Tuesday, October 08, 2019

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု(၄၀)ရန်ကုန်(မြောက်)မှ တားဆီးနှိမ်နင်းရေးလုပ်ငန်းများဆောင်ရွက်စဉ် ဗဟန်းမြို့နယ်တွင် ကတ်တမင်းများ ဖမ်းဆီးရမိ


Image may contain: 1 person

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု(၄၀)ရန်ကုန်(မြောက်)မှ တားဆီးနှိမ်နင်းရေးလုပ်ငန်းများဆောင်ရွက်စဉ် ဗဟန်းမြို့နယ်တွင် ကတ်တမင်းများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ အောက်တိုဘာလ ၇ ရက်နေ့ ၁၇၃ဝ အချိန်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု(၄၀)ရန်ကုန် (မြောက်)မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ ဗဟန်းမြို့နယ်၊ ဆရာစံ ရပ်ကွက်၊ ကမ္ဘာအေးဘုရားလမ်း၊ မြန်မာပလာဇာရှိ ---- ကော်ဖီဆိုင်သို့ရောက်ရှိလာသူ သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏ၊ (၂၉)ရပ်ကွက်နေ ဖြိုးပြည့်စုံ ၃၂ နှစ်၊ စမ်းချောင်းမြို့နယ်၊ လင်းလွန်းတောင်ရပ်၊ ဇလွန်လမ်းနေ ငြိမ်းချမ်းကို ၂၄ နှစ်နှင့် ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၊ (၃၄)ရပ်ကွက်နေ ရော်နီစန်းလွင် ၃၂ နှစ်တို့အား ၎င်းတို့စီးနင်းမောင်းနှင် လာသည့် မော်တော်ယာဉ်နှင့်အတူ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးသို့ခေါ်ဆောင်၍ စစ်ဆေးရှာဖွေရာ ယာဉ်နောက်ခန်းထိုင်ခုံပေါ်ရှိ ကျောပိုးအိတ်အတွင်းမှ ပလတ်စတစ်ဘူးဖြင့်ထည့်ထားသည့် ကတ်တမင်းဆေးပြား ၁၀ ပြား(ဒေသကာလပေါက်စျေးတန်ဖိုးငွေ ၁၂၀၀၀ ကျပ်)နှင့် လက်ကိုင်ဖုန်း ၃ လုံးတို့အားတွေ့ရှိသိမ်းဆည်းရမိခဲ့ သဖြင့် ဗဟန်းမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အရေးယူပြီး ကွင်းဆက်များ ဖော်ထုတ်စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။
(Unicode)
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု(၄၀)ရန်ကုန်(မြောက်)မှ တားဆီးနှိမ်နင်းရေးလုပ်ငန်းများဆောင်ရွက်စဉ် ဗဟန်းမြို့နယ်တွင် ကတ်တမင်းများ ဖမ်းဆီးရမိ
=====================================
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု(၄၀)ရန်ကုန်(မြောက်)မှ တားဆီးနှိမ်နင်းရေးလုပ်ငန်းများဆောင်ရွက်စဉ် ဗဟန်းမြို့နယ်တွင် ကတ်တမင်းများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ အောက်တိုဘာလ ၇ ရက်နေ့ ၁၇၃ဝ အချိန်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု(၄၀)ရန်ကုန် (မြောက်)မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ ဗဟန်းမြို့နယ်၊ ဆရာစံ ရပ်ကွက်၊ ကမ္ဘာအေးဘုရားလမ်း၊ မြန်မာပလာဇာရှိ ---- ကော်ဖီဆိုင်သို့ရောက်ရှိလာသူ သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏ၊ (၂၉)ရပ်ကွက်နေ ဖြိုးပြည့်စုံ ၃၂ နှစ်၊ စမ်းချောင်းမြို့နယ်၊ လင်းလွန်းတောင်ရပ်၊ ဇလွန်လမ်းနေ ငြိမ်းချမ်းကို ၂၄ နှစ်နှင့် ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၊ (၃၄)ရပ်ကွက်နေ ရော်နီစန်းလွင် ၃၂ နှစ်တို့အား ၎င်းတို့စီးနင်းမောင်းနှင် လာသည့် မော်တော်ယာဉ်နှင့်အတူ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးသို့ခေါ်ဆောင်၍ စစ်ဆေးရှာဖွေရာ ယာဉ်နောက်ခန်းထိုင်ခုံပေါ်ရှိ ကျောပိုးအိတ်အတွင်းမှ ပလတ်စတစ်ဘူးဖြင့်ထည့်ထားသည့် ကတ်တမင်းဆေးပြား ၁၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေ ၁၂၀ဝဝ ကျပ်)နှင့် လက်ကိုင်ဖုန်း ၃ လုံးတို့အားတွေ့ရှိသိမ်းဆည်းရမိခဲ့ သဖြင့် ဗဟန်းမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အရေးယူပြီး ကွင်းဆက်များ ဖော်ထုတ်စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။

No comments:

Post a Comment

My Blog List