Tuesday, October 08, 2019

သီတင်းကျွတ်ပွဲတော် ရုံးပိတ်ရက်ကာလများအတွင်း ချောင်းသာနှင့် ငွေဆောင်ကမ်းခြေများတွင် ဟိုတယ်အခန်းကြိုတင်မှာယူထားမှုမှာ ရာခိုင်နှုန်း ၁၀၀ အထိ ပြည့်နေပြီဖြစ်ပြီး လုံခြုံရေးအင်အားများပါ ပိုမိုတိုးချဲ့ချထားမည်


ငွေဆောင်ကမ်းခြေတစ်နေရာကို တွေ့ရစဉ်
သီတင်းကျွတ်ပွဲတော် ရုံးပိတ်ရက်ကာလများအတွင်း ချောင်းသာနှင့် ငွေဆောင်ကမ်းခြေများတွင် ဟိုတယ်အခန်းများ ကြိုတင်မှာ ကြားထားသူများမှာ ရာခိုင်နှုန်း ၁၀၀ ပြည့်လုသည်အထိဖြစ်နေပြီး လာရောက်အပန်းဖြေသူ ခရီးသွားများအတွက် လုံခြုံရေးများပါ တိုးမြှင့် ချထားပေးမည်ဖြစ်ကြောင်း  သိရသည်။

ချောင်းသာကမ်းခြေ၌ ကမ်းခြေတစ်လျှောက်ရှိ ဟိုတယ်များတွင် ဟိုတယ်ခန်းများ ကြိုတင်မှာယူထားသူများဖြင့် အားလုံးပြည့်နေပြီဖြစ်ပြီး ကားလမ်းမဘေးဟိုတယ်များတွင် ရာခိုင်နှုန်းရဝ အထိ ဟိုတယ်ခန်းများ ကြိုတင်မှာယူထားပြီးဖြစ်ကြောင်း၊ တည်းခိုခန်းများတွင်လည်း အခန်းကြိုတင်မှာယူထားမှုမှာ ရာခိုင်နှုန်း ၅၀ ကျော်အထိရှိနေကြောင်း၊ လာရောက်လည်ပတ်သည့် ခရီးသွားများ လုံခြုံရေးနှင့် အဆင်ပြေချောမွေ့စေရန် လက်ရှိကမ်းခြေ စည်းကမ်းထိန်းသိမ်းရေးကော်မတီများ အပြင် ရဲတပ်ဖွဲ့အင်အားပါ ပိုမိုတိုးချဲ့ချထားပေးမည်ဖြစ်ကြောင်း သိရသည်။

“ဒီနှစ် ပွင့်လင်းရာသီရောက်ပြီဆိုတာနဲ့ ကျွန်တော်တို့ ကမ်းခြေမှာ ဧည့်သည်တွေက တောက်လျှောက်တော့ ကျနေပါတယ်။ သီတင်းကျွတ်ရက်တွေဖြစ်တဲ့ ပိတ်ရက်ဖြစ်တဲ့ ၁၁ ကနေ ၁၅ အထိ အဲဒီရက်တွေမှာတော့ ကျွန်တော်တို့ လုံခြုံရေးအင်အားကို လက်ရှိ ရှိတာကတော့ ကျွန်တော်တို့ အုပ်ချုပ်ရေးအဖွဲ့ တွေရှိမယ်၊ နောက်ရဲတပ်ဖွဲ့ နယ်မြေခံတပ်ပေါ့၊ နောက် ကျွန်တော်တို့မှာရှိတဲ့ အရန်မီးသတ်တပ်ဖွဲ့တွေ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့တွေ နဲ့ လှည့်ကင်းပတ်ကင်းတွေ မြို့တွင်းလုပ်တာတို့ ကမ်းခြေလုပ်တာတို့ နောက်ဥတိုတံတား မှာ ပတ်ကင်းတွေလုပ်တာတို့ စစ်ဆေးရေးဂိတ် လုပ်တာတို့ ရှိပါတယ်။ ဒီအဖွဲ့တွေနဲ့ ၈ လပိုင်း ၉ လပိုင်းတောက်လျှောက်ကို လုပ်လာခဲ့ပါတယ်။ အခုပွင့်လင်းရာသီ သီတင်းကျွတ်ပွဲတော်မှာတော့ ပိတ်ရက်ကလည်း ရှည်တဲ့အတွက် ဧည့်သည်တွေများတဲ့အပေါ်မှာ မူတည်ပြီး ဧည့်သည်တွေရဲ့ လုံခြုံရေးပေါ့ မလိုလားအပ်တဲ့ ပြဿနာတွေ မဖြစ်ပေါ်စေရေးအတွက်ကို ကျွန်တော်တို့ကတော့ တိုင်းဒေသကြီးအစိုးရ အဖွဲ့ကိုတော့ တင်ပြပြီးတော့ လမ်းညွှန်မှုခံထားပါပြီ။ မြို့နယ်ခရိုင်တိုင်းပေါ့နော် ရဲတပ်ဖွဲ့ အင်အား အယောက်နှစ်ဆယ်လောက်တော့ ထပ်တောင်းထားပါတယ်။ ဟိုတယ်ခန်းတွေကို ကြိုတင်ဘိုကင်ထားမှုကတော့ သုံးရက်နေ့ လောက်ကနေ ကျွန်တော်စာရင်းကောက်လိုက်တဲ့ အနေအထားဆိုရင် Sea Side မှာ ဟိုတယ် ၁၃ လုံးရှိပါတယ်။ အဲဒါကတော့ ၁ဝဝရာခိုင်နှုန်းကို ရောက်နေပါပြီ။ နောက် Back Side ဟိုတယ်အဖွဲ့တွေကတော့ ၆၀၊ ရ၀ ရာခိုင်နှုန်းလောက်ဖြစ်နေပြီ”ဟု ချောင်းသာ မြို့ အုပ်ချုပ်ရေးမှူး ဦးကျော်သူက ဆိုသည်။

