Monday, October 07, 2019

ရန်ကုန်တိုင်းအစိုးရ သိမ်းဆည်းခံမြေများ လျှော်ကြေးပေးမှု တိုင်စာများ လက်ခံရရှိနေပြီ၊ တိုင်းအစိုးရပါဝင်နေသည့် မြေယာပြဿနာများ ဗဟိုအစိုးရထံ တိုက်ရိုက်တင်ပြရန်ရှိ ရန်ကုန်တိုင်းဒေသကြီး ၊ ဒဂုံမြို့နယ် ၊ မဲဆန္ဒနယ် အမှတ် ( ၂ ) တိုင်းလွှတ်တော်ကိုယ်စားလှယ်လည်းဖြစ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ၊ ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေး ကော်မတီ ၊အတွင်းရေးမှူးလည်းဖြစ်သူ ဦးကျော်ဇေယျ နှင့် ဆက်သွယ်မေးမြန်းချက်


Image may contain: 1 person, indoor
ရန်ကုန်တိုင်းဒေသကြီးအစိုးရက သိမ်းဆည်းမြေများကို တစ်ဧကလျှင် ၁၅ သိန်းမှ သိန်း ၁၀၀ အထိ နေရာပေါ်မူတည်၍ လျှော်ကြေးပေးမှုများလုပ်ဆောင်နေပြီး ယင်းသို့ လုပ်ဆောင်မှုအပေါ် တိုင်ကြားမှုများပေါ်ပေါက်လျက်ရှိကြောင်း သိရှိရသည်။ အခြားတစ်ဖက်တွင်လည်း ရန်ကုန်တိုင်းအစိုးရက မြေယာများ ရောင်းချမည်ဟု ကြေညာထားရာ မြေယာကိစ္စ အရှုပ်အထွေးများ ဖြစ်ပေါ်လာနိုင်ခြေရှိကြောင်း ရန်ကုန်တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျကပြောဆိုထားရာ ရန်ကုန်ခေတ်သစ်က ၎င်းကို ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ ရန်ကုန်တိုင်းအစိုးရအဖွဲ့က မြေတွေ ရောင်းမယ်ဆိုပြီး ကြေညာထားတာရှိတယ်။ အဲဒါနဲ့ပတ်သက်လို့ ဘာတွေ သိထားလဲ။
ဖြေ။ ။ ကျနော် မြေယာလျှော်ကြေးနဲ့ ပတ်သက်ပြီး ဒီနေ့ လွှတ်တော်မှာ ကြယ်ပွင့်ပြ မေးခွန်း မေးတဲ့အခါ လယ်ယာက ဝန်ကြီး ဦးဟန်ထွန်း လာဖြေတယ်။ ဖြေတဲ့အခါ ကျနော်က ဆက်စပ် မေးခွန်းမေးတယ်။ အခုရက်ပိုင်းအတွင်းမှ မြေယာအသုံးချမှု နှင့်ပတ်သက်ပြီး မြေယာစီမံခန့်ခွဲမှု ရန်ကုန်တိုင်း အစိုးရအဖွဲ့က ကြေညာ ထားတယ် ။ အဲဒီအနေအထားကို ကျနော် ထပြီး မေးလိုက်သေးတယ်။
