Tuesday, October 08, 2019

NCA လက်မှတ်ရေးထိုးပြီး ကြားကာလအစီအစဉ်များအပါအဝင် အချက်သုံးချက်ကို NRPC နှင့် ALP ဆွေးနွေး


NCA လက်မှတ်ရေးထိုးပြီးနောက် ကြားကာလလုပ်ဆောင်မည့်အစီအစဉ် အပါအဝင်အချက်သုံးချက်ကို NRPC နှင့်ဆွေးနွေး ခဲ့ကြောင်း ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP က အတွင်းရေးမှူး ဒေါ်စောမြရာဇာလင်းက ပြောသည်။

အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန NRPC နှင့် ALP တို့သည် အောက်တိုဘာ ၈ ရက်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့ NRPC ရုံးတွင် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။
“ကျွန်မတို့က NCA ကို ၂၀၁၅ မှာထိုးတယ်။NCA မှာပါတဲ့ ပြည်သူ့အကျိုးပြုလုပ်ငန်းတွေ ဘာမှမ လုပ်နိုင်သေးဘူးဆိုတော့ ကြားကာလအစီအစဉ်မှာ ပြည်သူတွေနဲ့ ထိတွေ့မှုတွေလုပ်ဆောင်ဖို့ကို အဓိကထား ဆွေးနွေးပါတယ်”ဟု ဒေါ်စောမြရာဇာလင်းက ဆိုသည်။
ALP ပါတီ၏ အဖွဲ့ဝင်များ ကောင်းမွန်စွာ ပြန်လည်နေထိုင်နိုင်ရေးနှင့် ငြိမ်းချမ်း ရေးလုပ်ငန်းများ တွင် ပြည်သူများနှင့် နိုင်ငံရေးပါတီများ ပါဝင်နိုင်ရေးကို ဆွေးနွေးခဲ့ကြောင်း ဆိုသည်။
“ ကျွန်မတို့က ပြန့်ကျဲနေတဲ့ အဖွဲ့ဝင်တွေကို ငြိမ်းချမ်းစွာနဲ့ လူဘုံအလယ်မှာ နေထိုင်နိုင်ဖို့ ဆွေးနွေး ခဲ့ပါတယ်”ဟု ပြောသည်။
နယ်မြေခွဲဝေရေးကိစ္စနှင့် တပ်ပိုင်းဆိုင်ရာကိစ္စများကို သီးခြားဆက်လက်ဆွေးနွေးမည်ဖြစ်ပြီး ယခု တွေ့ဆုံပွဲတွင် ဆွေးနွေးမှု မရှိခဲ့ကြောင်း ၎င်းက ပြောသည်။
ယနေ့နံနက်ပိုင်း တွေ့ဆုံပွဲတွင် NRPC ဘက်မှ ဦးခင်ဇော်ဦးက ဦးဆောင်ဆွေးနွေးခဲ့ကြောင်း သိရသည်။
Image may contain: 1 person, sitting, table and indoor 
Image may contain: 7 people, people sitting, table and indoor 
Image may contain: 5 people, people sitting 
(Zawgyi)
NCA လက်မှတ်ရေးထိုးပြီး ကြားကာလအစီအစဉ်များအပါအဝင် အချက်သုံးချက်ကို NRPC နှင့် ALP ဆွေးနွေး
ေအာက္တိုဘာ ၈
ကျော်သူမြင့်
NCA လက်မှတ်ရေးထိုးပြီးနောက် ကြားကာလလုပ်ဆောင်မည့် အစီအစဉ် အပါအဝင် အချက်သုံး ချက်ကို NRPC နှင့်ဆွေးနွေးခဲ့ကြောင်း ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP က အတွင်းရေးမှူး ဒေါ်စောမြရာဇာလင်းက ပြောသည်။
အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန NRPC နှင့် ALP တို့သည် အောက်တို ဘာ ၈ ရက်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့ NRPC ရုံးတွင် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။
“ကျွန်မတို့က NCA ကို ၂၀၁၅ မှာထိုးတယ်။NCA မှာပါတဲ့ ပြည်သူ့အကျိုးပြုလုပ်ငန်းတွေ ဘာမှမ လုပ်နိုင်သေးဘူးဆိုတော့ ကြားကာလအစီအစဉ်မှာ ပြည်သူတွေနဲ့ ထိတွေ့မှုတွေလုပ်ဆောင်ဖို့ကို အဓိကထား ဆွေးနွေးပါတယ်”ဟု ဒေါ်စောမြရာဇာလင်းက ဆိုသည်။
ALP ပါတီ၏ အဖွဲ့ဝင်များ ကောင်းမွန်စွာ ပြန်လည်နေထိုင်နိုင်ရေးနှင့် ငြိမ်းချမ်း ရေးလုပ်ငန်းများ တွင် ပြည်သူများနှင့် နိုင်ငံရေးပါတီများ ပါဝင်နိုင်ရေးကို ဆွေးနွေးခဲ့ကြောင်း ဆိုသည်။
“ ကျွန်မတို့က ပြန့်ကျဲနေတဲ့ အဖွဲ့ဝင်တွေကို ငြိမ်းချမ်းစွာနဲ့ လူဘုံအလယ်မှာ နေထိုင်နိုင်ဖို့ ဆွေးနွေး ခဲ့ပါတယ်”ဟု ပြောသည်။
နယ်မြေခွဲဝေရေးကိစ္စနှင့် တပ်ပိုင်းဆိုင်ရာကိစ္စများကို သီးခြားဆက်လက်ဆွေးနွေးမည်ဖြစ်ပြီး ယခု တွေ့ဆုံပွဲတွင် ဆွေးနွေးမှု မရှိခဲ့ကြောင်း ၎င်းက ပြောသည်။
ယနေ့နံနက်ပိုင်း တွေ့ဆုံပွဲတွင် NRPC ဘက်မှ ဦးခင်ဇော်ဦးက ဦးဆောင်ဆွေးနွေးခဲ့ကြောင်း သိရသည်။

No comments:

Post a Comment

My Blog List