုချက်များနှင့် ပတ်သက်၍ လိပ်ခဲတင်းတင်း အခြေအနေရှိနေသော်လည်း အမေရိကန်ပြည်ထောင်စုနှင့် ဆက်ဆံရေးမှာ တည်ငြိမ်ကြောင်း တရုတ် သမ္မတ ရှီကျင့်ဖျင်က တနင်္ဂနွေနေ့ကပြောကြားခဲ့သည။်

ရခိုင် အမျိုးသားပါတီ ဒုဥက္ကဋ္ဌ ဒေါ်အေးနုစိန်နှင့် မဇ္ဈိမ တွေ့ဆုံခြင်း


‘အမျိုးသားတွေဟာ အမျိုးသမီးတွေကို လက်တွဲခေါ်ဖို့ တန်းတူညီတူ သဘောထားဖို့ကိုထားလို့ လက်တွဲခေါ် ဖို့ အဆင့်ထိ အားနည်းနေတယ်’ ၂၀၁၄ ခုနှစ် မတ်လအတွင်းက ရခိုင်ပါတီ နှစ်ခုပူးပေါင်းပြီး ရခိုင်အမျိုးသား ပါတီ (ANP) ကို တည်ထောင်ခဲ့သည်။ 

ရှားရှားပါးပါး အမေရိကန် မြေပြင်စစ်ဆင်ရေးတစ်ခုတွင် အိုင်အက်စ်တို့၏ ထိပ်တန်း ရံပုံငွေရှာဖွေပေးသူကို သတ်ဖြတ်နိုင်ခဲ့ဟုဆို


အထူးတပ်ဖွဲ့များ၏ ရှားရှားပါးပါး မြေပြင်စစ်ဆင်ရေး တစ်ခုတွင် ပြီးခဲ့သည့် စနေနေ့က စစ်သွေးကြွ တစ်ဒါဇင် ခန့်နှင့် အဓိက ရံပုံငွေ ရှာဖွေပေးသူ တစ်ဦးကို သတ်ဖြတ်နိုင်ခဲ့ခြင်းအားဖြင့် အမေရိကန်ပြည်ထောင်စုက ၎င်း၏ ဆီးရီးယားရှိ အိုင်အက်စ် စစ်သွေးကြွများကို တိုက်ခိုက်နေသော စစ်ပွဲတွင် လောင်းကြေးကို ထပ်မံ တိုးမြှင့်လိုက်သည်ဟု အိမ်ဖြူတော်က ပြောကြားခဲ့သည်။

လှေစီးပြေးပြဿနာ နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုဖြစ်


အရှေ့တောာင်အာရှနိုင်ငံတွေဆီ လှေစီးပြေးဒုက္ခသည်တွေ ရောက်လာနေတဲ့ ပြဿနာဟာ နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုဖြစ်တယ်လို့အင်ဒိုနီးရှား နိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီးက ပြောကြားလိုက်ပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရွှေ့ပြောင်းအလုပ်သမားတွေနဲ့ မြန်မာနိုင်ငံကလို့ဆိုတဲ့ ရိုဟင်ဂျာတွေ ထောင်နဲ့ချီပြီး မလေးရှားနဲ့ အင်ဒိုနီးရှားနိုင်ငံတွေကို ရောက်လာတဲ့ ပြဿနာနဲ့ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး က အခုလို ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

ဗိုလ်ချုပ်ကြီးတစ်ဦးနှင့် ဒုတိယဗိုလ်ချုပ်ကြီး ၁၀ ဦးခန့် ရွေးကောက်ပွဲ ဝင်နိုင်ဖွယ်ရှိ

တပ်မတော်တွင် လက်ရှိ တာဝန်ထမ်းဆောင်နေသော ဗိုလ်ချုပ်ကြီးတစ်ဦး အပါအဝင် ဒုတိယဗိုလ်ချုပ်ကြီး ၁၀ ဦးခန့် တပ်မတော် လက်ရှိတာဝန်များမှ အနားယူကာ ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ဖွယ်ရှိကြောင်း တပ်မတော် ထိပ်တန်းခေါင်းဆောင်များနင့် နီးစပ်သူများက The Voice သို့ ပြော ကြားသည်။

လာမည့်ရွေးကောက်ပွဲ၌ တရားမ၀င် ရွှေ့ပြောင်းလုပ်သားများ၏ မဲစာရင်းများအား အလွဲသုံးစားပြုလုပ်ကာ ထည့်စေလိုသည့် ပါတီတွင် မဲဖြည့်ထည့်ခြင်း ပြုလုပ်မည့်ကိစ္စအပေါ် သတိထားရန်လိုကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား



၂၀၁၅ ရွေးကောက်ပွဲတွင် တရားမ၀င် ရွှေ့ပြောင်းလုပ်သားများ၏ မဲစာရင်းများအား အလွဲသုံးစားပြုလုပ်၍ ထည့်စေလိုသည့် ပါတီတွင် မဲဖြည့်ထည့်ခြင်း ပြုလုပ်မည့်ကိစ္စအား သတိထားရန်လိုကြောင်း အမျိုးသားဒီမို ကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က သတိပေးပြောကြားသည်။

