Tuesday, October 08, 2019

ရွှေလုပ်ငန်းသည် တိုင်းပြည်စီးပွားရေး တည်ငြိမ်ဖွံ့ဖြိုးစေရန် အထောက်အကူပြုရမည်ဟု စီးပွားကူးသန်း ဒုဝန်ကြီးပြော


Image may contain: one or more people and people standing
ရွှေလုပ်ငန်းဟာ တိုင်းပြည်စီးပွားရေး တည်ငြိမ်စေဖို့နဲ့ ဖွံ့ဖြိုးတိုးတက်စေဖို့အတွက် အထောက်အကူပြုစေရမှာဖြစ်လို့ ကုန်ဈေးနှုန်းတွေ ကမောက်ကမ ဖြစ်စေတဲ့ ဈေးကစားတာမျိုးတွေကို မလိုလားဘူးလို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထူးက ပြောကြားလိုက်ပါတယ်။

ရန်ကုန်မြို့ Time City (Jewellery Mall) ခန်းမမှာ အောက်တိုဘာ ၆ ရက်က ပြုလုပ်ခဲ့တဲ့ မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များ အသင်းချုပ်ရဲ့ (၁၇) နှစ်ကြိမ်မြောက် နှစ်ပတ်လည်အသင်းသားစုံညီအစည်းအဝေးမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။
“ရွှေတန်ဖိုး တည်ငြိမ်မှုဟာ စီးပွားရေးစနစ်ရဲ့ တည်ငြိမ်မှုကို ပြသလျှက်ရှိပါတယ်။ ဒါကြောင့် ရွှေကို စစ်မှန်တဲ့ ငွေကြေးရဲ့ စံချိန်နဲ့ တန်ဖိုးသိုလှောင်တဲ့ အရာအဖြစ် ဖြစ်ပေါ်စေလိုပြီး တိုင်းပြည်ရဲ့ စီးပွားရေး တည်ငြိမ်မှုကို အထောက်အကူ ပြုစေလိုကြပါတယ်။ ကုန်စျေးနှုန်းများကို ကမောက်ကမဖြစ်စေမယ့် စျေးကစားမှုများကို နိုင်ငံအစိုးရရော ပြည်သူများကပါ လိုလားမှု မရှိကြပါဘူး” လို့ ဒုဝန်ကြီး ဦးအောင်ထူးက ဆိုပါတယ်။
လက်ရှိရွှေဈေးကွက်ဟာ ပုံမှန်အရောင်းအဝယ်အခြေအနေဖြစ်ပေမဲ့ ပြီးခဲ့တဲ့လပိုင်းကတော့ ပြည်တွင်းရွှေဈေးတွေ စံချိန်တင်မြင့်တက်သွားခဲ့ပါတယ်။ အဲဒီကိစ္စနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌ ဦးကျော်ဝင်းက အခုလိုပြောပါတယ်။
“အရင် ၁၃ သိန်းကျော် ဖြစ်တယ်ဆိုတာကတော့ အကြောင်းကြောင်းတွေ အားလုံးတိုက်ဆိုင်သွားတာပေါ့။ ပထမတစ်ချက်ကတော့ ကမ္ဘာ့ရွှေစျေး တအားတက်သွားတယ်။ နောက်ဒုတိယတစ်ချက်က ဘဏ်ကိစ္စလေးတွေက တစ်ချို့နည်းနည်း အမြင်လွဲတာလေးတွေ ရှိတယ်ပေါ့။ နောက် ကျွန်တော်တို့ပြည်တွင်း ငွေလဲနှုန်းကလည်း နည်းနည်းမြင့်သွားတယ်ဆိုတော့ ၁၃ သိန်းကျော်သွားတာပေါ့” လို့ ဦးကျော်ဝင်းက ပြောပါတယ်။
ဒါ့အပြင် ရန်ကုန်မြို့မှာ ရွှေတုံးတွေရောင်းနိုင်မယ့် ရွှေဈေးကွက်ကြီး ရှိဖို့လိုတယ်လို့ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ထောက်ပြပြောဆိုခဲ့ပါတယ်။
“အဓိက ရွှေလောကမှာ လိုအပ်နေတာကတော့ ရွှေတုံးတွေကို တရားဝင် စျေးကွက်တစ်ခုလို ရောင်းချနိုင်ဖို့အတွက်ပဲ ဖြစ်ပါတယ်။ အခု ကျွန်တော်တို့ စျေးကွက်ထဲမှာ ရောင်းဝယ်မှုတွေ ရှိနေပါတယ်။ ဒါပေမဲ့ စနစ်ကျတဲ့ ရောင်းဝယ်မှုတစ်ခုတော့ မဖြစ်လာခဲ့သေးပါဘူး” လို့ ဦးဖြိုးမင်းသိန်းက ပြောပါတယ်။
မြန်မာနိုင်ငံရွှေ လုပ်ငန်းရှင်များအသင်းချုပ်ရဲ့ (၁၇) နှစ်ကြိမ်မြောက် နှစ်ပတ်လည် အသင်းသား စုံညီအစည်းအဝေးကို ရန်ကုန်တိုင်းဝန်ကြီးချုပ်၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး၊ ရန်ကုန်တိုင်းအစိုးရအဖွဲ့ဝင်တွေ၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်မှ အဖွဲ့ဝင်တွေ၊ ရွှေလုပ်ငန်းရှင်တွေ တက်ရောက်ခဲ့ကြပါတယ်။
Image may contain: 1 person, flower and text 
Image may contain: 1 person 
Image may contain: 1 person, flower and text 
သတင်း - မိုးမြင့်ဇော်
ေရႊလုပ္ငန္းသည္ တိုင္းျပည္စီးပြားေရး တည္ၿငိမ္ဖြံ့ၿဖိဳးေစရန္ အေထာက္အကူျပဳရမည္ဟု စီးပြားကူးသန္း ဒုဝန္ႀကီးေျပာ
-----------------------------------------
ေရႊလုပ္ငန္းဟာ တိုင္းျပည္စီးပြားေရး တည္ၿငိမ္ေစဖို႔နဲ႔ ဖြံ့ၿဖိဳးတိုးတက္ေစဖို႔အတြက္ အေထာက္အကူျပဳေစရမွာျဖစ္လို႔ ကုန္ေဈးႏွုန္းေတြ ကေမာက္ကမ ျဖစ္ေစတဲ့ ေဈးကစားတာမ်ိဳးေတြကို မလိုလားဘူးလို႔ စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရး ဝန္ႀကီးဌာန၊ ဒုတိယဝန္ႀကီး ဦးေအာင္ထူးက ေျပာၾကားလိုက္ပါတယ္။