လယ်ယာဝန်ကြီးကတော့ သူကတော့ မှန်တယ်။ လယ်ယာမြေတွေကို မြို့မြေ အဖြစ် လုပ်ချင်တဲ့သူ ၊ စီမံခန့်ခွဲတဲ့သူ ၊ တချို့ကလည်း ခွင့်ပြုချက် မရဘဲနဲ့ အခိုင်အမာ အဆောက်အအုံတွေ ဆောက်နေတယ်။ ။ အခု မှာ ပုံစံ ၇ ထုတ်ပေးထားတာတွေက ဆောက်လို့မရသေးဘူး။ အဲ့တာတွေကို သူက မြို့မြေအဖြစ် သတ်မှတ်ပေးဖို့ သဘော ရှိတယ်။ သူက အဲ့လိုပေးမှလည်း သူသိမ်းပြီး မြေယာ လျှော်ကြေး တစ်ဧကကို သိန်း ၁၀၀ ပေးထားတယ်။ အခု သတ်မှတ်ပြီး ပေးထားတာ။ ဒါတွေက မြို့မြေ အဖြစ် သတ်မှတ်မှာကို ၊ အဲဒီကြားထဲ ပါတဲ့သူတွေကို ၊ အဲ့ကြားထဲ ပြည်သူတွေကိုလည်း ခွင့်ပြုမှာ ။ သူလုပ်ချင်တာ လည်း လုပ်လို့ရမယ့် သဘောရှိတယ်။ စီမံကိန်းတွေဖော်တာ ၊ အဲဒီရည်ရွယ်ချက်နဲ့ သူက လုပ်တာပါ ။ အစိုးရကလေ ။ အဲဒီလိုသဘောမျိုး ပြန်ပြီး ဖြေသွား တဲ့ သဘောမျိုးပဲ ရှိပါတယ်။
မေး။ ။ ရန်ကုန်တိုင်းအစိုးရက အခုလိုမြေယာရောင်းချဖို့လုပ်နေတာက နေစရာမရှိသူများနှင့် စီးပွားရေး လုပ်ငန်းများ လုပ်ကိုင်ရန် မြေနေရာ အခက်အခဲ ရှိသူတွေနဲ့ ဥပမာ - ကျူးကျော်နေထိုင်သူတွေ တကယ်အဆင်ပြေနိုင်လား။
ဖြေ။ ။ ထင်မြင်မိလား ဆိုတော့ အဲ့မေးခွန်း ကျနော်မဖြေချင်ဘူး။ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေနဲ့ ကျူးကျော်သူတွေ နေဖို့ ကျပ်ငွေ ၆၄ ဘီလီယံ ချထားပေးပြီးသား ။ ဒါက ၂၀၁၆ - ၂၀၁၇ ဖြည့်စွက် ရန်ပုံငွေမှာ ၊ အဲ့တာကြီး နှစ်ခုကို သူတို့က အဲ့ငွေ ကျပ်ငွေ ၆၄ ဘီလီယံကို မသုံးဘဲ ကုမ္ပဏီ ၂ ခုကို ခွဲပြီးတော့ လုပ်ပစ်တာ ။ အဲ့ အိမ်ရာစီမံကိန်းကို ကျနော်တို့ မတွေ့ရသေးဘူး။ အခု အဆင်ပြေနိုင်လား မေးတော့ အဆင်မပြေနိုင်ဘူး။
ဒါက ပြောတာ ပြောရတာ ဒီစီမံချက် က ကျူးကျော်တွေအတွက် ၊ သူတို့ လုပ်တာက အကောင်အထည်မဖော်နိုင်သေးဘူး ။ ပေါ်လာနိုင်ဖို့ ရန်ကုန်တိုင်းဒေသ အဖွဲ့ ဆောင်ရွက်နေတဲ့အပေါ် စီးပွားရေး ကော်မတီအနေနဲ့ ၊ ကျနော်အနေနဲ့ ကြည့်ရရင်တော့ ပေါ်လာစရာအကြောင်းကို မရှိတော့ဘူး။ ဒီအတိုင်းဆိုရင် မျောနေတဲ့သဘော။ အဲ့လောက်ပဲ။

မေး။ ။ ရန်ကုန်တိုင်းဒေသကြီး အစိုးရကနေ မြေရောင်းမယ်ဆိုတာက ဥပဒေနဲ့ ကိုက်ညီလား။
