Monday, October 07, 2019

လုပ်ငန်းလိုအပ်ချက်အရ မော်တော်ယာဉ်ဝယ်ယူရန်တင်ပြခြင်းဖြစ်ပြီး၊ မုဒိတာပွားရန် ရန်ကုန်မြို့တော်ဝန်ပြောကြား


Image may contain: 1 person, screen, living room and indoor
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက ၂၀၁၉/၂၀၂၀ခုနှစ်ဘဏ္ဍာရေးနှစ်တွင်ကားအစီးရေ ၈၀ ဝယ်ယူရန်ရန်ကုန်တိုင်းလွှတ်တော်တွင်တင်ပြထားခြင်းမှာ လုပ်ငန်းလိုအပ်ချက်အရ ဝယ်ယူရန်စီစဉ်ခြင်းဖြစ်ပြီး မုဒိတာပွားရန်ရန်ကုန်မြို့တော်ဝန်ဦးမောင်မောင်စိုးကပြောသည်။

အောက်တိုဘာလ ၇ရက် ယနေ့မွန်းလွဲပိုင်းတွင် ကျင်းပသောရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ သတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့ခြင်းဖြစ်သည်။

"တခြားဝန်ကြီးဌာနတွေမှာဆိုရင် ဒုညွှန်ချုပ် ညွှန်ချုပ်အဆင့်ဆိုရင်ကားနေစရာအိမ်စတဲ့အဆောင်အယောင်တွေရှိတယ် ကျွန်တော်တို့စည်ပင်က အရင်ခေတ်ကာလကကိုယ်ပိုင်ဘတ်ဂျက်နဲ့ရပ်တည်လာတော့ အဲ့ဒီအခွင့်အရေးမရခဲ့ဘူး ခုနောက်ပိုင်းမှာတော့ အစိုးရဘတ်ဂျတ်နဲ့သွားတာဖြစ်တော့ ပြည်ထောင်စုအစိုးရကို ကားဝယ်ယူဖို့တင်ပြတယ် အစိုးရကတိုင်းအစိုးရရန်ပုံငွေနဲ့ဝယ်ပါလို့အကြောင်းပြန်တဲ့အတွက်တင်ပြတာပါ။

ကျွန်တော်တို့ စည်ပင်ရဲ့ လုပ်ငန်းလိုအပ်ချက်အရ အချိန်နဲ့တပြေးညီ အထက်ကခိုင်းတတွေကို အောက်ခြေ အဆင့်ကဆောင်ရွက်ဖို့လိုတာကြောင့် ကားဝယ်ဖို့စီစဉ်တာပါ။ ကျွန်တော်တို့ ဇိမ်ခံဖို့မဟုတ်ပါဘူး၊မုဒိတာ ပွားကြဖို့ကျွန်တော်အနေနဲ့ပြောချင်ပါတယ်။"ဟုမြို့တော်ဝန်ဦးမောင်မောင်စိုးကပြောသည်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဥပဒေအရ ရွေးချယ်ခန့်ထားသည့်မြို့နယ် ၃၃မြို့နယ်ရှိ စည်ပင်ဥက္ကဋ္ဌတစ်ဦးလျှင်တစ်စီးနှုန်းဖြင့်၃၃စီး၊အဖွဲ့ဝင်၂ဦး အသုံးပြုရန် ၂စီး၊ရွေးချယ်ခံကော်မတီဝင် ၆ဦး လုပ်ငန်းတာဝန်ခံအဖွဲ့ရဖွဲ့၏အတွင်းရေးမှူးများအသုံး
ပြုရန် ၁၃စီး၊ညွှန်ကြားရေးမှူးနှင့်အထက် လုပ်ငန်းသုံးစွဲရန်၁၅စီး၊လုပ်ငန်းစစ်လမ်းကြောင်းနှင့်ဧည့်ကြိုရာတွင်အသုံးပြုရန်၁စီး၊ဝန်ထမ်းများအခမ်းအနားကြိုပို့ရာတွင် အသုံးပြုရန် ၃စီးနှင့်လုပ်ငန်းတွင်အသုံးပြုရန် ၁၃စီးစုစုပေါင်းအစီးရေ၈၀ကိုတိုင်းဒေသကြီးဘဏ္ဍာရန်ပုံငွေဖြင့်ဝယ်ယူရန်တင်ပြထားခြင်းဖြစ်သည်။လုပ်ငန်းလိုအပ်ချက်အရ မော်တော်ယာဉ်ဝယ်ယူရန်တင်ပြခြင်းဖြစ်ပြီး၊
မုဒိတာပွားရန် ရန်ကုန်မြို့တော်ဝန်ပြောကြား
====================================
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက ၂၀၁၉/၂၀၂၀ခုနှစ်ဘဏ္ဍာရေးနှစ်တွင်ကားအစီးရေ ၈၀ ဝယ်ယူရန်ရန်ကုန်တိုင်းလွှတ်တော်တွင်တင်ပြထားခြင်းမှာ လုပ်ငန်းလိုအပ်ချက်အရ ဝယ်ယူရန်စီစဉ်ခြင်းဖြစ်ပြီး မုဒိတာပွားရန်ရန်ကုန်မြို့တော်ဝန်ဦးမောင်မောင်စိုး
ကပြောသည်။

