Monday, October 07, 2019

Wisdom Hill မူကြိုကျောင်း တာဝန်ရှိသူကို အမှုပြန်ဖွင့်မယ်လို့ ရှေ့နေပြော


Image may contain: 19 people, people smiling, people standing, sky and outdoor
ဗစ်တိုးရီးယားအမှုမှာ ရှေ့နေ ဒေါ်စုဒါလီအောင်ကို အမှုဖွင့်ခဲ့တဲ့ Wisdom Hill မူကြိုကျောင်း တာဝန်ရှိသူကို ပြန်အမှုဖွင့်မယ်လို့ တရားလွှတ်တော်ရှေ့နေ ဦသိန်းသန်းဦးက ပြောပါတယ်။

ဒေါ်စုဒါလီအောင်ရဲ့ လွတ်လပ်မှုနဲ့ လုံခြုံမှုကို ခြိမ်းခြောက်ခံနေရပြီလို့ ယူဆတဲ့အတွက် နိုင်လွတ်လုံ လို့ခေါ်တဲ့ နိုင်ငံသားများရဲ့ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနဲ့ လုံခြံုမှုကို ကာကွယ်ရေးဆိုင်ရာ ဥပဒေ ပုဒ်မ ၁ဝ နဲ့ ပြန်အမှုဖွင့်မှာလို့ ဆိုပါတယ်။
ကျောင်းကြီးကြပ်ရေးမှူး ဒေါ်ဥမ္မာလှိုင်က ရှေ့နေ ဒေါ်စုဒါလီအောင်ကို ကလေး သူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေနဲ့ ပုဗ္ဗသီရိမြို့နယ် တရားရုံးမှာ တရားစွဲထားပါတယ်။
ဒေါ်စုဒါလီအောင်ကို ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအပါအဝင် နိုင်လွတ်လုံ ဥပဒေနဲ့ပါ အမှုဖွင့်ခဲ့တာဖြစ်ပေမယ့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေနဲ့ တရားစွဲခွင့်သာရရှိခဲ့တာပါ။
ဒေါ်စုဒါလီအောင် ဘက်က တရားလွှတ်တော်ရှေ့နေ ဦးသိန်းသိန်းဦးနဲ့ ဦးခင်မောင်ဇော်တို့က လိုက်ပါဆောင်ရွက်မှာဖြစ်ပါတယ်။
ဒီနေ့ နေပြည်တော် ပုဗ္ဗသီရိမြို့နယ် တရားရုံးမှာ နှစ်ဖက်ရှေ့နေတွေက CMP လို့ ခေါ်တဲ့ မှုခင်းစီမံခန့်ခွဲမှုကို ပြုလုပ်ခဲ့ကြပြီး အောက်တိုဘာ ၂၁ မှာ တရားလိုဘက်ကို စတင်စစ်ဆေးမှာဖြစ်ပါတယ်။
အလားတူ ဒေါ်ဥမ္မာလှိုင်က ဗစ်တိုးရီးယားရဲ့ ဖခင်ဖြစ်သူအပါအဝင် ခြောက်ဦးကို ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေပုဒ်မ ၁၀၁(က)(၂) နဲ့ နေပြည်တော် ပုဗ္ဗသီရိမြို့နယ် ပတ္တာနယ်မြေ ရဲစခန်းမှာ အမှုဖွင့်ထားပါတယ်။
မူကြိုကျောင်းက ကျောင်းကြီးကြပ်ရေးမှူး ဒေါ်ဥမ္မာလှိုင်က သူရဲ့ သားနှစ်ဦးဖြစ်သူ ကိုကို၊ ညီညီတို့နဲ့ ပတ်သက်ပြီး အမှန်တရားကို တစ်ကန့်ချင်းစီ ချပြမယ်လို့ သတင်းထောက်တွေကို ပြောခဲ့တာရှိပြီး တရားရုံးကထွက်လာမယ့် အဖြေကို စောင့်ကြည့်ဖို့ ဒီနေ့ ထပ်မံပြောဆိုပါတယ်။
ဗစ်တိုးရီးယား သတင်းနဲ့ ပတ်သက်လို့ ရေးသာဖော်ပြတဲ့ သတင်းထောက်တွေကို တရားစွဲဆိုမယ်ဆိုတဲ့ သတင်းတွေနဲ့ ပတ်သက်ပြီး မဟုတ်မှန်ကြောင်း ဒေါ်ဥမ္မာလှိုင်က အတည်ပြုပါတယ်။
မုဒိမ်းမှုပုဒ်မနဲ့ တရားစွဲ ဖမ်းဆီးခံထားရတဲ့ အောင်ကြီးနဲ့ ပတ်သက်လို့ အမှန်းတရားအတိုင်းဖြစ်ရမှာဖြစ်ပြီး သူကျူးလွန်ခဲ့လားဆိုတာကို တရားရုံးက အဖြေထုတ်ပေးမှာဖြစ်ကြောင်း ဒေါ်ဥမ္မာလှိုင်က သတင်းထောက်တွေကို ပြောပါတယ်။
Image may contain: 7 people, people standing and outdoor 
Image may contain: 7 people, people sitting 
ဓါတ်ပုံ - သီဟထွန်း/ RFA

No comments:

Post a Comment

My Blog List