Tuesday, October 08, 2019

အမျိုး၊ ဘာသာ၊ သာသနာမြှင့်တင်ရန် YMBA ရာသက်ပန် ဂုဏ်ထူးဆောင်နာယက ဗိုလ်ချုပ်မှူးကြီးပြော




အမျိုး၊ ဘာသာ၊ သာသနာကို အသိပညာနဲ့မြှင့်တင်ဖို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။

ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်းချုပ်(YMBA)က  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို    မဟာမင်္ဂလဓမ္မဇောတိကဓဇဘွဲ့တံဆိပ်တော် ချီးမြှင့်ခြင်းနဲ့ အသင်းချုပ်ရဲ့ ရာသက်ပန် ဂုဏ်ထူးဆောင် နာယကကြီးအဖြစ် ခန့်အပ်တဲ့ အခမ်းအနားကို မနေ့က  ရန်ကုန်မြို့မှာ ကျင်းပရာမှာ ပြောကြားသွားတာပါ။ 

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဒီကနေ့ဟာ မိမိနဲ့ တပ်မတော်အတွက် ထူးခြားပြီး မင်္ဂလာရှိတဲ့ နေ့တနေ့ဖြစ်ကြောင်း၊ တာဝန်ထမ်းဆောင်ဆဲ တပ်မတော်ခေါင်းဆောင်တဦးကို အခုလိုဘွဲ့တံဆိပ်ပေးအပ်ခြင်းဟာ ပထမဆုံးဖြစ်ကြောင်းနဲ့ သမိုင်းအစဉ်အလာကြီးမားပြီး မြန်မာ့ လွတ်လပ်ရေးဦးဆောင်အဖွဲ့ကြီးဖြစ်တဲ့ နှစ်ပေါင်း ၁၁၃ နှစ်သက်တမ်းရှိ YMBA အသင်းကြီးရဲ့  ဂုဏ်ထူးဆောင်နာယကကြီးအဖြစ် ချီးမြှင့် ခန့်အပ်ခြင်းခံရလို့ များစွာဂုဏ်ယူမိပါကြောင်း ပြောသွားပါတယ်။ 

မိမိဟာ မိရိုးဖလာဗုဒ္ဓဘာသာကိုးကွယ်သူ မိဘနှစ်ပါးက မွေးဖွားလာသူဖြစ်ပြီး မြတ်ဗုဒ္ဓရဲ့ အဆုံးအမ တရားတော်အောက်မှာ နာယူလိုက်ပါဆောင်ရွက်ကာ နိုင်ငံတော်ကာကွယ်ရေး တာဝန်တွေကို ထမ်းဆောင်နေခြင်းဖြစ်ကြောင်း၊  တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အနေနဲ့ စစ်မှုထမ်းအတွေ့အကြုံ နှစ်ပေါင်း ၄၀ ကျော်ရှိခဲ့ပြီး ၂၀ဝ၄ ခုနှစ်က စလို့ တိုင်းစစ်ဌာနချုပ်၊ ပြည်နယ် အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေး ကဏ္ဍပေါင်းစုံကို ဦးဆောင်ခဲ့ရတဲ့ အတွေ့အကြုံတွေ များစွာရှိခဲ့ကြောင်း၊ ဒီအတွေ့အကြုံတွေနဲ့ YMBA  အသင်းရဲ့ ရာသက်ပန်နာယကအဖြစ် ပါဝင်ပြီး ကောင်းရာကောင်းကျိုးကို အသုံးပြုခွင့်ရတော့မယ်လို့ လည်းပြောပါတယ်။

အမျိုးဘာသာ မြှင့်တင်ဖို့နဲ့ပတ်သက်ပြီးလည်း ဗိုလ်ချုပ်မှူးကြီးက “အသိပညာကို အမျိုး၊ ဘာသာ၊ သာသနာနဲ့ မြှင့်တင်ပေးနိုင်သလိုပဲ  အတတ်ပညာကိုလည်း သင်ကြားရယူခြင်းအားဖြင့် တိုးမြှင့်တင်နိုင်ပါတယ်။ ဒါကြောင့် ကျောင်းနေပညာရေး စနစ်မှာ အတန်းအလိုက် သတ်မှတ် အဆင့်အတန်းအတိုင်း စာတတ်အောင်လည်း ပညာရည်မြင့်မားတဲ့ လူငယ်လူရွယ်များ မွေးထုတ်ပေးနိုင်ခြင်းဟာ နိုင်ငံ့အတွက် အကျိုးများစွာရှိစေမှာ ဖြစ်ကြောင်း ကျနော်ပြောကြားလိုပါတယ်”လို့ ပြောပါတယ်။

