Monday, October 07, 2019

ကလေကဝနဲ့တက်လာသောသူများမိမိတို့ပါတီ၌ မရှိကြောင်း ပဲခူးတိုင်းဝန်ကြီးချုပ် (ငြိမ်း)ဦးဉာဏ်ဝင်းပြောကြား


Image may contain: 1 person, outdoorImage may contain: 18 people, people sitting
ကလေကဝနဲ့ တက်လာသောသူများ မိမိတို့ပါတီ၌ မရှိကြောင်း ပဲခူးတိုင်းဝန်ကြီးချုပ် (ငြိမ်း)ဦးဉာဏ်ဝင်းက အောက်တိုဘာ ၆ ရက်နေ့၌ ပြောကြားခဲ့သည်။

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၌ ပြည်ခိုင်ဖြိုးပါတီရုံး၌ ကျင်းပပြုလုပ်ခဲ့သည့် ဝမ်းဘဲအင်း ကျေားရွာအုပ်စု ပါတီဝင်သစ် အဆိုပြုလွှာပေးအပ်ပွဲ၌ အထက်ပါအတိုင်း ပြောဆိုခဲ့ခြင်း ဖြစ်သည်။
“မိမိတို့ဖြတ်သန်းခဲ့တဲ့ ဘဝအတွေ့အကြုံတွေ ကိုယ့်ပါတီတွေ ဖြတ်သန်းခဲ့တဲ့ နိုင်ငံရေ အေတွေ့အကြံုတွေအရ အခြားသူတွေနဲ့ယှဉ်လျှင် မိမိတို့ အများကြီးသာတယ်။ သူများ တကာလို ကလေကဝနဲ့တက်လာသောသူတွေ မိမိတို့ဆီမှာမရှိဘူး။ အရည်အချင်းချင်း ယှဉ်ရင် မိမိတို့တွေ ယှဉ်သာတယ်။ ဒီထက်ပိုသာတာက နိုင်ငံတော်ပေါ်မှာ သစ္စာရှိတာတွေ ပြည်သူလူထုပေါ်မှာ သစ္စာရှိတာတွေ ပိုပြီးသာတယ်”ဟု ဦးဉာဏ်ဝင်းက ပြောသည်။
ပဲခူးတိုင်းဝန်ကြီးချုပ်(ငြိမ်း)ဦးဉာဏ်ဝင်းသည်လက်ရှိအချိန်၌ ဇီးကုန်းမြို့တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံထားရသူဖြစ်သည်။
Photo - USDP
(unicode)
ကလေကဝနဲ့တက်လာသောသူများမိမိတို့ပါတီ၌ မရှိကြောင်း ပဲခူးတိုင်းဝန်ကြီးချုပ် (ငြိမ်း)ဦးဥာဏ်ဝင်းပြောကြား

ရန်ကုန်၊ အောက်တိုဘာ-ရ
ကလေကဝနဲ့ တက်လာသောသူများ မိမိတို့ပါတီ၌ မရှိကြောင်း ပဲခူးတိုင်းဝန်ကြီးချုပ် (ငြိမ်း)ဦးဥာဏ်ဝင်းက အောက်တိုဘာ ၆ ရက်နေ့၌ ပြောကြားခဲ့သည်။
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၌ ပြည်ခိုင်ဖြိုးပါတီရုံး၌ ကျင်းပပြုလုပ်ခဲ့သည့် ဝမ်းဘဲအင်း ကျေားရွာအုပ်စု ပါတီဝင်သစ် အဆိုပြုလွှာပေးအပ်ပွဲ၌ အထက်ပါအတိုင်း ပြောဆိုခဲ့ခြင်း ဖြစ်သည်။
“မိမိတို့ဖြတ်သန်းခဲ့တဲ့ ဘဝအတွေ့အကြုံတွေ ကိုယ့်ပါတီတွေ ဖြတ်သန်းခဲ့တဲ့ နိုင်ငံရေ အေတွေ့အကြုံတွေအရ အခြားသူတွေနဲ့ယှဉ်လျှင် မိမိတို့ အများကြီးသာတယ်။ သူများ တကာလို ကလေကဝနဲ့တက်လာသောသူတွေ မိမိတို့ဆီမှာမရှိဘူး။ အရည်အချင်းချင်း ယှဉ်ရင် မိမိတို့တွေ ယှဉ်သာတယ်။ ဒီထက်ပိုသာတာက နိုင်ငံတော်ပေါ်မှာ သစ္စာရှိတာတွေ ပြည်သူလူထုပေါ်မှာ သစ္စာရှိတာတွေ ပိုပြီးသာတယ်”ဟု ဦးဥာဏ်ဝင်းက ပြောသည်။
ပဲခူးတိုင်းဝန်ကြီးချုပ်(ငြိမ်း)ဦးဥာဏ်ဝင်းသည်လက်ရှိအချိန်၌ ဇီးကုန်းမြို့တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံထားရသူဖြစ်သည်။
Photo - USDP

No comments:

Post a Comment

My Blog List