Tuesday, October 08, 2019

နိုင်/ကျဉ်းတို့ရဲ့ နားခိုရာစီမံကိန်းအတွက် နိုင်/ကျဉ်းဟောင်း ဝန်ကြီးချုပ်များ အလှုငွေ ထည့်ဝင်


Image may contain: 1 person

နေအိမ်အခက်အခဲရှိတဲ့ နိုင်ငံရေး အကျဉ်းသားဟောင်းတွေ နေထိုင်ဖို့ ရည်ရွယ်တဲ့ နိုင်/ကျဉ်းတို့ရဲ့ နားခိုရာ စီမံကိန်းအတွက် ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း အပါအဝင် နိုင်ငံရေးလှုပ်ရှားမှုတွေကြောင့် ဖမ်းဆီးခံခဲ့ရဖူးသူတွေဖြစ်တဲ့ ဝန်ကြီးချုပ် (၆)ဦး တို့က အလှုငွေ ကျပ်သိန်း ၂၀၀-ကျော် ထည့်ဝင်ထားတယ်လို့ စီမံကိန်းဖြစ်မြောက်ရေးကော်မတီဝင် ကိုသန့်ဇော်က ပြောပါတယ်။

နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးဖြစ်တဲ့ ဦးဖြိုးမင်းသိန်းနဲ့ ဒေါ်ခင်မိမိကြွယ်တို့က ငွေကျပ် သိန်း ၁၀၀ လှူဒါန်းခဲ့ပြီး အရင်ကလည်း ကျပ်သိန်း(၁၀၀) လှုဒါန်းထားပြီးဖြစ်တယ်လို့ သိရပါတယ်။
အလားတူ မန္တလေးတိုင်းဝန်ကြီးချုပ်အပါအဝင် နိုင်ငံရေးအကျဉ်းသားဟောင်း ဝန်ကြီးချုပ် (၅)ဦးတို့က နိုင်/ကျဉ်းတို့ရဲ့နားခိုရာအတွက် ကျပ် ၁၀ သိန်းစီ အလှုငွေထည့်ဝင်ထားကြတယ်လို့ ကိုသန့်ဇော်က ပြောပါတယ်။
“စစ်ကိုင်းတိုင်း ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က ၁၀ သိန်း၊ မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ၁၀ သိန်း၊ မကွေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက ၁၀ သိန်းပေါ့။ နောက်ပိုင်းမှာ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်၊ မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံတို့ကလည်း ၁၀ သိန်းလှူတယ်။
ကိုဖြိုးမင်းသိန်းကတော့ အများဆုံးပေါ့” လို့ ကိုသန့်ဇော်က ပြောပါတယ်။

နိုင်ကျဉ်းတို့၏ နားခိုရာစီမံကိန်းကို ၂၀၁၈ ခုနှစ်ကတည်းက စတင်ခဲ့တာဖြစ်ပြီး လက်ရှိအချိန်မှာတော့ တိုက်ကြီးမြို့နယ် အုန်းနှဲပင်ကျေးရွာမှာ မိသားစု၂စု နေလို့ရတဲ့ နှစ်ဆောင်တွဲတိုက် ၂ လုံးနဲ့ ရုံးခန်းတစ်ခု ဆောက်လုပ်ပြီးဖြစ်ပါတယ်။
ဒါ့အပြင် မကွေးတိုင်း သရက်မြို့မှာလည်း စစ်အစိုးရရဲ့ နှိပ်စက်ညှင်းပန်းမှုကြောင့်သရက်ထောင်တွင်းမှာ သေဆုံးသွားတဲ့ နိုင်ငံရေးအကျဉ်းသား (၅)ဦးအတွက် အမှတ်တရ ပန်းခြံတစ်ခု လုပ်နေတယ်လို့ သိရပါတယ်။
“ဒီရဲဘော်တွေက ထောင်ထဲမှာ စွန့်လွှတ်၊စွန့်စားခဲ့ကြောင်း သူရဲကောင်း အထိမ်းအမှတ်နေရာလေး၊ အထိမ်းအမှတ် ကျောက်တိုင်လေးပေါ့” လို့ ကိုသန့်ဇော်က ပြောပါတယ်။
၁၉၉၀-ပြည့်နှစ်နောက်ပိုင်း သရက်ထောင်အတွင်းမှာ သေဆုံးခဲ့တဲ့ နိုင်ငံရေးအကျဉ်းသား (၅)ဦးကတော့ ကိုမြင့်ဆွေ၊ ဦးတင်မြင့်၊ ဦးကိုကိုဦး၊ ကိုအိုင်ကိုနဲ့ ဦးအာစရီယတို့ ဖြစ်ပါတယ်။
နိုင္/က်ဥ္းတို႔ရဲ့ နားခိုရာစီမံကိန္းအတြက္ နိုင္/က်ဥ္းေဟာင္း ဝန္ႀကီးခ်ဳပ္မ်ား အလွုေငြ ထည့္ဝင္
----------------------------------------