အမျိုး၊ ဘာသာ၊ သာသနာနဲ့ ပညာကို စောင့်ရှောက်ခြင်း၊ နိုင်ငံတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းများကို တစ်စိုက်မတ်မတ်ဆောင်ရွက်ခြင်း၊ သာသနာရေးကိစ္စများ စွမ်းစွမ်းတမံဆောင်ရွက်ခြင်း၊ အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားအောင် တပ်မတော် အား ခေတ်မီတပ်မတော်ဖြစ်အောင် ဆောင်ရွက်ခြင်း၊ ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ခြင်း၊ ဘာသာလူမျိုးမခွဲခြားဘဲ လူသားချင်းစာနာသော ခေါင်းဆောင်ကောင်း စိတ်ဓာတ်ရှိခြင်းစတဲ့ ၆ ချက်နဲ့ ကိုက်ညီတဲ့အတွက်   ဗိုလ်ချပ်မှူးကြီး မင်းအောင်လှိုင်ကို ဂုဏ်ထူးဆောင် နာယကကြီးအဖြစ် ခန့်အပ်ချီးမြှင့်တာလို့ (YMBA) အသင်းက ပြောပါတယ်။

YMBA အသင်းကြီးကို ၁၉၀၆ ခုနှစ်၊ မေလ ၁၀ ရက်မှာ စတင်တည်ထောင်ခဲ့ပြီး မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းမှာ အမျိုးသားနိုင်ငံရေးကိုဦးဆောင်ခဲ့တဲ့ အစောဆုံးအသင်းအဖွဲ့ကြီးလည်း ဖြစ်ခဲ့ပါတယ်။ 

ဓာတ်ပုံ- CINCDS
DVB

အမ်ိဳး၊ ဘာသာ၊ သာသနာျမႇင့္တင္ရန္ YMBA ရာသက္ပန္ ဂုဏ္ထူးေဆာင္နာယက ဗိုလ္ခ်ဳပ္မွူးႀကီးေျပာ 

အမ်ိဳး၊ ဘာသာ၊ သာသနာကို အသိပညာနဲ႔ျမႇင့္တင္ဖို႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွူးႀကီး မင္းေအာင္လွိုင္က ေျပာၾကားလိုက္ပါတယ္။

ဗုဒၶဘာသာ ကလ်ာဏယုဝအသင္းခ်ဳပ္(YMBA)က  ဗိုလ္ခ်ဳပ္မွူးႀကီး မင္းေအာင္လွိုင္ကို    မဟာမဂၤလဓမၼေဇာတိကဓဇဘြဲ႕တံဆိပ္ေတာ္ ခ်ီးျမႇင့္ျခင္းနဲ႔ အသင္းခ်ဳပ္ရဲ့ ရာသက္ပန္ ဂုဏ္ထူးေဆာင္ နာယကႀကီးအျဖစ္ ခန႔္အပ္တဲ့ အခမ္းအနားကို မေန႔က  ရန္ကုန္ၿမိဳ႕မွာ က်င္းပရာမွာ ေျပာၾကားသြားတာပါ။ 

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ဒီကေန႔ဟာ မိမိနဲ႔ တပ္မေတာ္အတြက္ ထူးျခားၿပီး မဂၤလာရွိတဲ့ ေန႔တေန႔ျဖစ္ေၾကာင္း၊ တာဝန္ထမ္းေဆာင္ဆဲ တပ္မေတာ္ေခါင္းေဆာင္တဦးကို အခုလိုဘြဲ႕တံဆိပ္ေပးအပ္ျခင္းဟာ ပထမဆုံးျဖစ္ေၾကာင္းနဲ႔ သမိုင္းအစဥ္အလာႀကီးမားၿပီး ျမန္မာ့ လြတ္လပ္ေရးဦးေဆာင္အဖြဲ႕ႀကီးျဖစ္တဲ့ ႏွစ္ေပါင္း ၁၁၃ ႏွစ္သက္တမ္းရွိ YMBA အသင္းႀကီးရဲ့  ဂုဏ္ထူးေဆာင္နာယကႀကီးအျဖစ္ ခ်ီးျမႇင့္ ခန႔္အပ္ျခင္းခံရလို႔ မ်ားစြာဂုဏ္ယူမိပါေၾကာင္း ေျပာသြားပါတယ္။ 

