Tuesday, October 08, 2019

မန္တလေးမြို့တွင် ဖောက်ကွဲရေးပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိသူ ၆ဦးကို တရားစွဲတင်


Image may contain: 5 people, people sitting, people standing and outdoorImage may contain: 5 people, people standing

မန္တလေး ချမ်းမြသာစည်မြို့နယ် မြို့သစ်(၅)ရပ်ကွက်ရှိနေအိမ်တအိမ်မှ ဖောက်ကွဲရေးပစ္စည်းများ၊ ဆက်သွယ်ရေး ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိသူ ၆ဦးကို ယနေ့အောက်တိုဘာ(၈) မွန်းလွဲ(၁၂)နာရီခွဲက မန္တလေးခရိုင်တရားရုံးသို့ စတင်တရားစွဲတင်ခဲ့ကြောင်း သိရသည်။

“ဒီနေ့က တရားစွဲတင်တဲ့အဆင့်ပဲရှိပါတယ်။ တရားရုံးက တရားခံပြေးအမှုကိုအရင်စစ်မယ်။ ပြီးမှကျန်တဲ့သူတွေကိုစစ်မယ်။ အောက်တိုဘာ (၂၂)ရက်နေ့ကို ပြန်ချိန်းလိုက်တယ်။"ဟု ဖမ်းဆီးခံရသူများဘက်မှ ရှေ့နေအဖြစ်လိုက်ပါဆောင်ရွက်ပေးသူ အထက်တန်းရှေ့နေ ဦးမျိုးဝင်းဇော်က ပြောကြားခဲ့သည်။
စက်တင်ဘာ(၁၀)ရက် နံနက်ပိုင်းက မန္တလေး ချမ်းမြသာစည်မြို့နယ်၊ မြို့သစ်(၅)ရပ်ကွက်၊ လမ်း ၇၀၊ ဒဿနလမ်း၊ အမှတ်(က-၅/၇၇)နေအိမ်သို့ ရဲတပ်ဖွဲ့ဝင်များက သတင်းအရ သက်သေများနှင့်အတူ ဝင်ရောက်ရှာဖွေရာ အောင်လင်း၊ အမှတ်(၆၇၈)၊ ပြည်လမ်း၊ အင်းစိန်မြို့နယ်၊ ဦးမြတ်ခိုင် စပါးဆိပ်ရပ်၊ မြောက်ဦးမြို့၊ ချမ်းငြိမ်း ပင်ရောက်ကျေးရွာ၊ မင်းပြားမြို့နယ်တို့အား တွေ့ရှိစစ်ဆေးခဲ့ပြီး ၎င်းနေအိမ်အပေါ်ထပ်အခန်းအတွင်းမှ THLIRAYA XT-ITTE. Satellite Phone (အသစ်) လုံးရေ(၄၀)၊ မှန်ပြောင်း (BAIGISH) made in RUSSIA (၃၀) ခု၊ GARMIN (GPS+GLONASS) (၂၅)လုံး၊ ယမ်းတုံးဟုယူဆရသော အထုပ်(၂၈)ထုပ်၊ ဒီတိုနီတာ ၁၀၀ ထုပ်ပါ(၁၀)ခု၊ ဖယောင်းချောင်း ၃၅ ချောင်း၊ စက္ကူဖြူ ၁၅ လိပ်ပါ (၃)ထုပ်၊ ယမ်းဖြူဟုယူဆရသော(ဆာလာအိတ်ဖြင့်ထည့်လျက်) ၅ အိတ်နှင့် စက္ကူညို (၁)ထုပ်တို့ကို တွေ့ရှိသိမ်းဆည်းရမိခဲ့ခြင်းဖြစ်သည်။
ဖမ်းဆီးရမိခဲ့သော ဦးမြတ်ခိုင်၊ ချမ်းငြိမ်း၊ အောင်လင်းထက်(ခ)လင်းထက်၊ မိုးကျော်တို့ကို CIDအဖွဲ့နှင့် စရဖအဖွဲ့တို့က ဆက်လက်စစ်ဆေးခဲ့ရာ နောက်ဆက်တွဲအဖြစ် ဝင်းသိန်း၊ ကျော်ကျော်ဖြိုး(ခ)ဆံရှည်တို့ကို ဆက်လက်ဖမ်းဆီးရမိခဲ့ပြီး ကျန်သုံးဦးမှာ ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်ကြောင်း ရဲတပ်ဖွဲ့ထံမှသိရသည်။
ဖြစ်စဉ်နှင့်ပတ်သက်ပြီး ဦးမြတ်ခိုင်၊ ချမ်းငြိမ်း၊ အောင်လင်းထက်(ခ)လင်းထက်၊ မိုးကျော်၊ ဝင်းသိန်းနှင့် ကျော်ကျော်ဖြိုး(ခ)ဆံရှည်တို့ကို ၂၀၁၄ခုနှစ် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ-၅၁(ဂ)၊ ၅၂(က)နှင့် ကျင့်-၅၁၂တို့ဖြင့် စွဲချက်တင်ထားကြောင်း သိရသည်။
Image may contain: 4 people, people sitting and people standing 
Image may contain: 3 people, people sitting 
Image may contain: one or more people and outdoor 
Image may contain: 9 people, people standing and outdoor 
Image may contain: one or more people, people standing and outdoor 
Image may contain: 1 person 
ဦးရာဇ
News Watch