အောက်တိုဘာလ ၇ရက် ယနေ့မွန်းလွဲပိုင်းတွင် ကျင်းပသောရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ၏ သတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့ခြင်း
ဖြစ်သည်။

"တခြားဝန်ကြီးဌာနတွေမှာဆိုရင် ဒုညွှန်ချုပ် ညွှန်ချုပ်အဆင့်ဆိုရင်ကားနေစရာအိမ်စတဲ့အဆောင်အယောင်တွေရှိတယ် ကျွန်တော်တို့စည်ပင်က အရင်ခေတ်ကာလကကိုယ်ပိုင်ဘတ်ဂျက်နဲ့ရပ်တည်လာတော့ အဲ့ဒီအခွင့်အရေးမရခဲ့ဘူး ခုနောက်ပိုင်းမှာတော့ အစိုးရဘတ်ဂျတ်နဲ့သွားတာဖြစ်တော့ ပြည်ထောင်စုအစိုးရကို ကားဝယ်ယူဖို့တင်ပြတယ် အစိုးရကတိုင်းအစိုးရရန်ပုံငွေနဲ့ဝယ်ပါလို့အကြောင်းပြန်တဲ့အတွက်တင်ပြတာပါ။

ကျွန်တော်တို့ စည်ပင်ရဲ့ လုပ်ငန်းလိုအပ်ချက်အရ အချိန်နဲ့တပြေးညီ အထက်ကခိုင်းတတွေကို အောက်ခြေ အဆင့်ကဆောင်ရွက်ဖို့လိုတာကြောင့် ကားဝယ်ဖို့စီစဉ်တာပါ။ ကျွန်တော်တို့ ဇိမ်ခံဖို့မဟုတ်ပါဘူး၊မုဒိတာ ပွားကြဖို့ကျွန်တော်အနေနဲ့ပြောချင်ပါတယ်။"ဟုမြို့တော်ဝန်ဦးမောင်မောင်စိုးကပြောသည်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဥပဒေအရ ရွေးချယ်ခန့်ထားသည့်မြို့နယ် ၃၃မြို့နယ်ရှိ စည်ပင်ဥက္ကဋ္ဌ တစ်ဦးလျှင်တစ်စီးနှုန်းဖြင့်၃၃စီး၊အဖွဲ့ဝင်၂ဦး အသုံးပြုရန် ၂စီး၊ရွေးချယ်ခံကော်မတီဝင် ၆ဦး လုပ်ငန်းတာဝန်ခံ အဖွဲ့ရဖွဲ့၏အတွင်းရေးမှူးများအသုံး
ပြုရန် ၁၃စီး၊ညွှန်ကြားရေးမှူးနှင့်အထက် လုပ်ငန်းသုံးစွဲရန်၁၅စီး၊လုပ်ငန်းစစ်လမ်းကြောင်းနှင့်ဧည့်ကြိုရာတွင် အသုံးပြုရန်၁စီး၊ဝန်ထမ်းများအခမ်းအနားကြိုပို့ရာတွင် အသုံးပြုရန် ၃စီးနှင့်လုပ်ငန်းတွင်အသုံးပြုရန် ၁၃စီးစုစုပေါင်းအစီးရေ၈၀ကိုတိုင်းဒေသကြီးဘဏ္ဍာရန်ပုံငွေဖြင့်ဝယ်ယူရန်တင်ပြထားခြင်းဖြစ်သည်။

No comments:

Post a Comment

My Blog List