ငွေဆောင်မြို့တွင်မူ ဟိုတယ်အားလုံးတွင် သီတင်းကျွတ်ပွဲတော်ရက်အတွက် အခန်းကြိုတင်မှာယူမှုများ ပြည့်သွားပြီဖြစ်ပြီး တည်းခိုခန်းများတွင်သာ အနည်းငယ်ကျန်ရှိ တော့ကြောင်း၊ အနီးဝန်းကျင်ရှိ ငှက်ကျွန်း၊ ကျွန်းလျားရှည်များသို့ သွားရောက်လည်ပတ်ရန်အတွက် ကြိုတင်မှာယူထားသူများလည်း များပြားလျက်ရှိကြောင်း သိရသည်။

“ကျွန်တော်တို့ ငွေဆောင်မြို့ ကမ်းခြေစည်းကမ်းထိန်းသိမ်းရေးကော်မတီက ဦးဆောင်ပြီးတော့မှ လာရောက်လည်ပတ်တဲ့ ခရီးသွားဧည့်သည်တွေအတွက် လုံခြုံစိတ်ချစွာ အနားယူအပန်းဖြေနိုင်ဖို့ကို ကမ်းခြေစည်းကမ်းထိန်းသိမ်းရေး ကော်မတီကနေပြီးတော့ မှ ခုနစ်ဖွဲ့ခွဲပြီးတော့မနက်တစ်ကြိမ် ညနေ တစ်ကြိမ်လှည့်လည်ပြီး စည်းကမ်းထိန်းသိမ်း ရေးလုပ်ငန်းတွေကို ဆောင်ရွက်ပေးနေတာပေါ့လေ။ အဲဒီမှာစျေးရောင်းချတဲ့နေရာမှာလည်း စည်းကမ်းရှိဖို့ စပိဘုတ်တွေ ဘနားနား ဘုတ်တွေ ပြေးဆွဲရာမှာလည်း စည်းကမ်းတကျရပ်နားဖို့ ခရီးသည်တွေကို ခေါ်ဆောင်ရာ မှာလည်း စည်းကမ်းတကျခေါ်ဆောင်ဖို့ အဲဒီလိုမျိုး ကျွန်တော်တို့က အမြဲတမ်း လမ်းညွှန် ကြပ်မတ်လျက်ရှိပါတယ်။ ပွဲတော်ရက်နီးလာတဲ့ အခါမှာတော့ ဒီငွေဆောင်မှာရှိတဲ့ဟိုတယ်၊ တည်းခိုခန်းက ဘိုကင်အကုန်လုံးပြည့်သွားပြီ။ ကျွန်တော်တို့မှာ လတ်တလောလွတ်နေတဲ့အခန်းဆိုတာ မရှိသလောက်ပါပဲ။ ဟိုတယ်တော်တော်များများပြည့်သွားပြီ။ တည်းခိုခန်းတော်တော်များများလည်း ပြည့်သွားပြီ။သက်ဆိုင်ရာ ဟိုတယ်တွေမှာတော့ ဟိုတယ်တွေအလိုက် သက်ဆိုင်ရာ ဖျော်ဖြေရေးပွဲတွေရှိတယ်။လာရောက်လည်ပတ်သူများအတွက် ညဘက်ဆို ဟိုတယ်တွေအတွင်းမှာ ပျော်ပွဲရွှင်ပွဲတွေ မီးပုံပွဲတွေလုပ်တယ်ဆိုရင် ကမ်းခြေစည်းကမ်းထိန်းသိမ်းရေးအဖွဲ့ကနေ စိစစ်ပြီးတော့ ခွင့်ပြုပေးနေတာတွေလည်း ရှိပါတယ်။ မုတ်သုံကလည်း ဆုတ်သွားပြီဖြစ်တာကြောင့် ကျွန်တော်တို့ဆီမှာ လှိုင်းကြီးလေကြီးကလည်း မရှိတော့ ဘူး။ရေဆွဲတွေလည်း မရှိသလောက်ပဲ”ဟု ငွေဆောင်မြို့အုပ်ချုပ်ရေးမှူး ဦးဝဏ္ဏဝင်းက ပြောကြားသည်။