၂၀၁၅ ရွေးကောက်ပွဲအတွက် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အခြေခံ မဲစာရင်းပြုစုနေမှု ၇၅ ရာခိုင်နှုန်း ပြီးစီးနေပြီး မေ ၂၅ ရက်၊ ဇွန် ၈ ရက်နှင့် ဇွန် ၂၂ ရက်များတွင် သုံးကြိမ်ခွဲ၍ မဲစာရင်းကြေညာမည်


၂၀၁၅ ရွေးကောက်ပွဲအတွက် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အခြေခံ မဲဆန္ဒရှင် စာရင်းပြုစုနေမှု ၇၅ ရာခိုင်နှုန်း ပြီးစီးနေပြီး သုံးကြိမ်ခွဲ၍ မဲစာရင်း ကြေညာရန် စီစဉ်ထားကြောင်း ပြည်ထောင်စုရွေးကောက် ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ပြောကြားသည်။

လောက်ကိုင်တိုက်ပွဲများကြောင့် ဒုက္ခသည်စခန်းကိုးခုနှင့် ဆွေမျိုးမိတ်ဆွေများ နေအိမ်တွင် နေထိုင်နေသည့် စစ်ဘေးရှောင် ကိုးကန့်ပြည်သူ ၈၈,၀၀၀ ကျော် ရှိကြောင်း ကာကွယ်ရေးဝန်ကြီးပြောကြား


လောက်ကိုင်တိုက်ပွဲများကြောင့် တရုတ်နိုင်ငံအတွင်းရှိ ဒုက္ခသည်စခန်း ကိုးခုနှင့် ဆွေမျိုးမိတ်ဆွေများနေအိမ် တွင် နေထိုင်နေသည့် စစ်ဘေးရှောင် ကိုးကန့်ပြည်သူ စုစုပေါင်း  ၈၈,၀၀၀ ကျော်ရှိကြောင်း ကာကွယ်ရေး ၀န်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးဝေလွင်က  ပြောကြားသည်။
 

ပုဒ်မ ၅၉(စ)အား သတ္တိမရှိပါက ပြင်ဆင်မည်မဟုတ်ကြောင်းနှင့် သမ္မတနေရာမှာ မက်မောစရာမရှိသော်လည်း လုပ်ပိုင်ခွင့်ရှိသောကြောင့် မြန်မာနိုင်ငံ ဒီမိုကရေစီရရှိရေးအတွက် လုပ်ပိုင်ခွင့်လိုချင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြောကြား


ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မ ၅၉(စ) အား သတ္တိမရှိပါက ပြင်ဆင်မည် မဟုတ်ကြောင်း နှင့်  သမ္မတနေရာ မှာ မက်မောစရာမရှိသော်လည်းလုပ်ပိုင်ခွင့် ရှိသောကြောင့် မြန်မာနိုင်ငံ ဒီမိုကရေစီရရှိရေးအတွက် လုပ်ပိုင် ခွင့် လိုချင်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
 

ရွေးကောက်ပွဲတွင် အနိုင်ရလိုသော်လည်း ရွေးကောက်ပွဲနိုင်ခြင်းထက် တိုင်းပြည်အတွက် မှန်ကန်သည့်လမ်းကိုသာ ရွေးချယ်မည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား



ဒေါ်အောင်ဆန်းစုကြည် မေ ၁၆ ရက်က မွန်ပြည်နယ် မော်လမြိုင်မြို့သို့ သွားရောက်ရာတွင် သထုံမြို့ ၌ ခေတ္တနားစဉ် ပြည်သူလူထုအား နှုတ်ဆက် စကားပြောကြားစဉ်ရွေးကောက်ပွဲနိုင်ခြင်း၊ ရှုံးခြင်းသည် တစ်ခဏသာဖြစ်ပြီး ရွေးကောက်ပွဲတွင် အနိုင်ရလိုသော်လည်း ရွေးကောက်ပွဲနိုင်ခြင်းထက် တိုင်းပြည် အတွက် မှန်ကန်သည့်လမ်းကြောင်းကို ရွေးချယ်မည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
 

ရွေးကောက်ပွဲ လုပ်မယ့်ရက်ကို ကြေညာပါ



(၁)၂၀၁၅ ခုနှစ်အထွေထွေရွေးကောက်ပွဲကို အောက်တိုဘာလကုန် နိုဝင်ဘာလဆန်းမှာ ပြုလုပ်မယ် လို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ကြေညာထားပါတယ်။ ဒီလို ကြေညာထားပေမယ့် ရက်အတိ အကျ မထွက်သေးပါဘူး။

