Tuesday, October 08, 2019

ပထမအကြိမ် မြန်မာကော်ဖီပွဲတော်-၂၀၁၉ မန္တလေးမြို့တွင် ကျင်းပ


Image may contain: 6 people, people sitting

အောက်တိုဘာ ၁ရက်နေ့တွင် ကျရောက်သည့် နိုင်ငံတကာကော်ဖီနေ့ အထိမ်းအမှတ်နှင့် မြန်မာ့ကော်ဖီ အရည်အသွေး အဆင့်အတန်းမြင့်မားရေး၊ နိုင်ငံတကာနှင့် ပြည်တွင်းစျေးကွက် ချဲ့ထွင်နိုင်ရေး၊ မြန်မာကော်ဖီကဏ္ဍတွင် ပတ်သက်ဆက်စပ်နေသူများအားလုံး ညီညွတ်စွာ ပါဝင်ပူးပေါင်းဆောင်ရွက်နိုင်ရန် ရည်ရွယ်ချက်ဖြင့် မြန်မာကော်ဖီပွဲတော်-၂၀၁၉ (Myanmar Coffee Fair - 2019) ကို မန္တလေးမြို့တွင် ပထမဆုံးအကြိမ်အဖြစ် အောက်တိုဘာ ၆ရက်နေ့နှင့် ၇ရက်နေ့များက မန္တလေးမြို့၊ ချမ်းမြသားစည်မြို့နယ်ရှိ မန္တလာသီရိ ဘက်စုံသုံး အားကစားရုံ၌ ကျင်းပလျက်ရှိရာ မြန်မာ့ကော်ဖီနှင့် ဒေသထွက်ပစ္စည်းများ ခင်းကျင်းပြသထားမှုကို မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် တက်ရောက်အားပေး ကြည့်ရှုခဲ့ကြောင်း သိရသည်။

မန်းတိုင်း၀န်ကြီးချုပ် ဒေါတ်တာဇော်မြင့်မောင်က အမှာစကား‌ပြောကြားရာတွင်
"ကော်ဖီနှင့်ပတ်သက်လျှင် ဆေးပညာရှု့ထောင့်၊ သိပ္ပံပညာရှု့ထောင့်၊ ကျန်းမာရေးရှု့ထောင့်များမှ ဆောင်းပါတွေ တော်တော်များများ ရေးသားလျက်ရှိပါကြောင်း၊ ကျန်းမာရေးရှု့ထောင့်မှ ကြည့်လျှင် ကော်ဖီသည် အချိုးအစားညီမျှစွာ သောက်သုံးပါက လူသားတွေအတွက် အထောက်အကူပြုပါကြောင်း၊ တနည်းအားဖြင့်ဆိုလျှင် ဦးနှောက်ကို တက်ကြွစေပါကြောင်း၊ စဉ်းစားတွေးခေါ်သူတွေ၊ ကျောင်းများမှာ စာကျက်ချင်သူတွေဟာ ကော်ဖီကိုသောက်လေ့ ရှိပါကြောင်း။ မြန်မာနိုင်ငံသည် စိုက်ပျိုးရေးနိုင်ငံဖြစ်သည့်အတွက် ဆန်နှင့် ပဲကို အဓိကပို့ကုန်အဖြစ် နိုင်ငံခြားဝင်ငွေ ရရှိနေပါကြောင်း၊ ယနေ့ခေတ်မှာ စီးပွားရေးရှု့ထောင့်မှကြည့်လျှင် ကော်ဖီသည် နိုင်ငံခြားဝင်ငွေကို ရှာပေးနိုင်သည့် စက်မှုထွက်ကုန်စိုက်ပျိုးသီးနှံတစ်ခု ဖြစ်ပါကြောင်း၊ ကော်ဖီကဏ္ဍကို မြှင့်တင်ခြင်းဟာ နိုင်ငံခြားဝင်ငွေကို ရရှိစေခြင်းဖြစ်သည့်အတွက် ကော်ဖီလုပ်ငန်းဖြင့် အသက်မွေးဝမ်းကြောင်းနေသူတွေအားလုံး စုပေါင်းညှိနှိုင်းဆွေးနွေးပြီး ကော်ဖီကဏ္ဍကို ဘယ်လိုမြှင့်တင်နိုင်မလဲ ဆိုတာသည် အလွန်အရေးကြီးပါကြောင်း၊ ပွဲတော်တွေ ပြုလုပ်တယ်၊ ဖိုရမ်တွေ ပြုလုပ်တယ်၊ Fair တွေပြုလုပ်ကြတယ်၊ ပြခန်းတွေပြတယ်၊ စကားပြောကြတယ်၊ ဆွေးနွေးကြတယ်၊ အရေးကြီးတာက အဖြေထွက်ဖို့၊ ရလဒ်တွေ ရရှိဖို့အတွက် ဖြစ်စေချင်ပါကြောင်း၊ ပြည်ထောင်စုအပိုင်းကလည်း ကော်ဖီလုပ်ငန်း အဆင့်မြှင့်တင်မှုအပိုင်းတွင် ဆွေးနွေးညှိနှိုင်းမှုများ၌ အဖြေရလဒ်ထွက်ပေါ်လာဖို့ မူဝါဒပိုင်းတွေ ထွက်ပေါ်လာဖို့ အရေးကြီးပါကြောင်း" ထည့်သွင်းပြောကြားသည်။

အဆိုပါ မြန်မာကော်ဖီပွဲတော်တွင် ပြင်ဦးလွင်၊ နောင်ချို၊ ရွာငံ၊ ဟိုပုံး၊ ပင်လောင်း၊ မိုးကုတ်၊ ကရင်ပြည်နယ် သံတောင်ကော်ဖီအသင်း၊ တနင်္သာရီတိုင်း ဘုတ်ပြင်းမြို့နယ်၊ ချင်းပြည်နယ်တို့မှ Arabica Coffee, Robusta Coffee အပင်အမျိုးမျိုး၊ ကော်ဖီစေ့ထုတ်လုပ်ပုံ အဆင့်ဆင့်၊ ကော်ဖီမှုန့်နှင့် စပ်ဆက်ပစ္စည်းများ၊ ဒေသထွက်ကုန် ပြခန်းများ၊ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြခန်း၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြခန်း၊ ဂျပန်နိုင်ငံထုတ် သဘာဝရွက်ဖြန်းမြေသြဇာ ပြခန်း၊ ဂျပန်နိုင်ငံထုတ် အရည်အသွေးမြင့် သဘာဝကြက်ချေးမြေသြဇာ ပြခန်း၊ ဒေသထွက်ကုန် အစားအသောက်ပြခန်း အစရှိသည့် ပြခန်းပေါင်း (၃၆)ခန်းကို ခင်းကျင်းပြသထားသည်။

No comments:

Post a Comment

My Blog List