Wednesday, October 16, 2019

ချီဖွေမြို့နယ် NLD ဆိုင်းဘုတ်ရှိ ခွပ်ဒေါင်းပုံ ဖျက်ဆီးခံရ


No photo description available.No photo description available.
ကချင်ပြည်နယ်၊ ချီဖွေမြို့၊ ရစ်လော်ရပ်ကွက်ရှိ ချီဖွေမြို့နယ်၊ အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဆိုင်းဘုတ်ရှိ ခွပ်ဒေါင်းပုံကို အောက်တို ဘာလ ၁၄ ရက်နေ့ ညက ဖျက်ဆီးခံခဲ့ရကြောင်း ယင်းပါတီတာဝန်ရှိ သူများထံမှ သိရသည်။

ချီဖွေမြို့နယ် NLD ပါတီရုံးရှေ့ အုတ်ဖြင့် စိုက်ထူထားသော ပါတီတံ ဆိပ်ပုံရှိ ခွပ်ဒေါင်းပုံတစ်ခုသာ ဖျက်ဆီးခံရခြင်းဖြစ်ပြီး ယင်းပါတီခွပ် ဒေါင်းပုံ ဖျက်ဆီးခံရတာနှင့်ပတ်သက်၍ ပါတီတာဝန်ရှိသူများက စုံစမ်း နေဆဲ ဖြစ်ကြောင်း ယင်းချီဖွေမြို့နယ် NLDပါတီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“ဆိုင်းဘုတ်မဟုတ်ဘူး။ ခွပ်ဒေါင်းပုံဖျက်ဆီးခံရတာ။ အဲဒီပုံက ဓားနဲ့မခြစ် ရင်တော့ ခွာလို့မရဘူး။ အခုဒီကိစ္စကို စုံစမ်းနေတုန်းပဲ။ ရဲစခန်းတော့ တိုင် တာမရှိဘူး” ဟု ၎င်းက ပြောသည်။
အဆိုပါ ချီဖွေမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရုံးကို ယခုလ အောက်တိုဘာလ ၅ ရက်နေ့က ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီး များ၊ ကချင်ပြည်နယ် NLD ပါတီမှ တာဝန်ရှိသူများက တက်ရောက် ဖွင့်လှစ်ပေးခဲ့သည်။
ကောင်းကောင်း
Photo, Chaw Zang Ti
(unicode)
ချီဖွေမြို့နယ် NLD ဆိုင်းဘုတ်ရှိ ခွပ်ဒေါင်းပုံ ဖျက်ဆီးခံရ

EPN
ချီဖွေ၊ အောက်တိုဘာ ၁၆
ကချင်ပြည်နယ်၊ ချီဖွေမြို့၊ ရစ်လော်ရပ်ကွက်ရှိ ချီဖွေမြို့နယ်၊ အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဆိုင်းဘုတ်ရှိ ခွပ်ဒေါင်းပုံကို အောက်တို ဘာလ ၁၄ ရက်နေ့ ညက ဖျက်ဆီးခံခဲ့ရကြောင်း ယင်းပါတီတာဝန်ရှိ သူများထံမှ သိရသည်။
ချီဖွေမြို့နယ် NLD ပါတီရုံးရှေ့ အုတ်ဖြင့် စိုက်ထူထားသော ပါတီတံ ဆိပ်ပုံရှိ ခွပ်ဒေါင်းပုံတစ်ခုသာ ဖျက်ဆီးခံရခြင်းဖြစ်ပြီး ယင်းပါတီခွပ် ဒေါင်းပုံ ဖျက်ဆီးခံရတာနှင့်ပတ်သက်၍ ပါတီတာဝန်ရှိသူများက စုံစမ်း နေဆဲ ဖြစ်ကြောင်း ယင်းချီဖွေမြို့နယ် NLDပါတီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“ဆိုင်းဘုတ်မဟုတ်ဘူး။ ခွပ်ဒေါင်းပုံဖျက်ဆီးခံရတာ။ အဲဒီပုံက ဓားနဲ့မခြစ် ရင်တော့ ခွာလို့မရဘူး။ အခုဒီကိစ္စကို စုံစမ်းနေတုန်းပဲ။ ရဲစခန်းတော့ တိုင် တာမရှိဘူး” ဟု ၎င်းက ပြောသည်။
အဆိုပါ ချီဖွေမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရုံးကို ယခုလ အောက်တိုဘာလ ၅ ရက်နေ့က ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီး များ၊ ကချင်ပြည်နယ် NLD ပါတီမှ တာဝန်ရှိသူများက တက်ရောက် ဖွင့်လှစ်ပေးခဲ့သည်။
ကောင်းကောင်း
Photo, Chaw Zang Ti

No comments:

Post a Comment

My Blog List