ဖြေ။ ။ မှန်တာပေါ့ ။ ၂၀၁၉ - ၂၀၂၀ ဒေသန္တရ စီမံကိန်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က တင်ပြထားတဲ့ အပေါ် ကျနော်တို့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ၊ ဘဏ္ဍာရေး၊ စီမံကိန်း နှင့် စီးပွားရေး ကော်မတီအနေနဲ့ အကြုံပြုတယ်လေ ။ ၂၀၁၂ မြေယာ ဥပဒေ ၊ အခု ၂၀၁၉ မြေသိမ်း ဥပဒေ ဆိုတာ ထုတ်ပြန်ထားပြီး ဖြစ်တယ်။ တည်ဆဲဥပဒေတွေ ဖြစ်တယ်။ အဲဒါတွေကို လေးစားလိုက်နာဖို့ လိုတယ်။ ကျနော်တို့ ပြောတယ်။ ဒါကို အင်္ဂလိပ်နယ်ချဲ့ လက်ထက်က မြေသိမ်းဟာကြီးကို ကြည့်ပြီးတော့ ၂၀ ရာခိုင်နှုန်း၊ ၈၀ ရာခိုင်နှုန်း ဆွဲပြီး သူတို့ တင်တာ။ ဒါကြီးက မှားနေတာ။ တကယ်တမ်းကျတော့ ထောက်ပြရရင်။
ကျနော် မေးတာပဲ။ သူကတော့ လယ်ယာမြေ နှင့် အခြား သိမ်းဆည်းထားသော မြေ ပြန်လည်စိစစ်ရေးလုပ်တဲ့အခါမှာ ပြန်ပေးနေရမယ်။ ဒါကို ဗဟို လယ်ယာမြေနှင့် အခြား မြေသိမ်းဆည်ရေး အဖွဲ့ကနေ ဒု သမ္မတက ဦးဆောင်တယ်။ အဲ့အဖွဲ့က မူဝါဒ - ၅၂ ချက် သတ်မှတ်ထားတယ်ပေါ့ ။ ရန်ကုန်တိုင်းဒေသကြီးအဖွဲ့က လုပ်တာက မူဝါဒ ၅၂ ချက် နဲ့ လုပ်တာ မှန်ကန်ပါတယ် လို့ သူက ဖြေသွားတယ်။ သူက ဥပဒေနဲ့ ညီတယ်လို့ ဖြေတယ်။
အမှန်တော့ အဓိက အနှစ်သာရက မူလ မြေပိုင်ရှင် သဘောတူ မှာ ရမှာ ။ သူဘာသာ ၂၀ ရာခိုင်နှုန်း ၊ ၈၀ ရာခိုင်နှုန်း မဟုတ်ဘူး။ မူလ မြေပိုင်ရှင်က သဘောတူ အလကားပေးလည်း ပြဿနာ မရှိဘူး။ နောက်တစ်ခါ အခုက မြေယာ လျော်ကြေးတွေ ပေးပြီးပေါ့ ။ ကောင်း တဲ့နေရာ ၊ လမ်းမ တွေမှ ၊ မြေယာ တစ်ဧက သိန်း ၁၀၀ ၊ သူက တစ်ဧက သိန်း ၁၀၀ ပဲပေးတယ်။ တကယ်တမ်းကျတော့ တစ်ဧက သိန်း ၁၀၀ ဆိုတာ ၊ အဆိုပါမြေတွေဟာ တစ်ဧက ကို သိန်းထောင်ချီ တန်တဲ့ဟာ ပါတယ်။ တချို့ဆိုရင် သောင်းဂဏန်း ထိတောင် တန်တယ်။ သိန်းသောင်းအထိ ရှိတယ်။ ဒါတွေကျတော့ တစ်ဧက သိန်း ၁၀၀ ပဲ ပေးမယ်။
နစ်နာမှု ကာလ ဒေသ ပေါက်ဈေးနဲ့ တော့ မညီဘူးပေါ့ ။ ဒီဟာကြီးကို ရန်ကုန်တိုင်း ဒေသအစိုးရက ၊ အဲ့တာတော့ တိုင်းဒေသအစိုးရအပေါ် မူတည်တာပေါ့ ။ ရန်ကုန်တိုင်းတော့ သိန်း ၁၀၀ သတ်မှတ်ပြီး ပေးနေတာ တော့ ကျနော်အမြင် ကျတော့ ဥပဒေနဲ့ မညီဘူးပေါ့ ။ နည်းတာပေါ့ ။ သဘောတူစရာအကြောင်းတော့ မရှိဘူး။ ယူတာယူလို့ရတယ်။ သဘောတော့ မတူနိုင်ဘူး။
မေး။ ။ ဒဂုံမြို့သစ် မြို့နယ် ၄ မြို့နယ်နှင့် လှိုင်သာယာ၊ ရွှေပြည်သာရှိ အစိုးရပိုင် မြေကွက်များ ကို ရောင်းချပေးမယ် ဆိုတော့ လက်ရှိ မြေပိုင်ရှင်များက သဘောမတူနိုင်ရင် မြေယာပဋိပက္ခ ရှုပ်ထွေးမှု ရှိလာနိုင်လဲ။