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ပင်လယ်ကမ်းခြေအပန်းဖြေစခန်းများအနက် ချောင်းသာနှင့် ငွေဆောင်ကမ်းခြေမှာ လူဝင်ရောက်မှု အများဆုံးဖြစ်ကြောင်း သိရသည်။

Eleven Media Group 
သီတင္းကၽြတ္ပြဲေတာ္ ႐ုံးပိတ္ရက္ကာလမ်ားအတြင္း ေခ်ာင္းသာႏွင့္ ေငြေဆာင္ကမ္းေျခမ်ားတြင္ ဟိုတယ္အခန္းႀကိဳတင္မွာယူထားမွုမွာ ရာခိုင္ႏွုန္း ၁၀၀ အထိ ျပည့္ေနၿပီျဖစ္ၿပီး လုံျခဳံေရးအင္အားမ်ားပါ ပိုမိုတိုးခ်ဲ႕ခ်ထားမည္

သီတင္းကၽြတ္ပြဲေတာ္ ႐ုံးပိတ္ရက္ကာလမ်ားအတြင္း ေခ်ာင္းသာႏွင့္ ေငြေဆာင္ကမ္းေျခမ်ားတြင္ ဟိုတယ္အခန္းမ်ား ႀကိဳတင္မွာ ၾကားထားသူမ်ားမွာ ရာခိုင္ႏွုန္း ၁၀၀ ျပည့္လုသည္အထိျဖစ္ေနၿပီး လာေရာက္အပန္းေျဖသူ ခရီးသြားမ်ားအတြက္ လုံျခဳံေရးမ်ားပါ တိုးျမႇင့္ ခ်ထားေပးမည္ျဖစ္ေၾကာင္း  သိရသည္။


ေခ်ာင္းသာကမ္းေျခ၌ ကမ္းေျခတစ္ေလၽွာက္ရွိ ဟိုတယ္မ်ားတြင္ ဟိုတယ္ခန္းမ်ား ႀကိဳတင္မွာယူထားသူမ်ားျဖင့္ အားလုံးျပည့္ေနၿပီျဖစ္ၿပီး ကားလမ္းမေဘးဟိုတယ္မ်ားတြင္ ရာခိုင္ႏွုန္းရ၀ အထိ ဟိုတယ္ခန္းမ်ား ႀကိဳတင္မွာယူထားၿပီးျဖစ္ေၾကာင္း၊ တည္းခိုခန္းမ်ားတြင္လည္း အခန္းႀကိဳတင္မွာယူထားမွုမွာ ရာခိုင္ႏွုန္း ၅၀ ေက်ာ္အထိရွိေနေၾကာင္း၊ လာေရာက္လည္ပတ္သည့္ ခရီးသြားမ်ား လုံျခဳံေရးႏွင့္ အဆင္ေျပေခ်ာေမြ႕ေစရန္ လက္ရွိကမ္းေၿခ စည္းကမ္းထိန္းသိမ္းေရးေကာ္မတီမ်ား အျပင္ ရဲတပ္ဖြဲ႕အင္အားပါ ပိုမိုတိုးခ်ဲ႕ခ်ထားေပးမည္ျဖစ္ေၾကာင္း သိရသည္။