(Zawgyi)
မန္တလေးမြို့တွင် ဖောက်ကွဲရေးပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိသူ ၆ဦးကို တရားစွဲတင်
—--- ------ ------ ----- -----

မန္တလေး ချမ်းမြသာစည်မြို့နယ် မြို့သစ်(၅)ရပ်ကွက်ရှိနေအိမ်တအိမ်မှ ဖောက်ကွဲရေးပစ္စည်းများ၊ ဆက်သွယ်ရေးပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိသူ ၆ဦးကို ယနေ့အောက်တိုဘာ(၈) မွန်းလွဲ(၁၂)နာရီခွဲက မန္တလေးခရိုင်တရားရုံးသို့ စတင်တရားစွဲတင်ခဲ့ကြောင်း သိရသည်။
“ဒီနေ့က တရားစွဲတင်တဲ့အဆင့်ပဲရှိပါတယ်။ တရားရုံးက တရားခံပြေးအမှုကိုအရင်စစ်မယ်။ ပြီးမှကျန်တဲ့သူတွေကိုစစ်မယ်။ အောက်တိုဘာ (၂၂)ရက်နေ့ကို ပြန်ချိန်းလိုက်တယ်။"ဟု ဖမ်းဆီးခံရသူများဘက်မှ ရှေ့နေအဖြစ်လိုက်ပါဆောင်ရွက်ပေးသူ အထက်တန်းရှေ့နေ ဦးမျိုးဝင်းဇော်က ပြောကြားခဲ့သည်။
စက်တင်ဘာ(၁၀)ရက် နံနက်ပိုင်းက မန္တလေး ချမ်းမြသာစည်မြို့နယ်၊ မြို့သစ်(၅)ရပ်ကွက်၊ လမ်း ၇၀၊ ဒဿနလမ်း၊ အမှတ်(က-၅/၇၇)နေအိမ်သို့ ရဲတပ်ဖွဲ့ဝင်များက သတင်းအရ သက်သေများနှင့်အတူ ဝင်ရောက်ရှာဖွေရာ အောင်လင်း၊ အမှတ်(၆၇၈)၊ ပြည်လမ်း၊ အင်းစိန်မြို့နယ်၊ ဦးမြတ်ခိုင် စပါးဆိပ်ရပ်၊ မြောက်ဦးမြို့၊ ချမ်းငြိမ်း ပင်ရောက်ကျေးရွာ၊ မင်းပြားမြို့နယ်တို့အား တွေ့ရှိစစ်ဆေးခဲ့ပြီး ၎င်းနေအိမ်အပေါ်ထပ်အခန်းအတွင်းမှ THLIRAYA XT-ITTE. Satellite Phone (အသစ်) လုံးရေ(၄၀)၊ မှန်ပြောင်း (BAIGISH) made in RUSSIA (၃၀) ခု၊ GARMIN (GPS+GLONASS) (၂၅)လုံး၊ ယမ်းတုံးဟုယူဆရသော အထုပ်(၂၈)ထုပ်၊ ဒီတိုနီတာ ၁၀၀ ထုပ်ပါ(၁၀)ခု၊ ဖယောင်းချောင်း ၃၅ ချောင်း၊ စက္ကူဖြူ ၁၅ လိပ်ပါ (၃)ထုပ်၊ ယမ်းဖြူဟုယူဆရသော(ဆာလာအိတ်ဖြင့်ထည့်လျက်) ၅ အိတ်နှင့် စက္ကူညို (၁)ထုပ်တို့ကို တွေ့ရှိသိမ်းဆည်းရမိခဲ့ခြင်းဖြစ်သည်။
ဖမ်းဆီးရမိခဲ့သော ဦးမြတ်ခိုင်၊ ချမ်းငြိမ်း၊ အောင်လင်းထက်(ခ)လင်းထက်၊ မိုးကျော်တို့ကို CIDအဖွဲ့နှင့် စရဖအဖွဲ့တို့က ဆက်လက်စစ်ဆေးခဲ့ရာ နောက်ဆက်တွဲအဖြစ် ဝင်းသိန်း၊ ကျော်ကျော်ဖြိုး(ခ)ဆံရှည်တို့ကို ဆက်လက်ဖမ်းဆီးရမိခဲ့ပြီး ကျန်သုံးဦးမှာ ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်ကြောင်း ရဲတပ်ဖွဲ့ထံမှသိရသည်။
ဖြစ်စဉ်နှင့်ပတ်သက်ပြီး ဦးမြတ်ခိုင်၊ ချမ်းငြိမ်း၊ အောင်လင်းထက်(ခ)လင်းထက်၊ မိုးကျော်၊ ဝင်းသိန်းနှင့် ကျော်ကျော်ဖြိုး(ခ)ဆံရှည်တို့ကို ၂၀၁၄ခုနှစ် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ-၅၁(ဂ)၊ ၅၂(က)နှင့် ကျင့်-၅၁၂တို့ဖြင့် စွဲချက်တင်ထားကြောင်း သိရသည်။
ဦးရာဇ

No comments:

Post a Comment

My Blog List