အသည်းအဆီဖုံးခြင်းအတွက် သဘာဝဆေးနည်းများ


အသည်းအဆီဖုံးရောဂါဟာ နေ့စဉ်စားသောက်နေတဲ့ အစားအစာတွေထဲမှာ အဆီအဆိမ့်များခြင်း၊ အထိုင် များ၍ လှုပ်ရှားမှုနည်းပါးခြင်း၊ အအိပ်များခြင်း၊ ဇိမ်ခံလွန်းခြင်းစသည်တို့ကြောင့် ဖြစ်ရပါတယ်။အသည်းအဆီ ဖုံးရောဂါကို ခံစားနေရသော ဝေဒနာရှင်များမှ သဘာဝဆေးနည်းလေးဖြင့် ကုသနိုင်ရန် မကြာခဏ တောင်း ဆိုလာကြသည့်အတွက် ဆေနည်းများကို မျှဝေပေးလိုက်ပါတယ်။

မြန်မာရေလုပ်သား ၁၂၈ ဦး ထပ်မံရောက်ရှိ


အင်ဒိုနီးရှားနိုင်ငံရှိ ကျွန်းများပေါ်တွင် ခေတ်သစ် ကျွန်ပြု စေခိုင်းခံရသည့် မြန်မာရေလုပ်သား ၅၀၀ ကျော် အနက် ၁၂၈ ဦး သည် မေလ ၁၇ ရက်တွင် စင်းလုံးငှားလေယာဉ်ဖြင့် ရန်ကုန်လေဆိပ်သို့ ထပ်မံရောက်ရှိ
လာခဲ့သည်။

ရွှေတိဂုံစေတီတော်ဝန်းကျင်ရှိ ဆောက်လုပ်ရေးစီမံကိန်းများကို ပြန်လည်စိစစ်သုံးသပ်ရန် သမ္မတထံသို့ ဗိသုကာအသင်းအကြံပြု



ရွှေတိဂုံစေတီတော်နှင့်ပတ်ဝန်းကျင်ရှိ ဆောက်လုပ်ရေးစီမံကိန်းများကို ပြန်လည်စိစစ်သုံးသပ်ရန် နိုင်ငံတော် သမ္မတထံ သို့ မြန်မာနိုင်ငံ ဗိသုကာအသင်းက အကြံပြုချက် ပေးပို့လိုက်သည်။

အစိုးရအဖွဲ့ပံပိုးကျင်းပသည့် ရှင်ပြုပွဲ မိုးသည်းသဖြင့် သမ္မတတက်မည့် အစီအစဉ်ပျက်



အလုပ်အကိုင်ရှားပါး၍ မြန်မာလူငယ်များ နိုင်ငံခြားထွက်ခွာနေရဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား


မြန်မာနိုင်ငံ၏ သယံဇာတ ထွက်ရှိမှုသည် ကမ္ဘာ့နိုင်ငံများနှင့် ရင်ပေါင် တန်းနိုင်သော်လည်း စနစ်တစ်ခု အားနည်းနေခြင်းကြောင့် မြန်မာနိုင်ငံရှိ လူငယ်၊ လူလတ်ပိုင်းများသည် ပြည်ပနိုင်ငံများတွင် အလုပ်လုပ် ကိုင်နေ ရကြောင်း မေလ ၁၆ ရက်နေ့က မွန်ပြည်နယ်တွင် ကျင်းပသည့်ဗိုလ်ချုပ်အောင် ဆန်း နှစ် (၁၀၀) ပြည့်မွေးနေ့ အထိမ်းအမှတ် အခမ်းအနားတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်က ပြောကြားသည်။

ကာလဒေသ အချိန်အခါနဲ့ကိုက်ညီမယ့်ဥပဒေများ ပြင်ဆင်ပြောင်းလဲ မပြဋ္ဌာန်းလိုက်ဘူးဆိုရင် ပြုပြင်ပြောင်းလဲမှုတွေဟာ ဘယ်လိုမှ အောင်မြင်နိုင်စရာမရှိနိုင်ဟု သူရဦးရွှေမန်း ပြောကြား

ဒီမိုကရေစီနိုင်ငံ ထူထောင်တဲ့နေရာမှာ ပြုပြင်ပြောင်းလဲတယ် ဆိုတဲ့နေရာမှာ ပြုပြင်ပြောင်းလဲမှု နဲ့ ပြင် သင့် ပြင်ထိုက်တဲ့ဥပဒေတွေ မပြင်နိုင်ဘူးဆိုရင် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး အပါအဝင် စနစ်တစ်ခု လုံးကို ပြောင်းလဲနိုင်မှာ မဟုတ် တဲ့အတွက် မိမိတို့ အလေးထားရမယ့်ကိစ္စ က ဥပဒေများ ကာလဒေသ အချိန်အခါနဲ့ ကိုက်ညီမယ့် ဥပဒေများ ပြင်ဆင်ပြောင်းလဲ မပြဋ္ဌာန်းလိုက်ဘူးဆိုရင် ပြုပြင်ပြောင်းလဲ မှုတွေ ဟာ ဘယ်လိုမှ အောင်မြင်နိုင်စရာ မရှိဘူး။

My Blog List