“ဒီႏွစ္ ပြင့္လင္းရာသီေရာက္ၿပီဆိုတာနဲ႔ ကၽြန္ေတာ္တို႔ ကမ္းေျခမွာ ဧည့္သည္ေတြက ေတာက္ေလၽွာက္ေတာ့ က်ေနပါတယ္။ သီတင္းကၽြတ္ရက္ေတြျဖစ္တဲ့ ပိတ္ရက္ျဖစ္တဲ့ ၁၁ ကေန ၁၅ အထိ အဲဒီရက္ေတြမွာေတာ့ ကၽြန္ေတာ္တို႔ လုံျခဳံေရးအင္အားကို လက္ရွိ ရွိတာကေတာ့ ကၽြန္ေတာ္တို႔ အုပ္ခ်ဳပ္ေရးအဖြဲ႕ ေတြရွိမယ္၊ ေနာက္ရဲတပ္ဖြဲ႕ နယ္ေျမခံတပ္ေပါ့၊ ေနာက္ ကၽြန္ေတာ္တို႔မွာရွိတဲ့ အရန္မီးသတ္တပ္ဖြဲ႕ေတြ စည္းကမ္းထိန္းသိမ္းေရးအဖြဲ႕ေတြ နဲ႔ လွည့္ကင္းပတ္ကင္းေတြ ၿမိဳ႕တြင္းလုပ္တာတို႔ ကမ္းေျခလုပ္တာတို႔ ေနာက္ဥတိုတံတား မွာ ပတ္ကင္းေတြလုပ္တာတို႔ စစ္ေဆးေရးဂိတ္ လုပ္တာတို႔ ရွိပါတယ္။ ဒီအဖြဲ႕ေတြနဲ႔ ၈ လပိုင္း ၉ လပိုင္းေတာက္ေလၽွာက္ကို လုပ္လာခဲ့ပါတယ္။ အခုပြင့္လင္းရာသီ သီတင္းကၽြတ္ပြဲေတာ္မွာေတာ့ ပိတ္ရက္ကလည္း ရွည္တဲ့အတြက္ ဧည့္သည္ေတြမ်ားတဲ့အေပၚမွာ မူတည္ၿပီး ဧည့္သည္ေတြရဲ့ လုံျခဳံေရးေပါ့ မလိုလားအပ္တဲ့ ျပႆနာေတြ မျဖစ္ေပၚေစေရးအတြက္ကို ကၽြန္ေတာ္တို႔ကေတာ့ တိုင္းေဒသႀကီးအစိုးရ အဖြဲ႕ကိုေတာ့ တင္ျပၿပီးေတာ့ လမ္းညႊန္မွုခံထားပါၿပီ။ ၿမိဳ႕နယ္ခရိုင္တိုင္းေပါ့ေနာ္ ရဲတပ္ဖြဲ႕ အင္အား အေယာက္ႏွစ္ဆယ္ေလာက္ေတာ့ ထပ္ေတာင္းထားပါတယ္။ ဟိုတယ္ခန္းေတြကို ႀကိဳတင္ဘိုကင္ထားမွုကေတာ့ သုံးရက္ေန႔ ေလာက္ကေန ကၽြန္ေတာ္စာရင္းေကာက္လိုက္တဲ့ အေနအထားဆိုရင္ Sea Side မွာ ဟိုတယ္ ၁၃ လုံးရွိပါတယ္။ အဲဒါကေတာ့ ၁ဝဝရာခိုင္ႏွုန္းကို ေရာက္ေနပါၿပီ။ ေနာက္ Back Side ဟိုတယ္အဖြဲ႕ေတြကေတာ့ ၆၀၊ ၇၀ ရာခိုင္ႏွုန္းေလာက္ျဖစ္ေနၿပီ”ဟု ေခ်ာင္းသာ ၿမိဳ႕ အုပ္ခ်ဳပ္ေရးမွူး ဦးေက်ာ္သူက ဆိုသည္။

ေငြေဆာင္ၿမိဳ႕တြင္မူ ဟိုတယ္အားလုံးတြင္ သီတင္းကၽြတ္ပြဲေတာ္ရက္အတြက္ အခန္းႀကိဳတင္မွာယူမွုမ်ား ျပည့္သြားၿပီျဖစ္ၿပီး တည္းခိုခန္းမ်ားတြင္သာ အနည္းငယ္က်န္ရွိ ေတာ့ေၾကာင္း၊ အနီးဝန္းက်င္ရွိ ငွက္ကၽြန္း၊ ကၽြန္းလ်ားရွည္မ်ားသို႔ သြားေရာက္လည္ပတ္ရန္အတြက္ ႀကိဳတင္မွာယူထားသူမ်ားလည္း မ်ားျပားလ်က္ရွိေၾကာင္း သိရသည္။

