Tuesday, October 08, 2019

ရန်ကုန်စည်ပင်က ယာယီမြေရှင်အဖြစ်ထိန်းသိမ်းပ်ကြားဖြင့် ငှားရမ်းဟုမထားသည့် တိုက်ခန်းများကို တစ်စတုရန်းပေလျှင် ၂၄ ကျပ်မှ ၄၀ ကျြို့တော်ဝန်ပြော


Image may contain: people sitting

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ ယာယီမြေရှင်အဖြစ် ထိန်းသိမ်းထားသည့် တိုက် ခန်းပေါင်း ၄၉၆ ခန်းရှိပြီး ၂၃၈ ခန်းကို တစ်စတုရန်းပေလျှင် ၂၄ ကျပ်မှ ၀၄ ကျပ်ကြားဖြင့် ဌားရမ်း ထားကြောင်း ရန်ကုန်မြို့တော်ဝန်ဦးမောင်မောင်စိုးက ပြောသည်။
ယာယီမြေရှင်အဖြစ် ထိန်းသိမ်းထားသော တိုက်ခန်းများကို မည်သည့်စံနှုန်းဖြင့် ဌားရမ်းသည်ကို သိရှိလိုကြောင်း ကျောက်တံတားမြို့နယ်အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ် ကြည်ပြာ၏ လွှတ်တော်တွင်း မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

ဌားရမ်းခမှာ ကျောက်တံတား၊ လမ်းမတော်၊ လသာမြို့နယ်၊ ပန်းပဲတန်းမြို့နယ်များတွင် တစ်စတု ရန်းပေလျှင် ၄၀ ကျပ် ပုဇွန်တောင်နှင့် ဗိုလ်တထောင်မြို့နယ်တွင် ၃၂ ကျပ် ကျန်မြို့နယ်များတွင် ၂၄ ကျပ်နှုန်းဖြင့် ကောက်ခံကြောင်းဆိုသည်။

ဌားရမ်းမှုမရှိသည့် အခန်းများမှာ မြေအရှုပ်အရှင်းရှိခြင်း၊ မြေအမည်ပေါက်ကိစ္စ တင်ပြလာခြင်းတို့ ကြောင့် မဌားရမ်းခြင်းဖြစ်ကြောင်း မြို့တော်ဝန်က ဆိုသည်။

“ဌားထားတဲ့ဟာတွေကလည်း တစ်နှစ်တခါပဲ ဌားလို့ရတယ်။ ရေရှည်လဲဌားလဲမရဘူး သူ့ပိုင်ရှင်ပေါ် လာရင် ယာယီထိန်းသိမ်းတာဖြစ်တဲ့အတွက် ဌားလို့မရဘူး”ဟု ၎င်းက ပြောသည်။

ယာယီထိန်းသိမ်းထားသည့် အခန်းများကို ဝန်ထမ်းများကိုသာ ဌားရမ်းခြင်းဖြစ်သည်ဟု ဆိုသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ဌားရမ်းခကို ၁၀ ရာခိုင်နှုန်းတိုးမြှင့် ကောက်ခံရန် ဆုံးဖြတ်ထားသည် ဟု ဆိုသည်။

ဌားရမ်းခငွေသည် ပြင်ပအိမ်ခြံမြေအဌားဈေးထက် နည်းနေပြီး ဝန်ထမ်းများမှ တဆင့်ပြန်လည်ဌား ရမ်းမှုများ ရှိနေကြောင်း လွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ပြာက ပြောသည်။


The Fifth Wave News

(Zawgyi)

ရန်ကုန်စည်ပင်က ယာယီမြေရှင်အဖြစ်ထိန်းသိမ်းထားသည့် တိုက်ခန်းများကို တစ်စတုရန်းပေလျှင် ၂၄ ကျပ်မှ ၄၀ ကျပ်ကြားဖြင့် ငှားရမ်းဟုမြို့တော်ဝန်ပြော

အောက်တိုဘာ ၈
ကျော်သူမြင့်











No comments:

Post a Comment

My Blog List