ဖြေ။ ။ အခု မြေပိုင်ရှင်တွေက ကျနော်တို့ကို လာပြီး တိုင်စာ ပို့တာ ရှိတယ်။ ပို့တဲ့အဖွဲ့တွေကလည်း ပွင့်ပွင့်လင်းလင်းပြောရရင် မျက်ရည်ပေါက်ကြီးနဲ့ ၊ ဘယ်သူကို အားကိုးလို့ရမှန်း မသိဘူးလေ။ကျမတို့ကို တစ်ဧက သိန်း ၁၀၀ တော့ နည်းပါတယ်။ နောက်တစ်ခုက သိန်း ၁၀၀ ကိုတောင် သိမ်းဆည်းခံရတဲ့ သူ့မြေအကုန်အတွက် မရဘူး။ တချို့ကတော့ သူမသိဘဲနဲ့ သူတို့မှာ စည်ပင်ကနေ နားလည်မှု ယူ ၊ ဌာနဆိုင်ရာ နဲ့ နားလည်မှု ယူပြီးတော့ လုပ်ငန်းရှင်က ဂရံမြေအမည် ဖောက်သွားသေး။
အဲဒါက ဥပဒေနဲ့ လုံးဝ မညီတဲ့ဟာတွေ ၊ သို့သော် သူတို့အနေနဲ့ ပြန်ပြီး တရားစွဲ ဆိုလည်း ခက်တယ် ၊ တရားရုံးကို တိုင်ဖို့ ၊ ဒီဟာက တရားရုံး ရောက်သွားမယ့်သဘော ရှိတယ်။ အဲဒါ ဒါကို မကျေနပ်ပါဘူးလို ကျနော်တို့ဆီ တိုင်တယ်။ အခု မြေယာလျှော်ကြေးတွေနဲ့ ပတ်သက်လို့ မကျေနပ်တဲ့အဖွဲ့တွေ ကွန်ပလိန်း တက်တယ်။

ဥပမာ - မြေသိမ်းစဉ် မူဝါဒ ချပေးတယ်။ ၁၉၈၈ နောက်ပိုင်း ဖြစ်ရမယ်။ မြေပိုင်ဆိုင်မှု ခိုင်မာရမယ်။ မြေယာလျှော်ကြေး တစ်ပြားမှ မယူထား ရဘူးလို့ ပြောတယ်။ တချို့က မြေယာလျှော်ကြေး မယူထားဘူး။ မြေပိုင်ရှင်က တစ်ပြားမှ မယူထားဘူး ။ သို့သော် အိုးအိမ်မှာ မြေယာလျှော်ကြေးတွေ ပေးပြီးသားပါ ။ ဈေးနှုန်ူးက နည်းနည်းလေးပါ ။ တစ်ဧက ဈေးနှုန်းကို ပေးပြီးပြီ ဆိုပြီး သူက လက်မှတ်တွေပြ ၊ အဲဒီတော့ ကျမ လက်မှတ် မဟုတ်ဘူး ဆိုတော့ အဲဒါတွေက ရင်ဆိုင်နေရပြီ။
အဲဒီတော့ တရားရုံးက ဘယ်လိုရင်ဆိုင်မလဲ ။ မြေစစ်အဖွဲ့က ဒါ ကျတော့ လုပ်လို့မရတော့ဘူး။ ဌာနဆိုင်ရာ ကလည်း ကျနော်တို့ ပေးပြီးသွားပြီ။ အဖြေအတွက် သူတို့က ဒီလူကို မြေယာလျှော်ကြေး ပြီ ၊ ငါတို့ ပေးစရာ မလိုတော့ဘူး ။ ဒီလူ မပိုင်တော့ဘူး ၊ နိုင်ငံတော်က သိမ်းလို့ရပြီး ဆိုပြီး သူတို့က ဆုံးဖြတ်လိုက်တာလေ။
