Tuesday, October 08, 2019

မဟာမုနိဘုရားကြီးတွင် သုံးလကျော်အတွင်း နိုင်ငံခြားသားခရီးသွားများထံမှ ကျပ်သိန်း ၂၆၀၀ ကျော် ကောက်ခံရရှိ


Image may contain: one or more peopleImage may contain: 1 person, standing

မန္တလေးမြို့ မဟာမုနိ ရုပ်ရှင်တော်မြတ်ဘုရားကြီးသို့ လာရောက်လည်ပတ်သည့် နိုင်ငံခြားသားတစ်ဦးလျှင် ၅၀၀၀ ကျပ်နှုန်း ဝင်ကြေးအဖြစ်ကောက်ခံမှုပြုလုပ်ခဲ့ရာ သုံးလကျော်အတွင်း နိုင်ငံခြားသားခရီးသွားများထံမှ ကျပ် ၂၆၇,၈၀၅,၀၀၀ ကောက်ခံရရှိကြောင်း ဘုရားဂေါပကအဖွဲ့က သိရသည်။

ထိုသို့ ကောက်ခံမှုကို ဇူလိုင်လ ၁ ရက်နေ့က စတင်ခဲ့ပြီး အောက်တိုဘာလ ၆ ရက်နေ့အထိ ကောက်ခံရရှိငွေဖြစ်ကာ နိုင်ငံခြားသား ခရီးသွား ၅၃,၅၆၁ ဦး လာရောက်ခဲ့ကြောင်း သိရသည် ။
``နိုင်ငံခြားခရီးသွားတွေအနားယူနိုင်ဖို့ကို အဲယားကွန်းအခန်းလုပ်ပေးထားတယ်။ ပါလာတဲ့ ပစ္စည်းတွေ ထားဖို့ သီးသန့်လုပ်ပေးထားပြီး သော့ခတ်သိမ်းသွားနိုင်တယ် ။ ရေပူရေအေးနဲ့ သန့်စင်ခန်းလည်း ထားပေးထားတယ်။´´ ဟု Tourist Information Center ) မှ တာဝန်ရှိသူ တစ်ဦး က ပြောသည် ။
ထို့အပြင် တစ်ရှူးများဝေငှခြင်း၊ မဟာမုနိဘုရား သမိုင်းအကျဉ်းနှင့် လေ့လာသင့်သော နေရာများအကြောင်းကို အင်္ဂလိပ် နှင့် တရုတ်ဘာသာစကားများဖြင့် ရေးသားထားသော လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်းများရှိကြောင်း သိရသည် ။
ယခင်က လာရောက်လည်ပတ်သည့် နိုင်ငံခြားသားဧည့်သည်များထံမှ ဓာတ်ပုံ ၊ဗီဒီယို ရိုက်ကူးမှုအတွက် ကင်မရာ ခွန်အဖြစ် တစ်ထောင်ကျပ်နှုန်း ကောက်ယူရာကနေ ဝင်ကြေးကို ငါးထောင်ကျပ်နှုန်း သတ်မှတ်၍ ကောက်ယူခြင်းဖြစ်သည် ။
ထိုသို့ကောက်ခံခြင်းသည် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ထံတင်ပြ၍ ကောက်ခံခြင်းဖြစ်ကြောင်း ဘုရားဂေါပကအဖွဲ့က သိရသည်။
.......................................................
(Zawgyi)
မဟာမုနိဘုရားႀကီးတြင္ သံုးလေက်ာ္အတြင္း ႏိုင္ငံျခားသားခရီးသြားမ်ားထံမွ က်ပ္သိန္း ၂၆၀၀ ေက်ာ္ ေကာက္ခံရရွိ
ေအာက္တိုဘာ ၈
ႏိုင္လင္းဦး

မႏၲေလးၿမိဳ႕ မဟာမုနိ ရုပ္ရွင္ေတာ္ျမတ္ဘုရားႀကီးသို႔ လာေရာက္လည္ပတ္သည့္ ႏိုင္ငံျခားသားတစ္ဦးလွ်င္ ၅၀၀၀ က်ပ္ႏႈန္း ဝင္ေၾကးအျဖစ္ေကာက္ခံမႈျပဳလုပ္ခဲ့ရာ သံုးလေက်ာ္အတြင္း ႏိုင္ငံျခားသားခရီးသြားမ်ားထံမွ က်ပ္ ၂၆၇,၈၀၅,၀၀၀ ေကာက္ခံရရွိေၾကာင္း ဘုရားေဂါပကအဖြဲ႕က သိရသည္။
ထိုသို႔ ေကာက္ခံမႈကို ဇူလိုင္လ ၁ ရက္ေန႔က စတင္ခဲ့ၿပီး ေအာက္တိုဘာလ ၆ ရက္ေန႔အထိ ေကာက္ခံရရွိေငြျဖစ္ကာ ႏိုင္ငံျခားသား ခရီးသြား ၅၃,၅၆၁ ဦး လာေရာက္ခဲ့ေၾကာင္း သိရသည္ ။
``နိုင္ငံျခားခရီးသြားေတြအနားယူနိုင္ဖို႔ကို အဲယားကြန္းအခန္းလုပ္ေပးထားတယ္။ ပါလာတဲ့ ပစၥည္းေတြ ထားဖို႔ သီးသန္႔လုပ္ေပးထားၿပီး ေသာ့ခတ္သိမ္းသြားနိုင္တယ္ ။ ေရပူေရေအးနဲ႔ သန္႔စင္ခန္းလည္း ထားေပးထားတယ္။´´ ဟု Tourist Information Center ) မွ တာဝန္ရွိသူ တစ္ဦး က ေျပာသည္ ။
ထို႔အျပင္ တစ္ရွဴးမ်ားေဝငွျခင္း၊ မဟာမုနိဘုရား သမိုင္းအက်ဥ္းနွင့္ ေလ့လာသင့္ေသာ ေနရာမ်ားအေၾကာင္းကို အဂၤလိပ္ နွင့္ တရုတ္ဘာသာစကားမ်ားျဖင့္ ေရးသားထားေသာ လက္ကမ္းစာေစာင္မ်ားျဖန္႔ေဝေပးျခင္းမ်ားရွိေၾကာင္း သိရသည္ ။
ယခင္က လာ​ေရာက္​လည္​ပတ္​​သည့္ ႏိုင္​ငံျခားသားဧည္​့သည္​မ်ားထံမွ ဓာတ္​ပံု ၊ဗီဒီယို ႐ိုက္​ကူးမႈအတြက္​ ကင္​မရာ ခြန္​အျဖစ္​ တစ္​​ေထာင္​က်ပ္ႏႈန္​း ​ေကာက္​ယူရာက​ေန ဝင္​​ေၾကးကို ငါး​ေထာင္​က်ပ္ႏႈန္း သတ္မွတ္၍ ေကာက္ယူျခင္းျဖစ္သည္ ။
ထိုသို႔ေကာက္ခံျခင္းသည္ မႏၲေလးတိုင္းေဒသႀကီးအစိုးရအဖြဲ႕ထံတင္ျပ၍ ေကာက္ခံျခင္းျဖစ္ေၾကာင္း ဘုရားေဂါပကအဖြဲ႕က သိရသည္။

No comments:

Post a Comment

My Blog List