မိမိဟာ မိရိုးဖလာဗုဒၶဘာသာကိုးကြယ္သူ မိဘႏွစ္ပါးက ေမြးဖြားလာသူျဖစ္ၿပီး ျမတ္ဗုဒၶရဲ့ အဆုံးအမ တရားေတာ္ေအာက္မွာ နာယူလိုက္ပါေဆာင္ရြက္ကာ နိုင္ငံေတာ္ကာကြယ္ေရး တာဝန္ေတြကို ထမ္းေဆာင္ေနျခင္းျဖစ္ေၾကာင္း၊  တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္အေနနဲ႔ စစ္မွုထမ္းအေတြ႕အၾကဳံ ႏွစ္ေပါင္း ၄၀ ေက်ာ္ရွိခဲ့ၿပီး ၂၀ဝ၄ ခုႏွစ္က စလို႔ တိုင္းစစ္ဌာနခ်ဳပ္၊ ျပည္နယ္ အုပ္ခ်ဳပ္ေရး၊ စီးပြားေရး၊ လူမွုေရး က႑ေပါင္းစုံကို ဦးေဆာင္ခဲ့ရတဲ့ အေတြ႕အၾကဳံေတြ မ်ားစြာရွိခဲ့ေၾကာင္း၊ ဒီအေတြ႕အၾကဳံေတြနဲ႔ YMBA  အသင္းရဲ့ ရာသက္ပန္နာယကအျဖစ္ ပါဝင္ၿပီး ေကာင္းရာေကာင္းက်ိဳးကို အသုံးျပဳခြင့္ရေတာ့မယ္လို႔ လည္းေျပာပါတယ္။

အမ်ိဳးဘာသာ ျမႇင့္တင္ဖို႔နဲ႔ပတ္သက္ၿပီးလည္း ဗိုလ္ခ်ဳပ္မွူးႀကီးက “အသိပညာကို အမ်ိဳး၊ ဘာသာ၊ သာသနာနဲ႔ ျမႇင့္တင္ေပးနိုင္သလိုပဲ  အတတ္ပညာကိုလည္း သင္ၾကားရယူျခင္းအားျဖင့္ တိုးျမႇင့္တင္နိုင္ပါတယ္။ ဒါေၾကာင့္ ေက်ာင္းေနပညာေရး စနစ္မွာ အတန္းအလိုက္ သတ္မွတ္ အဆင့္အတန္းအတိုင္း စာတတ္ေအာင္လည္း ပညာရည္ျမင့္မားတဲ့ လူငယ္လူရြယ္မ်ား ေမြးထုတ္ေပးနိုင္ျခင္းဟာ နိုင္ငံ့အတြက္ အက်ိဳးမ်ားစြာရွိေစမွာ ျဖစ္ေၾကာင္း က်ေနာ္ေျပာၾကားလိုပါတယ္”လို႔ ေျပာပါတယ္။

အမ်ိဳး၊ ဘာသာ၊ သာသနာနဲ႔ ပညာကို ေစာင့္ေရွာက္ျခင္း၊ နိုင္ငံေတာ္၏ ၿငိမ္းခ်မ္းေရးလုပ္ငန္းမ်ားကို တစ္စိုက္မတ္မတ္ေဆာင္ရြက္ျခင္း၊ သာသနာေရးကိစၥမ်ား စြမ္းစြမ္းတမံေဆာင္ရြက္ျခင္း၊ အမ်ိဳးဂုဏ္၊ ဇာတိဂုဏ္ျမင့္မားေအာင္ တပ္မေတာ္ အား ေခတ္မီတပ္မေတာ္ျဖစ္ေအာင္ ေဆာင္ရြက္ျခင္း၊ ျပည္သူလူထု၏ အသက္အိုးအိမ္ စည္းစိမ္ကို ကာကြယ္ေစာင့္ေရွာက္ျခင္း၊ ဘာသာလူမ်ိဳးမခြဲျခားဘဲ လူသားခ်င္းစာနာေသာ ေခါင္းေဆာင္ေကာင္း စိတ္ဓာတ္ရွိျခင္းစတဲ့ ၆ ခ်က္နဲ႔ ကိုက္ညီတဲ့အတြက္   ဗိုလ္ခ်ပ္မွူးႀကီး မင္းေအာင္လွိုင္ကို ဂုဏ္ထူးေဆာင္ နာယကႀကီးအျဖစ္ ခန႔္အပ္ခ်ီးျမႇင့္တာလို႔ (YMBA) အသင္းက ေျပာပါတယ္။

YMBA အသင္းႀကီးကို ၁၉၀၆ ခုႏွစ္၊ ေမလ ၁၀ ရက္မွာ စတင္တည္ေထာင္ခဲ့ၿပီး ျမန္မာ့လြတ္လပ္ေရး ႀကိဳးပမ္းမွုသမိုင္းမွာ အမ်ိဳးသားနိုင္ငံေရးကိုဦးေဆာင္ခဲ့တဲ့ အေစာဆုံးအသင္းအဖြဲ႕ႀကီးလည္း ျဖစ္ခဲ့ပါတယ္။ 

ဓာတ္ပုံ- CINCDS

DVB 

No comments:

Post a Comment

My Blog List