ရန္ကုန္ၿမိဳ႕ Time City (Jewellery Mall) ခန္းမမွာ ေအာက္တိုဘာ ၆ ရက္က ျပဳလုပ္ခဲ့တဲ့ ျမန္မာနိုင္ငံေရႊလုပ္ငန္းရွင္မ်ား အသင္းခ်ဳပ္ရဲ့ (၁၇) ႏွစ္ႀကိမ္ေျမာက္ ႏွစ္ပတ္လည္အသင္းသားစုံညီအစည္းအေဝးမွာ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

“ေရႊတန္ဖိုး တည္ၿငိမ္မွုဟာ စီးပြားေရးစနစ္ရဲ့ တည္ၿငိမ္မွုကို ျပသလၽွက္ရွိပါတယ္။ ဒါေၾကာင့္ ေရႊကို စစ္မွန္တဲ့ ေငြေၾကးရဲ့ စံခ်ိန္နဲ႔ တန္ဖိုးသိုေလွာင္တဲ့ အရာအျဖစ္ ျဖစ္ေပၚေစလိုၿပီး တိုင္းျပည္ရဲ့ စီးပြားေရး တည္ၿငိမ္မွုကို အေထာက္အကူ ျပဳေစလိုၾကပါတယ္။ ကုန္ေစ်းႏွုန္းမ်ားကို ကေမာက္ကမျဖစ္ေစမယ့္ ေစ်းကစားမွုမ်ားကို နိုင္ငံအစိုးရေရာ ျပည္သူမ်ားကပါ လိုလားမွု မရွိၾကပါဘူး” လို႔ ဒုဝန္ႀကီး ဦးေအာင္ထူးက ဆိုပါတယ္။