“ကၽြန္ေတာ္တို႔ ေငြေဆာင္ၿမိဳ႕ ကမ္းေျခစည္းကမ္းထိန္းသိမ္းေရးေကာ္မတီက ဦးေဆာင္ၿပီးေတာ့မွ လာေရာက္လည္ပတ္တဲ့ ခရီးသြားဧည့္သည္ေတြအတြက္ လုံျခဳံစိတ္ခ်စြာ အနားယူအပန္းေျဖနိုင္ဖို႔ကို ကမ္းေျခစည္းကမ္းထိန္းသိမ္းေရး ေကာ္မတီကေနၿပီးေတာ့ မွ ခုနစ္ဖြဲ႕ခြဲၿပီးေတာ့မနက္တစ္ႀကိမ္ ညေန တစ္ႀကိမ္လွည့္လည္ၿပီး စည္းကမ္းထိန္းသိမ္း ေရးလုပ္ငန္းေတြကို ေဆာင္ရြက္ေပးေနတာေပါ့ေလ။ အဲဒီမွာေစ်းေရာင္းခ်တဲ့ေနရာမွာလည္း စည္းကမ္းရွိဖို႔ စပိဘုတ္ေတြ ဘနားနား ဘုတ္ေတြ ေျပးဆြဲရာမွာလည္း စည္းကမ္းတက်ရပ္နားဖို႔ ခရီးသည္ေတြကို ေခၚေဆာင္ရာ မွာလည္း စည္းကမ္းတက်ေခၚေဆာင္ဖို႔ အဲဒီလိုမ်ိဳး ကၽြန္ေတာ္တို႔က အျမဲတမ္း လမ္းညႊန္ ၾကပ္မတ္လ်က္ရွိပါတယ္။ ပြဲေတာ္ရက္နီးလာတဲ့ အခါမွာေတာ့ ဒီေငြေဆာင္မွာရွိတဲ့ဟိုတယ္၊ တည္းခိုခန္းက ဘိုကင္အကုန္လုံးျပည့္သြားၿပီ။ ကၽြန္ေတာ္တို႔မွာ လတ္တေလာလြတ္ေနတဲ့အခန္းဆိုတာ မရွိသေလာက္ပါပဲ။ ဟိုတယ္ေတာ္ေတာ္မ်ားမ်ားျပည့္သြားၿပီ။ တည္းခိုခန္းေတာ္ေတာ္မ်ားမ်ားလည္း ျပည့္သြားၿပီ။သက္ဆိုင္ရာ ဟိုတယ္ေတြမွာေတာ့ ဟိုတယ္ေတြအလိုက္ သက္ဆိုင္ရာ ေဖ်ာ္ေျဖေရးပြဲေတြရွိတယ္။လာေရာက္လည္ပတ္သူမ်ားအတြက္ ညဘက္ဆို ဟိုတယ္ေတြအတြင္းမွာ ေပ်ာ္ပြဲရႊင္ပြဲေတြ မီးပုံပြဲေတြလုပ္တယ္ဆိုရင္ ကမ္းေျခစည္းကမ္းထိန္းသိမ္းေရးအဖြဲ႕ကေန စိစစ္ၿပီးေတာ့ ခြင့္ျပဳေပးေနတာေတြလည္း ရွိပါတယ္။ မုတ္သုံကလည္း ဆုတ္သြားၿပီျဖစ္တာေၾကာင့္ ကၽြန္ေတာ္တို႔ဆီမွာ လွိုင္းႀကီးေလႀကီးကလည္း မရွိေတာ့ ဘူး။ေရဆြဲေတြလည္း မရွိသေလာက္ပဲ”ဟု ေငြေဆာင္ၿမိဳ႕အုပ္ခ်ဳပ္ေရးမွူး ဦးဝဏၰဝင္းက ေျပာၾကားသည္။

ဧရာဝတီတိုင္းေဒသႀကီးအတြင္းရွိ ပင္လယ္ကမ္းေျခအပန္းေျဖစခန္းမ်ားအနက္ ေခ်ာင္းသာႏွင့္ ေငြေဆာင္ကမ္းေျခမွာ လူဝင္ေရာက္မွု အမ်ားဆုံးျဖစ္ေၾကာင္း သိရသည္။

Eleven Media Group  

No comments:

Post a Comment

My Blog List