Tuesday, October 08, 2019

ကမ္ဘောဒီးယားဝန်ကြီးချုပ်က အတိုက်အခံအုပ်စုကို စစ်တပ်နဲ့ ခြိမ်းခြောက်


 Image may contain: 1 person, eyeglasses and closeup
ကမ္ဘောဒီးယားမှာ ပြည်ပရောက် အတိုက်အခံပါတီခေါင်းဆောင် ပြန်လာမယ်ဆိုရင် စစ်တပ်ကို အသုံးပြုရလိမ့်မယ်လို့ ဝန်ကြီးချုပ် ဟွန်ဆင် က ခြိမ်းခြောက်လိုက်ပါတယ်။

အဓိက အတိုက်အခံဖြစ်တဲ့ ကမ္ဘောဒီးယား အမျိုးသားကယ်တင်ရေးပါတီ CNRP ခေါင်းဆောင် ဆမ်ရိန်ဆီ နဲ့ နောက်လိုက်တွေ နိုင်ငံကို ပြန်လာမယ်လို့ သတင်းပြေးနေသလို၊ ဒီနှစ်အတွင်း အတိုက်အခံပါတီအတွက် တက်ကြွလှုပ်ရှားသူ အနည်းဆုံး လူ ၃၀ ဖမ်းဆီးထိန်းသိမ်းခံထားရပါတယ်။
ဖနွမ်းပင်မြို့က အခမ်းအနားတစ်ခုမှာ ဟွန်ဆင် က ဆမ်ရိန်ဆီ ပြန်လာမယ့်ကိစ္စဟာ မိမိတို့အစိုးရကို ဖြုတ်ချရေးအတွက်ဖြစ်ကြောင်း၊ ပြန်လာလို့ကတော့ ဒါး ဒါးချင်း၊လှံ လှံချင်း ရင်ဆိုင်ရမှာဖြစ်ကြောင်း ခြိမ်းခြောက်ပြောဆိုခဲ့ပါတယ်။
ပြင်သစ်နိုင်ငံမှာ လေးနှစ်ကြာ ခိုလှုံနေတဲ့ အတိုက်အခံခေါင်းဆောင် ဆမ်ရိန်ဆီ က လာမယ့် နိုဝင်ဘာလ ၉ ရက်နေ့မှာ နိုင်ငံကို ပြန်လာမယ်လို့ ပြောဆိုထားတာဖြစ်ပါတယ်။
Photo: LILLIAN SUWANRUMPHA / AFP
RFA
ကေမၻာဒီးယားဝန္ႀကီးခ်ဳပ္က အတိုက္အခံအုပ္စုကို စစ္တပ္နဲ႔ ၿခိမ္းေျခာက္

ကေမၻာဒီးယားမွာ ျပည္ပေရာက္ အတိုက္အခံပါတီေခါင္းေဆာင္ ျပန္လာမယ္ဆိုရင္ စစ္တပ္ကို အသုံးျပဳရလိမ့္မယ္လို႔ ဝန္ႀကီးခ်ဳပ္ ဟြန္ဆင္ က ၿခိမ္းေျခာက္လိုက္ပါတယ္။
အဓိက အတိုက္အခံျဖစ္တဲ့ ကေမၻာဒီးယား အမ်ိဳးသားကယ္တင္ေရးပါတီ CNRP ေခါင္းေဆာင္ ဆမ္ရိန္ဆီ နဲ႔ ေနာက္လိုက္ေတြ နိုင္ငံကို ျပန္လာမယ္လို႔ သတင္းေျပးေနသလို၊ ဒီႏွစ္အတြင္း အတိုက္အခံပါတီအတြက္ တက္ႂကြလွုပ္ရွားသူ အနည္းဆုံး လူ ၃၀ ဖမ္းဆီးထိန္းသိမ္းခံထားရပါတယ္။
ဖႏြမ္းပင္ၿမိဳ႕က အခမ္းအနားတစ္ခုမွာ ဟြန္ဆင္ က ဆမ္ရိန္ဆီ ျပန္လာမယ့္ကိစၥဟာ မိမိတို႔အစိုးရကို ျဖဳတ္ခ်ေရးအတြက္ျဖစ္ေၾကာင္း၊ ျပန္လာလို႔ကေတာ့ ဒါး ဒါးခ်င္း၊လွံ လွံခ်င္း ရင္ဆိုင္ရမွာျဖစ္ေၾကာင္း ၿခိမ္းေျခာက္ေျပာဆိုခဲ့ပါတယ္။
ျပင္သစ္နိုင္ငံမွာ ေလးႏွစ္ၾကာ ခိုလွုံေနတဲ့ အတိုက္အခံေခါင္းေဆာင္ ဆမ္ရိန္ဆီ က လာမယ့္ နိုဝင္ဘာလ ၉ ရက္ေန႔မွာ နိုင္ငံကို ျပန္လာမယ္လို႔ ေျပာဆိုထားတာျဖစ္ပါတယ္။
Photo: LILLIAN SUWANRUMPHA / AFP
 

No comments:

Post a Comment

My Blog List