လက္ရွိေရႊေဈးကြက္ဟာ ပုံမွန္အေရာင္းအဝယ္အေျခအေနျဖစ္ေပမဲ့ ၿပီးခဲ့တဲ့လပိုင္းကေတာ့ ျပည္တြင္းေရႊေဈးေတြ စံခ်ိန္တင္ျမင့္တက္သြားခဲ့ပါတယ္။ အဲဒီကိစၥနဲ႔ပတ္သက္ၿပီး ျမန္မာနိုင္ငံေရႊလုပ္ငန္းရွင္မ်ားအသင္းခ်ဳပ္ ဥကၠ႒ ဦးေက်ာ္ဝင္းက အခုလိုေျပာပါတယ္။

“အရင္ ၁၃ သိန္းေက်ာ္ ျဖစ္တယ္ဆိုတာကေတာ့ အေၾကာင္းေၾကာင္းေတြ အားလုံးတိုက္ဆိုင္သြားတာေပါ့။ ပထမတစ္ခ်က္ကေတာ့ ကမၻာ့ေရႊေစ်း တအားတက္သြားတယ္။ ေနာက္ဒုတိယတစ္ခ်က္က ဘဏ္ကိစၥေလးေတြက တစ္ခ်ိဳ႕နည္းနည္း အျမင္လြဲတာေလးေတြ ရွိတယ္ေပါ့။ ေနာက္ ကၽြန္ေတာ္တို႔ျပည္တြင္း ေငြလဲႏွုန္းကလည္း နည္းနည္းျမင့္သြားတယ္ဆိုေတာ့ ၁၃ သိန္းေက်ာ္သြားတာေပါ့” လို႔ ဦးေက်ာ္ဝင္းက ေျပာပါတယ္။

ဒါ့အျပင္ ရန္ကုန္ၿမိဳ႕မွာ ေရႊတုံးေတြေရာင္းနိုင္မယ့္ ေရႊေဈးကြက္ႀကီး ရွိဖို႔လိုတယ္လို႔ ရန္ကုန္တိုင္း ဝန္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္းက ေထာက္ျပေျပာဆိုခဲ့ပါတယ္။

“အဓိက ေရႊေလာကမွာ လိုအပ္ေနတာကေတာ့ ေရႊတုံးေတြကို တရားဝင္ ေစ်းကြက္တစ္ခုလို ေရာင္းခ်နိုင္ဖို႔အတြက္ပဲ ျဖစ္ပါတယ္။ အခု ကၽြန္ေတာ္တို႔ ေစ်းကြက္ထဲမွာ ေရာင္းဝယ္မွုေတြ ရွိေနပါတယ္။ ဒါေပမဲ့ စနစ္က်တဲ့ ေရာင္းဝယ္မွုတစ္ခုေတာ့ မျဖစ္လာခဲ့ေသးပါဘူး” လို႔ ဦးၿဖိဳးမင္းသိန္းက ေျပာပါတယ္။

ျမန္မာနိုင္ငံေရႊ လုပ္ငန္းရွင္မ်ားအသင္းခ်ဳပ္ရဲ့ (၁၇) ႏွစ္ႀကိမ္ေျမာက္ ႏွစ္ပတ္လည္ အသင္းသား စုံညီအစည္းအေဝးကို ရန္ကုန္တိုင္းဝန္ႀကီးခ်ဳပ္၊ စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာန ဒုတိယ ဝန္ႀကီး၊ ရန္ကုန္တိုင္းအစိုးရအဖြဲ႕ဝင္ေတြ၊ ျမန္မာနိုင္ငံကုန္သည္မ်ားႏွင့္ စက္မွုလက္မွုလုပ္ငန္းရွင္မ်ားအသင္းခ်ဳပ္မွ အဖြဲ႕ဝင္ေတြ၊ ေရႊလုပ္ငန္းရွင္ေတြ တက္ေရာက္ခဲ့ၾကပါတယ္။

သတင္း - မိုးျမင့္ေဇာ္ 

No comments:

Post a Comment

My Blog List