တကယ်တမ်းကျတော့ လယ်သမားက မြေယာလျှော်ကြေးလည်း မရလိုက်ဘူး။ သိသိချင်း ပေးတာ နည်းလို့ ယူကို မယူတာ ၊ ဒီနေ့အထိ ၊ မယူတာလည်း သူတို့က စာရွက်အပေါ် အယူပြလိုက်ပြီ ။ အိုးအိမ်က ၊ အဲဒါမျိုးက ဝန်ထမ်းတွေက နည်းနည်းတော့ ဖြစ်တာပေါ့။ အဲဒါမျိုး လုပ်တာ ခံရတဲ့ ပြည်သူတွေ များနေတယ်။ များနေတော့ နောက်ဆုံး ဘာဖြစ်လာနိုင်လဲဆိုတော့..။
မှန်တော့ မှန်တယ်။ ကျနော်အနေနဲ့ လွှတ်တော်ကနေ လုပ်မှာပဲ ။ အဲဒီအဖွဲ့တွေကို စောင့်ကြည်နေတယ်။ ရန်ကုန်တိုင်းဒေသကြီး ဒေသန္တရာ စီမံကိန်း နှင့် ပတ်သက်ပြီး လုပ်မယ်ဟာ ၊ တင်ပြထားတဲ့ ဟာတွေ ရှိတယ်။ ဒါတွေ ဘယ်လို လုပ်မလဲ ၊ ဒီမြေယာပိုင်ရှင်ဟာ ၊ တောင်ဒဂုံ ၊ မြောက်ဒဂုံမှာ မဟုတ်ပါဘူး။ ရွှေပြည်သာ ၊ လှိုင်သာယာ ဘက်မှာလည်း အဲဒီလိုပြဿနာပဲ။ ဒီပြဿနာ တည့်တည့်တိုး သော ကိုယ်စားလှယ် တွေ ရင်ဆိုင်ရတယ်။ ပြည်သူက ကိုယ်စားလှယ်ပဲ။ ပြည်သူကတော့ ကိုယ်စားလှယ်ပဲ စပြီး အားကိုးနေတာ ။ ဘာလုပ်ရင် ဘာဆိုတာ ၊

အဲဒီမေးခွန်း ထမေးတော့ လယ်မြေ ဝန်ကြီး ဦးဟန်ထွန်းက မဖြေနိုင်ဘူး။ တိတိကျကျ အဖြေ မပေးဘူး။ ဝါးပြီး မေးသွားတယ်။ ကျနော်တို့ က ထပ်ဆင့်မေးခွန်း က တစ်ခါတည်း မေးလို့ရတယ်။ နောက်ထပ် မေးလို့မရတော့ဘူး။ လွှတ်တော်စည်းမျဉ်းအရ ၊ အခုတော့ အဲဒါ ဆွေးနွေးဆုံးဖြတ်ရမယ်။ သို့သော် အဖြေတစ်ခု ရလိုက်ပြီ။ သူတို့ အနေနဲ့ လစ်လျူရှုလိုက်ပြီ ဆိုတာ အဖြေကို ကျနော်တို့ ရလိုက်ပြီ ။ ကျနော်တို့ ဘာဆက်လုပ်ရမလဲဆိုတာ ပြန်စဉ်းစား ရတော့မယ် ၊ ကျနော်တို့ ကော်မတီအနေနဲ့ကော ၊ ကိုယ်စားလှယ်တွေကော အဲဒီလောက်ပါပဲ ။

မေး ။ ။ လက်ရှိမူလ မြေပိုင်ရှင်များက အစိုးရက ပေးတဲ့ရာခိုင်နှုန်း အပေါ် သဘောတူညီမှု ၊ ရှိ ၊ မရှိ အပေါ် စောင့်ကြည့်ပြီး လွှတ်တော်မှာ နောက်ထပ် တင်ပြပြောဆိုသွားဖို့ ရှိလား။
ဖြေ ။ ။ ကျနော်တို့ ထပ်ပြီး တင်ရမယ်။ သူတို့ ဘယ်လို ဆုံးဖြတ်မလဲ ၊ တင်ရမလဲဆိုတာ ကျနော်တို့ ဘဏ္ဍာရေး ၊ စီမံကိန်း နှင့် စီးပွားရေး ကော်မတီ အနေနဲ့ ၊ အစိုးရကိုပဲ တင်ပြနေလို့ မရတော့ဘူး။ အထက်ကိုပဲ တိုက်ရိုက် တင်ပြရမယ်။ အစိုးရလည်း တင်ပြ မယ်။ ဗဟိုအစိုးရလည်း တင်၊ ကိုယ်အစိုးရထက် ကြီးတဲ့ ပြည်ထောင်စု အဖွဲ့အစည်း ၊ ဗဟိုကိုလည်း တင်ရမယ်။ ဒီလူတွေရဲ့ တိုင်ကြားချက်ကို ပြန်လည်ပြီး သုံးသပ်ပေးဖို့ ဒါတွေကို ကျနော်တို့အနေနဲ့ လုပ်ကို လုပ်ရမယ်။ အခုတော့ ကျနော်တို့ စီမံရေးကော်မတီအနေနဲ့ အစည်းအဝေး မလုပ်ရသေးဘူး ။ ဒါကို လုပ်ဖို့ ရှိတယ်လိုတော့ ပြောချင်တယ်။