ေနအိမ္အခက္အခဲရွိတဲ့ နိုင္ငံေရး အက်ဥ္းသားေဟာင္းေတြ ေနထိုင္ဖို႔ ရည္ရြယ္တဲ့ နိုင္/က်ဥ္းတို႔ရဲ့ နားခိုရာ စီမံကိန္းအတြက္ ရန္ကုန္တိုင္း ေဒသႀကီး ဝန္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္း အပါအဝင္ နိုင္ငံေရးလွုပ္ရွားမွုေတြေၾကာင့္ ဖမ္းဆီးခံခဲ့ရဖူးသူေတြျဖစ္တဲ့ ဝန္ႀကီးခ်ဳပ္ (၆)ဦး တို႔က အလွုေငြ က်ပ္သိန္း ၂၀၀-ေက်ာ္ ထည့္ဝင္ထားတယ္လို႔ စီမံကိန္းျဖစ္ေျမာက္ေရးေကာ္မတီဝင္ ကိုသန႔္ေဇာ္က ေျပာပါတယ္။

နိုင္ငံေရးအက်ဥ္းသားေဟာင္းတစ္ဦးျဖစ္တဲ့ ဦးၿဖိဳးမင္းသိန္းနဲ႔ ေဒၚခင္မိမိႂကြယ္တို႔က ေငြက်ပ္ သိန္း ၁၀၀ လွူဒါန္းခဲ့ၿပီး အရင္ကလည္း က်ပ္သိန္း(၁၀၀) လွုဒါန္းထားၿပီးျဖစ္တယ္လို႔ သိရပါတယ္။

အလားတူ မႏၲေလးတိုင္းဝန္ႀကီးခ်ဳပ္အပါအဝင္ နိုင္ငံေရးအက်ဥ္းသားေဟာင္း ဝန္ႀကီးခ်ဳပ္ (၅)ဦးတို႔က နိုင္/က်ဥ္းတို႔ရဲ့နားခိုရာအတြက္ က်ပ္ ၁၀ သိန္းစီ အလွုေငြထည့္ဝင္ထားၾကတယ္လို႔ ကိုသန႔္ေဇာ္က ေျပာပါတယ္။

“စစ္ကိုင္းတိုင္း ဝန္ႀကီးခ်ဳပ္ ေဒါက္တာျမင့္နိုင္က ၁၀ သိန္း၊ မႏၲေလးတိုင္း ဝန္ႀကီးခ်ဳပ္ ေဒါက္တာေဇာ္ျမင့္ေမာင္က ၁၀ သိန္း၊ မေကြးတိုင္း ဝန္ႀကီးခ်ဳပ္ ေဒါက္တာေအာင္မိုးညိဳက ၁၀ သိန္းေပါ့။ ေနာက္ပိုင္းမွာ ကရင္ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒၚနန္းခင္ေထြးျမင့္၊ မြန္ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာေအးဇံတို႔ကလည္း ၁၀ သိန္းလွူတယ္။
ကိုၿဖိဳးမင္းသိန္းကေတာ့ အမ်ားဆုံးေပါ့” လို႔ ကိုသန႔္ေဇာ္က ေျပာပါတယ္။

နိုင္က်ဥ္းတို႔၏ နားခိုရာစီမံကိန္းကို ၂၀၁၈ ခုႏွစ္ကတည္းက စတင္ခဲ့တာျဖစ္ၿပီး လက္ရွိအခ်ိန္မွာေတာ့ တိုက္ႀကီးၿမိဳ႕နယ္ အုန္းႏွဲပင္ေက်းရြာမွာ မိသားစု၂စု ေနလို႔ရတဲ့ ႏွစ္ေဆာင္တြဲတိုက္ ၂ လုံးနဲ႔ ႐ုံးခန္းတစ္ခု ေဆာက္လုပ္ၿပီးျဖစ္ပါတယ္။

ဒါ့အျပင္ မေကြးတိုင္း သရက္ၿမိဳ႕မွာလည္း စစ္အစိုးရရဲ့ ႏွိပ္စက္ညႇင္းပန္းမွုေၾကာင့္သရက္ေထာင္တြင္းမွာ ေသဆုံးသြားတဲ့ နိုင္ငံေရးအက်ဥ္းသား (၅)ဦးအတြက္ အမွတ္တရ ပန္းၿခံတစ္ခု လုပ္ေနတယ္လို႔ သိရပါတယ္။

“ဒီရဲေဘာ္ေတြက ေထာင္ထဲမွာ စြန႔္လႊတ္၊စြန႔္စားခဲ့ေၾကာင္း သူရဲေကာင္း အထိမ္းအမွတ္ေနရာေလး၊ အထိမ္းအမွတ္ ေက်ာက္တိုင္ေလးေပါ့” လို႔ ကိုသန႔္ေဇာ္က ေျပာပါတယ္။

၁၉၉၀-ျပည့္ႏွစ္ေနာက္ပိုင္း သရက္ေထာင္အတြင္းမွာ ေသဆုံးခဲ့တဲ့ နိုင္ငံေရးအက်ဥ္းသား (၅)ဦးကေတာ့ ကိုျမင့္ေဆြ၊ ဦးတင္ျမင့္၊ ဦးကိုကိုဦး၊ ကိုအိုင္ကိုနဲ႔ ဦးအာစရီယတို႔ ျဖစ္ပါတယ္။ 

No comments:

Post a Comment

My Blog List