မေး။ ။ နောက်ဆုံး ဘာများ ဖြည့်စွက်ပြောပြချင်တာ ရှိပါသလဲ။
ဖြေ။ ။ ဒီကိစ္စကို တချို့က သဘောမတူဘူး။ ၂၀ ရာခိုင်နှုန်း ၊ ၈၀ ရာခိုင်နှုန်း နဲ့ သဘောမတူဘူး။ မူလ မြေပိုင်ရှင် သဘောတူ မှာ ၊ တစ်ဧက သိန်း ၁၀၀ နည်းတယ်။ မလိုချင်ဘူး။ ခေါင်းခါနေတာ ရှိတယ်။ အဲဒီလို ခေါင်းမာနေတဲ့သူတွေကြောင့် ၊ နောက်ဆုံး ကြားသိရတာက သူ ပုံစံ ၇ ထုတ်ပေးထားတဲ့ လယ်သမား သူဆီမှာလည်း သက်သေခံ အထောက်အထား ရှိတယ်။ အဲ့ပုံစံ ၇ ကို မှားယွင်းပြီး ထုတ်ပေးမိပါတယ် ပုံစံမျိုးနဲ့ ခွင်ဆင် ၊ အမှုဆင်မယ်လို့ လုပ်နေရတယ်လို့ ကျနော်တို့ ကြားနေရတယ်။
အဲဒါဆိုရင် ပိုဆိုးသွားမယ်။ ဘာကြောင့်လဲဆိုတော့ သူ မှားယွင်းပြီး ထုတ်ပေးရင် လုပ်လို့တော့ ရတယ်။ ဟိုမှာ စိုက်ပျိုး ၊ သီးနှံ မစိုက်ဘူး ဆိုပြီး လက်ညှိးထိုးလို့ရတယ်။ ကြည့်လိုက်ရင် သီးနှံ မရှိဘူး။ သီးနှံ မရှိရင် မင်း .. ပုံစံ ၇ ငါတို့ မှားယွင်း ထုတ်ပေးတာ ၊မင်းဘာသာ မြေခွန် ဘယ်လောက်ပဲဆောင်ဆောင် ၊ ငါတို့ ပြန်သိမ်းတယ်လို့ ၊ အဲ့အခါကျတော့ ကျနော်တို့ကော ၊ လယ်သမားတွေအစ ဒါကို ရင်ဆိုင်ရတော့မယ်။
ဒါတော့ မဟုတ်တော့ဘူးလေ ။ ဘာကြောင့်လဲဆိုတော့ ဒီစီမံကိန်းတွေ ပြန်လုပ်တော့မယ့်လိုလို ၊ တချို့ကျတော့ ဘာအပင်မှ မစိုက်နိုင်တော့ဘူးလေ။ အခုကျတော့ ကွက်သစ် လိုချင်တော့ ၊ အဲ့မြေတွေက သီးနှံ ခိုင်ခိုင်မာမာ စီမံကိန်း သီးနှံ မစိုက်နိုင်ဘူး။ မစိုက်နိုင်တာ များတယ်။ မ စိုက်နိုင်ရင် ပုံစံ ၇ မပေးနဲ့ ၊ ဆိုတော့ ဒါက မတရားရာ ကျတယ်။ လိုချင်တဲ့ ပုံကို မြေပိုင်ရှင်က လိုက်ပြီး မလိုက်တဲ့အတွက် တမျိုးပြန်ပြီးတော့ အာဏာပိုင်အဖွဲ့အစည်းအနေနဲ့ ပွင့်ပွင့်လင်းလင်း ပြောရရင် နှိပ်ကွပ်တဲ့ပုံစံမျိုးတော့ ဖြစ်တယ်။ အဲဒါမျိုး တော့ ကျနော်က လက်မခံနိုင်ဘူး။ ကျနော်အနေနဲ့ ဒါက လုံးဝမှားယွင်းတယ် ။ သူတို့ လုပ်ရင် ပိုမှားမယ်လို့ ပြောချင်တယ်။

No comments:

Post a Comment

My Blog List